ကင်းလွတ်ခွင့်
*** ကင်းလွတ်ခွင့် ***
ဘယ်အရာကိုမှ မလိုအပ်တော့ရင်
ဘယ်လိုခံစားချက်အပေါ်ကိုမှ
အပြုံးမပျက်တော့ဘူး..
ပြီးတော့
သီးသန့်ရူးသွပ်သွားတဲ့
လူတစ်ယောက်
သူ့ကမ္ဘာနဲ့သူအပေါ်
ဘယ်သူမှတော့ မမြင်နိုင်ကြဘူး..
လိုချင်တာက ဗလာ
ဖြစ်နေတာက အရာရာ
ပုံပြင်တွေအပေါ်မှာ
အိမ်မက်နဲ့ဆက်
ပြတ် လပ် ဝေး.လွှင့် ချင်ရဲ့နဲ့
တစ်ချက် တစ်ချက်
ခပ်ဆတ်ဆတ် တင်း
အဲ့ဒီလိုနဲ့
ကိုယ် အပူတွင်းထဲ
ဆင်းသထက် ဆင်းခဲ့ကြရ..
ကိုယ် ဖြစ်ချင်တာက ဗလာတွေထဲမှာ
တည်ငြိမ်ချင်သူ..
I'm ATM.