Introducing With Myanmar Language

in #myanmar7 years ago (edited)

1503249683542.jpg

INTRODUCING WITH MY LANGUAGE

မင်္ဂလာပါ..စတီးမစ်​ချစ်​သူတို့​ရေ
ကျွန်​​တော့်​ နာမည်​ မိုးတိမ်​လင်း လို့​ခေါ်ပါတယ်​။
စတီးမစ်​နာမည်​ @builderb ​ပေါ့။
ဒီစတီးမစ်​ကို စ​တွေ့တာ ရက်​ပိုင်း​လေးပဲရှိပါ​သေးတယ်​။Twitterမှာ ​တွေ့လိုက်​ရတာပါ။
ဒါနဲ့ ချက်​ချင်း မန်​ဘာလုပ်​ပြီး ဝင်​လိုက်​တယ်​။
ဝင်​ခွင့်​ရလာ​တော့ ဝမ်းသာတယ်​။
စတီးမစ်​ကို သ​ဘောကျမိတဲ့အ​ကြောင်းက​တော့
စမတ်​ကျကျ မျှ​ဝေလို့ရတာ​လေးကိုပါပဲ။
ဗရုတ်​သုတ်​ခ သိပ်​မရှိပဲ ခပ်​သန့်​သန့်​ဆန်​​နေတာ​လေးကို​ရော​ပေါ့။
မြန်​မာ​တွေလဲရှိမယ်​ဆိုတာ​တွေး​တော့​တွေးမိတယ်​။
ဒါ​ပေမယ့်​ ​စတီးမစ်​အ​ကြောင်း မြန်​မာ​ပြောတာ တခါမှမကြားဖူးဘူးခင်​ဗျ။ဒီလိုနဲ့ ပို့စ်​တင်​လိုက်​ မန့်​လိုက်​နဲ့ ​နေလာတာ ဒီ​နေ့နဲ့ဆို ၄ရက်​ပဲရှိ​သေးတယ်​။
ဖီးလ်​​တော့ ​တော်​​တော်​ဖြစ်​တယ်​ဗျ။
မထင်​မှတ်​ပဲ အမျိုး​တွေနဲ့​ဆုံရလို့ ပိုပြီးဝမ်းသာမိပါတယ်​ခင်​ဗျ။အမျိုး​တွေကို ​ပြောပြစရာရှိတာ​လေးတချို့အား မိတ်​ဆက်​ရင်း ​ပြောပြပါရ​စေ။ီလိုဗျ။ဒ
မ​နေ့က ​ရွှေတိဂုံဘုရားနဲ့ ပတ်​သက်​တဲ့အ​ကြောင်း​လေးတင်​မိတယ်​။အဲဒီလို ​လေးနက်​တဲ့ကိစ္စရပ်​​တွေ သမိုင်း​ကြောင်း​တွေကို အင်္ဂလိပ်​ဘာသာနဲ့ ကိုယ့်​ဘာသာ​ရေးရင်​ ​ပေါ့သွားမှာ စိုးသလို အဓိပ္ပာယ်​လွဲကုန်​မှာလဲ စိုးတာ​ပေါ့။
အဲဒါနဲ့ အရင်းမြစ်​ရှာပြီး source ​ပေးတင်​တာ​ပေါ့။
သူပင်​ဂို​လေးကိုလဲ copy လုပ်​ပြီး အဖွင့်​​လေးမှာထည့်​တင်​တယ်​​ပေါ့ဗျာ။
