Money (part-2)
အပိုင်း (၂)
ငွေရဲ့သုခ
အပိုင်း(၁)လူနဲ့ငွေ အကြောင်းလေးမဖတ်ရသေးတဲ့သူတွေအတွက်။
https://steemit.com/myanmar/@smileking/money-part-1-2bcf60f4ae977
အပိုင်း(၂) ငွေရဲ့သုခလေးအကြောင်းလေးပြောကြရအောင်နော်။ ငွေဆိုတဲ့အရာကို အများစုနဲ့လဲလှယ်လို့ရတာသိကြပါတယ်။ ငွေနဲ့လဲလှယ်လို့မရတဲ့အရာတွေလဲရှိပါတယ်။
ဥပမာ-
၁။ မေတ္တာကို ကိုငွေနဲ့လဲလှယ်လို့မရပါဘူး။
၂။ အချစ်ကိုငွေနဲ့လဲလှယ်လို့မရပါဘူး။ လူတွေက ငွေကြေးချမ်းသာတဲ့လူတွေနဲ့ပဲ အိမ်ထောင်ကျချင်တယ်ဆိုပင် တကယ့်အချစ်စစ်နဲ့တွေ့ရင် ငွေဆိုတာက အရာမထင်တော့ပါဘူး။
၃။ယုံကြည်မှုကိုလဲငွေနဲ့လဲလှယ်လို့မရပါဘူး။
၎။သစ္စာတရားကိုလဲငွေနဲ့ လဲလှယ်လို့မရပါဘူး။
၅။ အစားထိုးလို့မရတဲ့သူတွေကိုလဲငွေနဲ့လဲလှယ်လို့မရပါဘူး။ ကိုယ့်ရဲ့ အရေးပါတဲ့သူတွေကို ရှိနေတုန်း စိတ်ချမ်းသာအောင်ထားပေးပါ။
၆။ ပျော်ရွှင်မှုကိုကျတော့ ငွေနဲ့လဲလှယ်လို့ရတဲ့ဟာရှိသလိုမရတဲ့ဟာလဲရှိပါတယ်။
ဒါတွေကတော့ငွေနဲ့လဲလှယ်လို့မရတဲ့အရာတွေပေါ့။
လူတွေက ငွေကိုဘယ်လိုနေရာတွေမှာသုံးကြလဲပေါ့။ ကိုယ့်အတွက်ပျော်ရွှင်စေမဲ့အရာဆိုရင် ငွေနဲ့လဲလှယ်လိုက်ပါတယ်။ တစ်ခုခုလုပ်လိုက်တာမျိုးပေါ့။ ဥပမာအနေဖြင့် ရန်ကုန်မှာနေတဲ့သူတွေဆိုရင် ပြည်သူ့ရင်ပြင်သွားပြီး စိတ်ထွက်ပေါ့ရအောင် လုပ်လိုက်ကြတယ်။ ခုခေတ်မှာဆို clud ဆိုတဲ့နေရာတွေက အလွန်ပင်ပေါများလာပါတယ်။ အဲ့ club တွေမှာဆိုရင် ညဘက်ဆို ကိုယ့်ရဲ့ပျော်ရွှင်မှုအတွက်၊လွတ်လပ်မှုအတွက် လာကကြပါတယ်။ ဒါကလဲငွေနဲ့ပျော်ရွှင်မှုကို ဝယ်ယူလိုက်တာပါပဲ။
လူတော်တော်များများက birthday ကိုပြုလုပ်ကြပါတယ်။ အဲ့အချိန်ကျရင် ပျော်ပျော်ရွှင်ရွှင်နဲ့ ကိုယ့်ရဲ့မွေးနေ့လေးကိုဖြတ်သန်းချင်တဲ့အတွက် ငွေဖြင့်ကိုယ့်မွေးနေ့အတွက် အရာတွေကိုဝယ်ပြီးပျော်ရွှင်မှုကိုရယူကြပါတယ်။
တရားဓမ္မကို ကျင့်သုံးသည့်အသက်အရွယ်ကြီးရင့်သူတွေကလဲ သူတို့နဲ့စိတ်သုခ စိတ်ချမ်းသာမှုတွေအတွက် အလှူ ပွဲတွေလုပ်တယ်။ တရားပွဲတွေအတွက် လိုအပ်တဲ့အရာတွေကိုဖြည့်ဆည်းပေးတယ်။ ဘုရားစေတီတွေအတွက်လိုအပ်တဲ့အရာတွေကိုပေးလှူ ကြတယ်။
