You are viewing a single comment's thread from:

RE: Introducing With Myanmar Language

in #myanmar7 years ago

စိတ်မရှိပါနဲ့ ညီလေးရေ... ဒီPlatform ပေါ်ကို မြန်မာတွေ အခုလို ကိုယ်ပိုင်ဆောင်းပါး တွေ ရေးပြီး တင်နိုင်ဖို့ ရှေ့ကအစ်ကို တွေ ဘယ်လို ကြိုးစားခဲ့ရတယ်ဆိုတာ သိရင် ညီလေ စိတ်ဆိုးမှာ မဟုတ်ပါဘူး။ အရင်တုန်းက ဒီ Platform ပေါ်ကမြန်မာတွေကို ဘယ်သူမှ ဂရုမစိုက်ပေမယ့် အစ်ကိုတွေရဲ့ ကြိုးစားမှုကြောင့် မြန်မာဆောင်းပါးတွေကို support ပေးမဲ့ အဖွဲ့တွေရရှိလာပါတယ်။ original content ရေးလို့ တရက်ကို USD 5$ လောက်ရရှိနေကြပါတယ်။ USD 5$ ဟာ ညီလေးလို digital currencies trader တယောက်အနေနဲ့ မပြောပလောက်ပေမယ့် ကျန်တဲ့ သူတွေအတွက်တော့ မက်လောက်စရာ ငွေကြေး ဖြစ်ပါတယ်။ ဒါ ကြောင့် ဒီအခွင့် အရေးတွေ မပျက်သွားအောင် ဒီ Platform ကို ဝိုင်းပြီးကာကွယ်နေကြတာဖြစ်ပါတယ်။ ဒီ Platform ဟာ international မှာ reputation နဲ့ သွားနေတာ ဖြစ်တာကြောင့် မိမိ တို့ မြန်မာ tag အောက်မှာ ရှိတဲ့ အကောင့်မှန်သမျှကို သူများတွေ အထင်သေးခြင်းမရှိအောင် ဝိုင်းဝန်း ထိမ်းသိမ်နေကြတာဖြစ်ပါတယ်။ ညီလေးက ဝင်ရောက်လာတာ သိပ်မကြာသေးတာကြောင့် မသိသေးတာပါ။ ညီလေးရဲ့ အရှေ့မှာ ဒီ Platform ပေါ်ကို ဖြစ်ချင်ရာဖြစ် ငါတင်ချင်ရာ တင်မယ်ဆိုပြီး ဖျက်လိုဖျက်ဆီး လုပ်ခဲ့ သူတွေ ရှိခဲ့ တဲ့ အတွက် အခုလို ဝိုင်းဝန်း တားဆီး ရခြင်း ဖြစ်ပါတယ်။ ညီလေး အနေနဲ့ အဖွဲ့ အစည်း အောက်ကို ဝင်ရောက်လိုချင်း မရှိဘူးဆိုရင်တောင် plagiarism, spam , abuse တို့ ကို ရှောင်ပြီး Myanmar tag အောက်မှာ ဝင်ရောက်ရေးသားနိုင်ပါတယ်။ တကယ်လို့ ငါကြိုက်တာ ငါတယ်မယ်ဆိုရင် Myanmar tag မထည့် ပဲ ညီလေးဖာသာ စိတ်ကြိုက် အသုံးပြုနိုင်ပါတယ်။

Sort:  

ဟုတ်ကဲ့.. မင်္ဂလာပါ @kachinhenry
အရင်ဆုံး ကျွန်တော်အပေါ်မှာ လမ်းညွှန်ပေးခဲ့ခြင်း မဟုတ်သော်လဲ တခြားတခြားသော မြန်မာအမျိုးတွေကို
လမ်းပြပေးခဲ့တယ်ဆိုတာ သိရလို့ကျေးဇူးလဲ တင်သလို ၀မ်းလဲသာမိပါတယ်လို့ ပြောပါရစေခင်ဗျ။
ကျွန်တော့် ဒီ community field ကို မြန်မာတစ်ယောက်အနေနဲ့ ကမ္ဘာက မြန်မာလူမျိုးကို အသိမှတ်ပြုစေရမယ် ဆိုတဲ့
စိတ်နဲ့ ၀င်လာခဲ့တာပါ။ဆိုတော့ မြန်မာဆိုတဲ့ tag ကို လူမျိုးတစ်ယောက် အနေနဲ့ ကျွန်တော် သုံးမိမှာပါပဲ။ဒါပေမယ့် အဖျက်သဘောဆောင်တဲ့ အပြုအမှုမျိုးကိုလုပ်ဖို့တော့ နဂိုကတည်းက ကျွန်တော့်ဆီမှာ မရှိခဲ့ပါဘူး။
ညစ်ညမ်းမှု အငွေ့အသက် ဒီ Fieldမှာ မရှိဘူးဆိုတာကိုလဲ ခံစားမိလို ၀င်လာတာပါ။ဒီတော့ ရှေ့လျောက်လဲ အသင်းအဖွဲ့မှာ ပါဝင်တာ မပါဝင်တာ အပထားပြီး မြန်မာ ညီအကို မောင်နှမ အားလုံးကို ကျွန်တော်ပေးနိုင်သမျှ ပေးသွားမှာဖြစ်ပါတယ်ခင်ဗျ။

E ငွေကြေးရောင်း/၀ယ်/လဲသူဆိုပြီး အရမ်းလဲ အထင်မကြီးပါနဲ့ ဦးခင်ဗျ။ခုထက်ထိတော့ အကျိုးအမြတ်ထက် ကွဲခဲ့ရတဲ့အကြိမ်က များနေပါတယ် :) :) .. နောက်ပြီး ကျွန်တော် ပရိုလဲ မဟုတ်သေးပါဘူးခင်ဗျ။ အခြားအခြားအလုပ်ကလေးတွေနဲ့ အသက်မွေးနေတဲ့ သာမာန်လူပါခင်ဗျ။
ဘယ်လိုပဲဖြစ်စေပါခင်ဗျ..
ကျွန်တော်ပေးနိုင်တဲ့ ကတိတခုကတော့ မြန်မာဆိုတဲ့ နာမည်နဲ့လူမျိုးကို ကျွန်တော့်အားနဲ့ အရောင်မထွန်းတောက်နိုင်ခဲ့ရင်တောင် ကျွန်တော့်ကြောင့်တော့ အရောင်မမှိန်စေရဘူး ဆိုတာကိုပါခင်ဗျ။
See U !!

Coin Marketplace

STEEM 0.18
TRX 0.16
JST 0.030
BTC 68331.57
ETH 2650.11
USDT 1.00
SBD 2.69