အဲဒီမှာ ​အောက်​က ညီ​လေးတ​ယောက်​က လာမန့်တယ်​။သူက မြန်​မာ​ဖောင့်​နဲ့မန့်​ထား​တော့ သိပ်​နားမလည်​ဘူး။မြန်​မာ​ဖေစ့်​ဘုခ်​အဖွဲ့ရှိတယ်​။
လမ်းညွှန်​စာအုပ်​ရှိတယ်​ဆိုပြီး ​ဒေါင်းလုပ်​လင့်​​လေး
ချ​ပေးသွားတယ်​။ သူအင်္ဂလိပ်​စာလုံး​လေး​တွေ ညှပ်​ထားတာကို​တော့ နားလည်​တယ်​။မြန်​မာလိုကျ​တော့ ကျွန်​​တော့်​ဖုန်းမှာ မ​ပေါ်ဘူး။ ကျွန်​​တော်​လဲ ပြန်​​ပြောလိုက်​တယ်​။ ​လမ်းညွှန်​​ပေးလို့ ​ကျေးဇူးပါလို့။
နောက်​ထပ်​ အကိုတစ်​​ယောက်​က လာမန့်​ပြန်​တယ်​။သူက ဘာ​ပြောလဲဆို​တော့
IMG_20170820_235434.jpg
အထက်​က ညီ​လေး​ပြောတာကို သူကထပ်​​ပြောပြတာပါ။
ဆို​တော့ သူ့​ပြောပုံ​ကြောင့်​ ကျွန်​​တော်​ နဲနဲတင်းသွားတယ်​ဗျ​။ကော်​ပီလုပ်​တဲ့အတွက်​ ​ဆောရီးပဲ ဘာညာဆို​တော့​ တင်းမိတာ​ပေါ့။
ဒါနဲ့ ကျွန်​​တော်​ပြန်​မန့်​တာ​ပေါ့။ခင်​ဗျား ​ဆောရီးတာ မရီးတာ ကျုပ်​မသိဘူးလို့ ကျုပ်​က အဖိုးခရချင်​လွန်းလှလို့ ​ရေးတာမဟုတ်​ဘူးလို့ ဆိုပြီး
ခပ်​ဘုဘုပဲ ပြန်​​ပြောမိတာ​ပေါ့။ဟုတ်​တယ်​ဗျ။
တကယ်​ဆို ဒီလိုဒီလို​လေးဆို ပိုသင့်​တယ်​။ပို​ကောင်းမယ်​ ဆိုပြီး​ပြောလာရင်​ တမျိုး​ပေါ့ဗျာ။အခုကပြည့်​ပြည့်​စုံစုံနားမလည်​​သေးတဲ့ တဖက်​သားကို နှိမ်​သလိုလို ကျင်​သလိုလို သ​ဘောသက်​သွား​တော့
ပြန်​​ပြောမိတာ​ပေါ့။သူက​တော့ ဘယ်​လိုသ​ဘောနဲ့​ပြောလဲ​တော့ မသိဘူး​ပေါ့ခင်​ဗျ။ထားပါ​တော့။
(ဒီပိုစ့်​ကို​တော့ LAPTOP ​တော့နဲ့ သုံးပြီး မြန်​မာလိုမြင်​နိုင်​ပါပြီ။ရေးနိုင်​ပါပြီခင်​ဗျာ)