လူတော်တော်များများက အပျော်တန်းခရီးထွက်ကြရတယ်။ တစ်ချိုကြတော့လဲ လုပ်ငန်းကြောင့်ခရီးထွက်ကြတယ်။ အဲ့ခရီးမှာ ပျော်ရွှင်မှုတွေ ဗဟုသုတတွေကိုလဲ ငွေဖြင့်ဝယ်ယူခဲ့ကြတာပဲလေ။
MSC ကလူတွေထဲမှာပါရင်လဲ တောင်ပန်းပါတယ်နော်။ အခုခေတ်မှာ လူတော်တော်များများက အရက်သေစာ သောက်စားကြတယ်။ တစ်ချို့ကြတော့လဲပျော်ချင်လို့ တစ်ချို့ကြတော့စိတ်ညစ်ပျောက်အောင်သောက်ကြတယ်။ ဒါတွေကလဲ ငွေရှိမှာသာ ရနိုင်တဲ့အရာတွေပါ။
ငွေဆိုတဲ့အရာက လူတစ်ယောက်ကိုပျက်စီးအောင်လုပ်နိုင်ပါတယ်။ ဒါပင်မဲ့ ငွေမရှိရင်လဲ လူရာမဝင်ပါဘူး။ပျော်ရွှင်မှု သုခတွေကိုလဲ ငွေကြောင့်သာ ရရှိနိုင်တာများပါတယ်။
ငွေကို ကိုယ့်ပျော်ရွှင်မှုအတွက်ပဲလဲမသုံးသင့်ပါဘူး။ ကိုယ့်အတွက်ပျော်ရွှင်မှုရရှိပင်မဲ့ တစ်ပါးသူအတွက်အခက်အခဲတွေလဲဖြစ်နိုင်ပါတယ်။ ပျော်ရွှင်မှုကိုလဲ တစ်ပါးသူအခက်အခဲမဖြစ်အောင်လဲကြည့်တတ်သင့်ပါတယ်။ အခုခေတ်တင်မဟုပါဘူး အရင်ခေတ်တုန်းကတောင်မှ ချမ်းသာတဲ့သူတွေပျော်ရွှင်မှုရအောင် ဆင်းရဲတဲ့သူတွေ ခံခဲ့ရပါတယ်။ ကိုယ့်ပျော်ရွှင်မှုတစ်ခုတည်းအတွက် တစ်ပါးသူကိုမထိခိုက်စေပါနဲ့။
ငွေဆိုတဲ့အရာကို အဓိကအားဖြင့်သုံးသင့်တဲ့နေရာတွေမှာ ပဲသုံးသင့်ပါတယ်။ ကိုယ့်ရဲ့သံသရာဘဝတွေမှာ ကောင်းမွန်တဲ့ဘဝရဖို့ အလှူ အတန်းတွေလုပ်တဲ့နေရာမှာ သုံးသင့်ပါတယ်။ တစ်ပါးသူအခက်အခဲဖြစ်နေတဲ့အချိန်မှာလဲ ငွေဖြင့်ကူညီလို့ရရင်ကူညီသင့်ပါတယ်။ ငွေရဲ့နောက်ကိုမလိုက်မိအောင်ကြိုးစားပါ။ ဒါမှ ငွေကသာကိုယ့်နောက်ကိုလိုက်နေမှာပါ။
မရှိလို့လဲ မဖြစ်
ရှိတော့လဲ မျက်လှည့်ဆန်
ပေါ်လာခဏ ပျောက်စဉ်အမြဲ
ဒီလောက ဒီသံသရာမှာ
ငွေ၏ကောင်းကျိုး
ငွေကြောင့်ပျော်ရွှင်
ငွေကြောင့်ဝမ်းသာ
သို့သော်ညားလဲ
တစ်ဖက်တွင်မူ
ငွေကြောင့် စိတ်ဒုက္ခ
ဝမ်းနည်းပူဆွေး
သောကတွေနဲ့
လောဘစိတ်ထား
တစ်ခါမှားလဲ
အမှန်မသိနိုင်
ငွေရဲ့ဂုဏ်သတ္တိ
ငွေကြောင့်ဖုံးလွှမ်း
ကိုယ့်မျက်ဝန်းစုံ
မိတ်ဆွေကိုလဲငွေကြောင့်မမြင်
မိဘကိုလဲငွေကြောင့်မမြင်
