RE: Introducing With Myanmar Language
မင်္ဂလာပါ မြန်မာစတီးမစ်မှကြိုဆိုပါတယ်ဗျာ... ဖြစ်ပျက်ခဲ့သမျှအားလုံးသည် မြန်မာကိုချစ်ခင်ပြီး မြန်မာကိုကာကွယ်ချင်သောစိတ်တို့ကြောင့်ဖြစ်ခဲ့ကြရပါတယ်။ နားလည်ပေးပါ။ ညီလေးက မြန်မာဆိုတော့ ညီလေးလည်း မြန်မာကို ချစ်ခင်မြတ်နိုးတန်ဘိုးထားမှာပါ။ အဲလိုပဲ မြန်မာစတီးမစ်အဖွဲ့သားအားလုံးကလည်း မြန်မာဆိုတဲ့နာမည်ကို နိုင်ငံတကာမှာ နာမည်ဆိုးမဖြစ်စေချင်လို့ စေတနာဒေါသောနဲ့ပြောမိကြခြင်းဖြစ်ပါတယ်။ မြန်မာစတီးမစ်က စစခြင်းမှာကို ကော်ပီတွေကြောင့် နာမည်ပျက်စာရင်းရောက်နေတာမို့ ပါ မြန်မာ tag တွဲထားတာဖြစ်လို့ လမ်းညွှန် သတိပေးရင်းဖြစ်ကြရတာမို့ နားလည်ပေးကြပါလို့ပြောချင်ပါတယ် တန်ဘိုးထားတဲ့အရာတစ်ခု မပျက်စီးအောင်ကာကွယ်နေကြတဲ့ သူတွေမို့ အထိအခိုက်မခံပဲ နားလည်မှုတွေလွဲကုန်ကြတာပါ ခုလိုပြန်လည် ရှင်းပြပေးတာကိုက ညီလေးရဲ့စိတ်ဓာတ်ကို ဖော်ပြရာရောက်နေပါပီ လေးစားပါတယ် မြန်မာကို နိုင်ငံတကာမှာ လေးစားမှုလေးရှိလာအောင် ၀ိုင်းဝန်းကြိုးပမ်းနိုင်အောင် ကူညီပေးပါလို့လည်း တောင်းဆိုအပ်ပါတယ်ဗျာ လိုအပ်တဲ့အကူအညီတွေလည်း မြန်မာစတီးမစ် Group မှာ လာရောက်ဆက်သွယ် အကူအညီတောင်းနိုင်ကြောင်းပါခင်ဗျာ လေးစားပါတယ်ညီလေးရေ မြန်မာကို ကျွန်တော်တို့ မြန်မာတွေကပဲ မြှင့်တင်နိုင်မှာ ဖြစ်သလို နိမ့်ကျအောင်လုပ်တာကလည်း ကျွန်တော်တို့မြန်မာတွေပါပဲ ရေခြား မြေခြား နိုင်ငံခြားမှာ အလုပ်လုပ်နေကြတဲ့မြန်မာတွေက ဒီကိစ္စတွေပိုသိမယ်ထင်ပါတယ် မြန်မာဂုဏ်ကို မြင့်တင်မလား နိမ့်ကျအောင်လုပ်မလားဆိုတာတော့ ညီလေး ဘာသာဆုံးဖြတ်ပါ မှန်ကန်တဲ့ဆုံးဖြတ်ချက်ကိုချနိုင်ပါစေလို့ဆုတောင်းလိုက်ပါတယ်
Hii @ansoe မင်္ဂလာ့ မင်္ဂလာပါခင်ဗျားး
အခုလို နားလည်စွာ မြင်ပေးနိုင်တဲ့အတွက် လေးစားဂုဏ်ယူပါတယ်ခင်ဗျ။
ဟုတ်ကဲ့ပါ. အခွင့်အရေးကို ပဓာန မထားပဲ ကျွန်တော့်မှာရှိသမျှ အချိန် အသိဥာဏ် အားအင်လေးများကို
စတီးမစ်မြန်မာ မိသားစုများနဲ့အတူ မျှဝေသုံးစွဲသွားမယ်ဆိုတာ ပြောပါစေခင်ဗျ။
ကောင်းသောနေ့လေးတွေကို ပိုင်ဆိုင်ပါစေခင်ဗျ။