ဒါလဲမပြီး​သေးဘူးဗျ :):) ​နောက်​ထက်​ အကိုတစ်​​ယောက်​လာမန့်​ပြန်​​ရောဗျာ...စိတ်​ထဲလဲ​တွေးမိတာက..​အော်​ ​ဖေ့စ်​ဘုတ်​ခ်​မှာပဲ အာရုံ​နောက်​တတ်​တယ်​မှတ်​တာ..ဒီမှာလဲ ​နောက်​တာပဲဟ၊ လို့ :-D
သူ​​ပြောတာလဲကြည့်​ဦး
နာမည်​​တော့ မထည့်​​တော့ပါဘူးဗျာ။
IMG_20170820_235408.jpg

သူထပ်​လာမန့်​​တော့ ကျွန်​​တော်​ ပိုတင်းသွားတာ​ပေါ့။အာ့နဲ့ ကျွန်​​တော်​လဲ --ခင်​ဗျားက စတီးမစ်​ပိုင်​ရှင်​လား။ကိုယ်​ကိစ္စကိုဂရုစိုက်​ ကျုပ်​ဘာမှလာ​ပြောမ​နေနဲ့--ဘာညာ ပြန်​​ပြောမိကုန်​တာ​ပေါ့ဗျာ။
တကယ်​တမ်းက ဒီလိုပြန်​မ​ပြောသင့်​မှန်း သိ​တော့သိ​ပါတယ်ခင်ဗျ။သူကလဲ ခုလိုမ​ပြောပဲ ဒါ​လေး​တွေက ဒီလိုရှိတယ်​.. ဒါကို ဒီလိုလုပ်​ရင်​ ​ကောင်းတာ​ပေါ့ ဆိုလာရင်​ ကျွန်​​တော်​လဲ လိုက်​ပြီးစဉ်းစား​ပေးမိမှာပါ။ ခု​​တော့ သူ့​လေသံကြီး​ကြောင့်​ ကျွန်​​တော်​လဲ ​ပြောမိ​ပြောရာ ​ပြောချမိကုန်​တာ​ပေါ့။

နောက်​တစ်​ခုက ​ကော်​ပီဆိုတဲ့ အ​ပေါ်မှာ ကျွန်​​တော့်​အယူအဆ​လေး​ပြောချင်​တယ်​။လုံးဝ မ​လေးမစား ခရက်​မ​ပေး ဘာမ​ပေးဆိုရင်​ အဖျက်​ဆန်​တဲ့ ​ကော်​ပီသမား​ပေါ့။နောက်​တမျိုးက ​ကော်​ပီ​တော့ယူတယ်​။ ခရက်​ဒစ်​ သို့မဟုတ်​ အညွှန်း​ပေးတယ်​ဆိုရင်​ ဒါလုပ်​နိုင်​ပါတယ်​။ကျွန်​​တော်​လဲ ဒုတိယပုံစံနဲ့ ​ကော်​ပီလုပ်​တာ​ပေါ့။ဟုတ်​တယ်​​လေ။
ချွေး​နဲ့​သွေးနဲ့ အပင်​ပန်းခံပြီး ဖန်​တီးထားတဲ့ မူရင်းပုဂ္ဂိုလ်​​တွေကို ​လေးစားသမှုရှိရမှာ​ပေါ။တန်​ဖိုးကို နားလည်​ရမှာ​ပေါ့​နော်​။ကျွန်​​တော်​ အဲဒီလို နားလည်​ထားလို့ ပို့စ်​မှာ soure ​လေး​ပေးတာ လင့်​ခ်​က အလုပ်​မလုပ်​ဖြစ်​​နေတာကို မသိပဲ ​ပြောလာ​ကြ​တော့ အဲလိုအဲလို မ​ပြောချင်​တာ​တွေ ​ပြောမိကုန်​​တော့တာပါပဲခင်​ဗျာ။ကဲ ကဲ ရှိခဲ့တာရှိပါ​စေ​တော့ဗျာ။
တကယ်​ဆိုမြန်​မာ​တွေအချင်းချင်းကို အရမ်းညီညွှတ်​​စေချင်​ပါတယ်​ဗျာ။အဆင့်​အတန်းရှိရှိလဲ ဖြစ်​​စေချင်​ပါတယ်​။ဒါ ကျွန်​​တော်​ဆန္ဒအမှန်​ပါပဲ။

(​ထို့​ကြာင့်​ ကျွန်​​တော်​ @Builderbသည်
မည်​သူ့ကိုမျှ သြဇာအာဏာ မ​ပေးတတ်​သလို
ကျွနု​ပ်​ဆန္ဒမရှိပဲ မည်​သည့်​ပုဂ္ဂိုလ်​၊အဖွဲ့အစည်းရဲ့ ထိန်းချုပ်​လမ်းညွှန်​ခြင်းကိုမျှ ခံယူမည်​ မဟုတ်​ပါ။
အကျိုးလိုလို့ ​ညောင်​​ရေ​လောင်း စိတ်​မျိုးလဲမရှိပါ။
ကျွန်ုပ်​အား အမှန်​တကယ်​ဖြူစင်​စွာ ခင်​မင်​သူများရဲ့
အား​ပေးမှုကို ခံယူရင်း ကျွန်ုပ်​စိတ်​မှ အလို​လျောက်​ခင်​မင်​မိသူများကို ​ဖေးမကူညီရင်း စတီးမစ်​နဲ့အတူ အမြဲရှိဖို့ ရည်​သန်​မိပါသည်​။)