ပတ်ဝန်းကျင်ကိုလဲငွေကြောင့်မမြင်
မျက်စိစုံလုံးမကန်းစေဖို့
ငွေ၏ ပဟေဠိ မှာမမျောစေဖို့
လူတိုင်း မျက်လုံးပွင့်ကြစို့။
အနာဂါတ်ရဲ့ ကြယ်တစ်ပွင့်
@smileking
MSC-255
မှန်တယ်ဗျာညီ။အရေးသားကောင်းတယ်။ငွေအကြောင်းလေးသိသွားတာပေါ့။ငွေဆိုတာစိတ္တဇနာမ်တွေကိုတော့ ဘာမှလုပ်လို့မရပါဘူးလေ။
ဟုပါတယ် အကို
သဝေးထိုးငဝဆွဲငွေ
မရှိရင်ရှာ ရှိရင်သုံးကြလူ့ဘဝ
မရှိမကောင်း ရှိမကောင်းပါပဲ
အဲ့ဒီငွေနောက်ကို တကောက်ကောက်လိုက်ရင်း ကိုယ့်ရဲ့ တန်ဖိုးရှိတာတွေ ဆုံးရှုံးမှန်းမသိ ဆုံးရှုံးလိုက်ရတဲ့ အခိုက်အတန့်ဟာ ဝမ်နည်းစရာ အကောင်းဆုံးပဲ အစ်ကိုရယ် ..
ဟုပါတယ်အကို ငွေနောက်ကို ကိုယ်ကမသိပဲနဲ့လိုက်မိသွားကြတယ်
ငွေ ဟာ လောကမှာ အစားထိုးအရာတစ်ခုသာ ဘာမှ မထူးခြားသောအရာ ထိုအရာအတွက် တန်ဘိုးရှိသော လူ့လောကကို အဆိုးတွေ ဖြစ်လာစေတတ်သည်။ သတိ ဥာဏ်ပညာဖြင့် ချင့်ချိန်သုံးစွဲပါလေ။
ဟုပါတယ် အကို ငွေနောက်ကိုမလိုက်သင့်ပါဘူး။
ငွေရှိတိုင်လည်းအရာရာမပြည့်စုံပါဘူး မှန်ပါတယ်bro
ဟုပါတယ်bro
ငွေနောက်လိုက်ရင်း မမှားဖို့လိုသလို၊ငွေနောက်လိုက်ရင်းနဲ့ ငွေနဲ့ဝယ်ယူလို့မရတဲ့အရာတွေကို ဆုံးရှုံး
သွားတာမျိုးလည်း မဖြစ်သင့်ပါဘူး...bro..
good post..
ဆုံးရှုံးခဲ့တာတွေလဲ အများကြီးရှိပင်မဲ့ နောင်တပဲရရှိခဲ့ပါတယ်
ငွေနဲ့ အရာရာတိုင်းကို ဆုံးဖြတ်လို့မရပါဘူး
ဟုပါတယ် အမ
စာလုံး speace ခြားတာလေးတွေ ပြန်ပြင်လိုက်ပါဦး ဖတ်ရတာထောက်နေတယ်
Esteem ကတင်ရင်းနဲ့အဲ့လိုဖြစ်သွားလို့ပါ
မှန်ပါတယ်bro ငွေနဲ့အရာရာတိုင်းကိုဝယ်ယူလို့မရနိုင်ပါဘူး
ဟုပါတယ်။ငွေက အသုံးဝင်တဲ့အရာများပင်မဲ့။ တစ်ချို့နေရာတွေမှာ အရာမဝင်ပါဘူး။
Congratulations! This post has been upvoted from the communal account, @minnowsupport, by smileking from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, theprophet0, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.
If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.