စတီးမစ်​မိတ်​​ဆွေ အားလုံးကို ​လေးစားပါတယ်​။
နောင်​များလဲ ကိုယ်​တိုင်​သိကျွမ်းနားလည်​သမျှ​လေး​တွေကို ကိုယ်​ပိုင်​ပို့စ်​အဖြစ်​ မျှ​ဝေ​ပေးသွားမှာဖြစ်​သလို
ကိုယ်​မနိုင်​နင်းတဲ့ အ​ကြောင်းအရာများကို​တော့
တတ်​ကျွမ်းနားလည်​​သူများထံမှတဆင့်​ (အသိအမှတ်​ပြုကာ) ပြန်​လည်​မျှ​ဝေ​ပေးသွားပါ့မယ်​ဆိုတာ ​ပြောရင်​နဲ့ မိတ်​ဆက်​ခြင်း ပိုစ့်​​လေးကို ရပ်​​ဦးမယ်​ဗျ။ကျေးဇူးတင်​ပါတ်​ခင်​ဗျ။ယ
အားလုံးအားလုံး လိုအင်ပြည့်​ဝနိုင်​ကြပါ​စေ။
Whatever,I will living together with STEEMIT
@builderb

Sort:  

I enjoyed your post. Good luck here on Steemit!

Thanks @sepracore
Have a great time!

အကို အနေနဲ့ မြန်မာတွေ နဲ့ အတူတကွ တက်ညီလက်ညီ ပူးပေါင်းပြီး ရှေ့ဆက်သွားမယ်ဆိုရငိ steemit ပိုမို အောင်မြင်မူရရှိမယ်လို့ ထင်ပါတယ် ။ မြန်မာ တွေ အားလုံးကို steemit myanmar newbies group ကနေ အမြဲတမ်း ကြိုဆိုနေပါတယ်။

မင်္ဂလာပါ..ကျေးဇူးပါခင်ဗျ

ခုလိုပြန်ရှင်းပြတာ ကောင်းပါတယ် ၊ ဖြစ်နိုင်တယ်လို့ ကျွန်တော်ယူဆပါတယ်၊ ဒါပေမယ့် steemit က facebook နဲ့တော့မတူဘူး၊ အသင်းအဖွဲ့ဆန်တယ်၊ တစ်ဦးတည်းလှုပ်ရှားဖို့ သိပ်မကောင်းဘူး၊ ပြောရရင် ငွေကြေးပါနေတော့ ၊ကိုယ်ကဘာသဘောနဲ့မှမဟုတ်ပဲ ။tag မှာ myanmar ဆိုပြီးထည့်လိုက်တယ်။ အဲတာ team ဖွဲ့လှုပ်ရှားနေတဲ့ myanmar steemit ကိုသွားထိတယ် ၊reputation ကိုကြည့်လိုက် 10 ပဲရှိတော့တယ်၊ 0 ဆို ပိုစ့်တောင်တင်မရတော့ဘူး ၊ အလာကြောင့်ပါ ။စိတ်မရှိနဲ့ နားလည်သွားရင် ပူးပေါင်းပါဝင်ပါ ၊အဆင်ပြေသွားမယ်

မင်္ဂလာပါ @minsoenaing
အကြံပေးတဲ့အတွက် ကျေးဇူးပါခင်ဗျ။
ဘယ်လိုပဲရှိသည်ဖြစ်စေ..မြန်မာအားလုံးကို အင်အားရှိသမျှ တတ်အားသမျှ ရိုင်းပင်းပေးဖို့ဆိုတာ ကျွန်တော့်မူရင်းရည်ရွယ်ချက်ပါပဲခင်ဗျ။

စိတ်မရှိပါနဲ့ ညီလေးရေ... ဒီPlatform ပေါ်ကို မြန်မာတွေ အခုလို ကိုယ်ပိုင်ဆောင်းပါး တွေ ရေးပြီး တင်နိုင်ဖို့ ရှေ့ကအစ်ကို တွေ ဘယ်လို ကြိုးစားခဲ့ရတယ်ဆိုတာ သိရင် ညီလေ စိတ်ဆိုးမှာ မဟုတ်ပါဘူး။ အရင်တုန်းက ဒီ Platform ပေါ်ကမြန်မာတွေကို ဘယ်သူမှ ဂရုမစိုက်ပေမယ့် အစ်ကိုတွေရဲ့ ကြိုးစားမှုကြောင့် မြန်မာဆောင်းပါးတွေကို support ပေးမဲ့ အဖွဲ့တွေရရှိလာပါတယ်။ original content ရေးလို့ တရက်ကို USD 5$ လောက်ရရှိနေကြပါတယ်။ USD 5$ ဟာ ညီလေးလို digital currencies trader တယောက်အနေနဲ့ မပြောပလောက်ပေမယ့် ကျန်တဲ့ သူတွေအတွက်တော့ မက်လောက်စရာ ငွေကြေး ဖြစ်ပါတယ်။ ဒါ ကြောင့် ဒီအခွင့် အရေးတွေ မပျက်သွားအောင် ဒီ Platform ကို ဝိုင်းပြီးကာကွယ်နေကြတာဖြစ်ပါတယ်။ ဒီ Platform ဟာ international မှာ reputation နဲ့ သွားနေတာ ဖြစ်တာကြောင့် မိမိ တို့ မြန်မာ tag အောက်မှာ ရှိတဲ့ အကောင့်မှန်သမျှကို သူများတွေ အထင်သေးခြင်းမရှိအောင် ဝိုင်းဝန်း ထိမ်းသိမ်နေကြတာဖြစ်ပါတယ်။ ညီလေးက ဝင်ရောက်လာတာ သိပ်မကြာသေးတာကြောင့် မသိသေးတာပါ။ ညီလေးရဲ့ အရှေ့မှာ ဒီ Platform ပေါ်ကို ဖြစ်ချင်ရာဖြစ် ငါတင်ချင်ရာ တင်မယ်ဆိုပြီး ဖျက်လိုဖျက်ဆီး လုပ်ခဲ့ သူတွေ ရှိခဲ့ တဲ့ အတွက် အခုလို ဝိုင်းဝန်း တားဆီး ရခြင်း ဖြစ်ပါတယ်။ ညီလေး အနေနဲ့ အဖွဲ့ အစည်း အောက်ကို ဝင်ရောက်လိုချင်း မရှိဘူးဆိုရင်တောင် plagiarism, spam , abuse တို့ ကို ရှောင်ပြီး Myanmar tag အောက်မှာ ဝင်ရောက်ရေးသားနိုင်ပါတယ်။ တကယ်လို့ ငါကြိုက်တာ ငါတယ်မယ်ဆိုရင် Myanmar tag မထည့် ပဲ ညီလေးဖာသာ စိတ်ကြိုက် အသုံးပြုနိုင်ပါတယ်။

ဟုတ်ကဲ့.. မင်္ဂလာပါ @kachinhenry
အရင်ဆုံး ကျွန်တော်အပေါ်မှာ လမ်းညွှန်ပေးခဲ့ခြင်း မဟုတ်သော်လဲ တခြားတခြားသော မြန်မာအမျိုးတွေကို
လမ်းပြပေးခဲ့တယ်ဆိုတာ သိရလို့ကျေးဇူးလဲ တင်သလို ၀မ်းလဲသာမိပါတယ်လို့ ပြောပါရစေခင်ဗျ။
ကျွန်တော့် ဒီ community field ကို မြန်မာတစ်ယောက်အနေနဲ့ ကမ္ဘာက မြန်မာလူမျိုးကို အသိမှတ်ပြုစေရမယ် ဆိုတဲ့
စိတ်နဲ့ ၀င်လာခဲ့တာပါ။ဆိုတော့ မြန်မာဆိုတဲ့ tag ကို လူမျိုးတစ်ယောက် အနေနဲ့ ကျွန်တော် သုံးမိမှာပါပဲ။ဒါပေမယ့် အဖျက်သဘောဆောင်တဲ့ အပြုအမှုမျိုးကိုလုပ်ဖို့တော့ နဂိုကတည်းက ကျွန်တော့်ဆီမှာ မရှိခဲ့ပါဘူး။
ညစ်ညမ်းမှု အငွေ့အသက် ဒီ Fieldမှာ မရှိဘူးဆိုတာကိုလဲ ခံစားမိလို ၀င်လာတာပါ။ဒီတော့ ရှေ့လျောက်လဲ အသင်းအဖွဲ့မှာ ပါဝင်တာ မပါဝင်တာ အပထားပြီး မြန်မာ ညီအကို မောင်နှမ အားလုံးကို ကျွန်တော်ပေးနိုင်သမျှ ပေးသွားမှာဖြစ်ပါတယ်ခင်ဗျ။

E ငွေကြေးရောင်း/၀ယ်/လဲသူဆိုပြီး အရမ်းလဲ အထင်မကြီးပါနဲ့ ဦးခင်ဗျ။ခုထက်ထိတော့ အကျိုးအမြတ်ထက် ကွဲခဲ့ရတဲ့အကြိမ်က များနေပါတယ် :) :) .. နောက်ပြီး ကျွန်တော် ပရိုလဲ မဟုတ်သေးပါဘူးခင်ဗျ။ အခြားအခြားအလုပ်ကလေးတွေနဲ့ အသက်မွေးနေတဲ့ သာမာန်လူပါခင်ဗျ။
ဘယ်လိုပဲဖြစ်စေပါခင်ဗျ..
ကျွန်တော်ပေးနိုင်တဲ့ ကတိတခုကတော့ မြန်မာဆိုတဲ့ နာမည်နဲ့လူမျိုးကို ကျွန်တော့်အားနဲ့ အရောင်မထွန်းတောက်နိုင်ခဲ့ရင်တောင် ကျွန်တော့်ကြောင့်တော့ အရောင်မမှိန်စေရဘူး ဆိုတာကိုပါခင်ဗျ။
See U !!

မင်္ဂလာပါ မြန်မာစတီးမစ်မှကြိုဆိုပါတယ်ဗျာ... ဖြစ်ပျက်ခဲ့သမျှအားလုံးသည် မြန်မာကိုချစ်ခင်ပြီး မြန်မာကိုကာကွယ်ချင်သောစိတ်တို့ကြောင့်ဖြစ်ခဲ့ကြရပါတယ်။ နားလည်ပေးပါ။ ညီလေးက မြန်မာဆိုတော့ ညီလေးလည်း မြန်မာကို ချစ်ခင်မြတ်နိုးတန်ဘိုးထားမှာပါ။ အဲလိုပဲ မြန်မာစတီးမစ်အဖွဲ့သားအားလုံးကလည်း မြန်မာဆိုတဲ့နာမည်ကို နိုင်ငံတကာမှာ နာမည်ဆိုးမဖြစ်စေချင်လို့ စေတနာဒေါသောနဲ့ပြောမိကြခြင်းဖြစ်ပါတယ်။ မြန်မာစတီးမစ်က စစခြင်းမှာကို ကော်ပီတွေကြောင့် နာမည်ပျက်စာရင်းရောက်နေတာမို့ ပါ မြန်မာ tag တွဲထားတာဖြစ်လို့ လမ်းညွှန် သတိပေးရင်းဖြစ်ကြရတာမို့ နားလည်ပေးကြပါလို့ပြောချင်ပါတယ် တန်ဘိုးထားတဲ့အရာတစ်ခု မပျက်စီးအောင်ကာကွယ်နေကြတဲ့ သူတွေမို့ အထိအခိုက်မခံပဲ နားလည်မှုတွေလွဲကုန်ကြတာပါ ခုလိုပြန်လည် ရှင်းပြပေးတာကိုက ညီလေးရဲ့စိတ်ဓာတ်ကို ဖော်ပြရာရောက်နေပါပီ လေးစားပါတယ် မြန်မာကို နိုင်ငံတကာမှာ လေးစားမှုလေးရှိလာအောင် ၀ိုင်းဝန်းကြိုးပမ်းနိုင်အောင် ကူညီပေးပါလို့လည်း တောင်းဆိုအပ်ပါတယ်ဗျာ လိုအပ်တဲ့အကူအညီတွေလည်း မြန်မာစတီးမစ် Group မှာ လာရောက်ဆက်သွယ် အကူအညီတောင်းနိုင်ကြောင်းပါခင်ဗျာ လေးစားပါတယ်ညီလေးရေ မြန်မာကို ကျွန်တော်တို့ မြန်မာတွေကပဲ မြှင့်တင်နိုင်မှာ ဖြစ်သလို နိမ့်ကျအောင်လုပ်တာကလည်း ကျွန်တော်တို့မြန်မာတွေပါပဲ ရေခြား မြေခြား နိုင်ငံခြားမှာ အလုပ်လုပ်နေကြတဲ့မြန်မာတွေက ဒီကိစ္စတွေပိုသိမယ်ထင်ပါတယ် မြန်မာဂုဏ်ကို မြင့်တင်မလား နိမ့်ကျအောင်လုပ်မလားဆိုတာတော့ ညီလေး ဘာသာဆုံးဖြတ်ပါ မှန်ကန်တဲ့ဆုံးဖြတ်ချက်ကိုချနိုင်ပါစေလို့ဆုတောင်းလိုက်ပါတယ်

Hii @ansoe မင်္ဂလာ့ မင်္ဂလာပါခင်ဗျားး
အခုလို နားလည်စွာ မြင်ပေးနိုင်တဲ့အတွက် လေးစားဂုဏ်ယူပါတယ်ခင်ဗျ။
ဟုတ်ကဲ့ပါ. အခွင့်အရေးကို ပဓာန မထားပဲ ကျွန်တော့်မှာရှိသမျှ အချိန် အသိဥာဏ် အားအင်လေးများကို
စတီးမစ်မြန်မာ မိသားစုများနဲ့အတူ မျှဝေသုံးစွဲသွားမယ်ဆိုတာ ပြောပါစေခင်ဗျ။
ကောင်းသောနေ့လေးတွေကို ပိုင်ဆိုင်ပါစေခင်ဗျ။

Hello Builderb I hope you enjoy your time here, its a great community :) Nice post, i will follow your account, please follow me at @khunpoom

Hi @khunpoom
Nice to meet u.
Ok i will do.
Thanks for friendship with me :):)

Congratulations @builderb! You have completed some achievement on Steemit and have been rewarded with new badge(s) :

Award for the number of upvotes

Click on any badge to view your own Board of Honor on SteemitBoard.
For more information about SteemitBoard, click here

If you no longer want to receive notifications, reply to this comment with the word STOP

By upvoting this notification, you can help all Steemit users. Learn how here!

Welcome @builderb aboard the steemit express. This is a great platform to express yourself just like any other social media outlet except this one pays its users for interacting with each other. Post good content and your rewards can be limitless but always stay true to yourself.

Checkout this post and give me some feedback on it
https://steemit.com/steemit/@slickhustler007/circle-of-friends-day-19-2017820t95724165z

@slickhustler007
#circleoffriends
#minnowsupport
#cof

Thanks @slickhustler077
I will

Coin Marketplace

STEEM 0.18
TRX 0.16
JST 0.030
BTC 68227.33
ETH 2646.21
USDT 1.00
SBD 2.70