ဧရာဝတီမြစ်

in #writing6 years ago

ဧရာဝတီမြစ် (အင်္ဂလိပ်: Ayeyarwaddy, Irrawaddy) သည် မြန်မာပြည်မြောက်ဖျားမှ တောင်ပိုင်းသို့ စီးဆင်းသော မြစ်ကြီးဖြစ်သည်။ ဧရာဝတီမြစ်သည် မြန်မာနိုင်ငံ၏ အကြီးဆုံး၊ အရှည်ဆုံးနှင့် အရေးအပါဆုံးသောမြစ်ကြီးလည်းဖြစ်သည်။ အင်န်မိုင်ခ(မေခ)နှင့် မလိခမြစ်နှစ်သွယ် ပေါင်းဆုံရာမှ ဖြစ်ပေါ်လာသော ဧရာဝတီမြစ်သည် အကြမ်းအားဖြင့် မြောက်မှတောင်သို့ အဖြောင့်နီးပါး သွယ်တန်းလျက်ရှိပြီး မြစ်ဝကျွန်းပေါ်ဒေသမှတဆင့် ကပ္ပလီပင်လယ်အတွင်းသို့ စီးဝင်သွားသည်။ ရေဆင်းဧရိယာ ၄၁၃,၀၀၀ စတုရန်းကီလိုမီတာရှိသည်။ အေဒီ (၆) ရာစုလောက်ကတည်းကပင် ကုန်စည်ကူးသန်းရေးအတွက် အသုံးပြုသောရေလမ်းတစ်ခုဖြစ်ခဲ့သည်။ ဗြိတိသျှကိုလိုနီခေတ်တွင် စိုက်ပျိုးရေးအတွက် ဆည်မြောင်းများ တည်ဆောက်ပြီး စိုက်ပျိုးရေးအတွက် အကျိုးရှိအောင် ပြုလုပ်ခဲ့သည်။ ယနေ့ခေတ်တွင်လည်း အသက်တမျှ အရေးပါနေဆဲ ဖြစ်သည်။ ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသသည် ဆန်စပါးစိုက်ပျိုးရေးတွင် နာမည်ကြီးသောဒေသ ဖြစ်သည်။ ဧရာဝတီမြစ်၏ အထူးခြားဆုံးသော အရာမှာ မြစ်ညာဘက်ပိုင်းတွင် ဧရာဝတီလင်းပိုင်းများ ကျက်စားနေထိုင်ခြင်း ဖြစ်သည်။ ယခုအခါ ရှားပါးသတ္တဝါဖြစ်သော ဧရာဝတီလင်းပိုင်ကို စောင့်ရှောက်ထိန်းသိမ်းရန် နှိုးဆော်လျက်ရှိသည်။
ဧရာဝတီ ဟူသောအမည်မှာ သင်္သကရိုက်ဘာသာမှ ဆင်းသက်လာသည်ဟု ယူဆရပြီး အဓိပ္ပါယ်မှာ ဆင်မြစ်ဖြစ်သည်။

နာမည်တူမြစ် ပြင်ဆင်
လွန်ခဲ့သော နှစ်ပေါင်းများစွာက “ဧရာဝတီ” ဟု ခေါ်ဆိုသော မြစ်နှစ်ခု ရှိခဲ့ပါသည်။ တစ်ခုက ပါရူရှနီ (Parushani) ခေါ် ဧရာဝတီ (Iravati) မြစ် ဖြစ်ပါသည်။ ယင်းမြစ်သည် ယခုအခါ အိန္ဒိယနိုင်ငံတွင် မြစ်ဖျားခံပြီး ပါကစ္စတန်နိုင်ငံထဲသို့ စီးဝင် ပါသည်။ ထိုမြစ်ကို ရှေးယခင်က ဧရာဝတီဟု ခေါ်ကြပါသည်။ ယခုအခါ ထိုမြစ်၏ ပတ်ဝန်းကျင်တွင် နေထိုင်သူတို့၏ ဘာသာတရား ကိုးကွယ်မှုအရ “ရာဝီ” (Ravi)ဟု ခေါ်ကြပါသည်။ဆင်ဘိုရွာကို လွန်မိပြီ ဆိုသည်နှင့် ရေစီးသန်လာလေတော့သည်။ မြင်သာရွာအလွန်တွင် မြစ်ကြောင်းကလည်း ပိုမိုကျဉ်းမြောင်း လာလေသည်။ မြစ်ကြောင်းကျဉ်းမြောင်းလာလေလေ ရေများသည် စုစုလာလေလေဖြစ်သည်။ ကမ်းနှစ်ဘက် အကွာအဝေးသည် ကိုက် (၅၀) ခန့်သာရှိတော့သည်။ အပေါ်မှ တရကြမ်း ထိုးဆင်းလာသော ရေသည် ရှေ့၌ ကာဆီးလျှက်ရှိသော ကျောက်တောင်ကြီးများကို အဟုန်ပြင်းစွာဖြင့် တိုက်ခိုက်ရာ ရေမှုန်ရေမွှားများ တဖွားဖွား ပြန့်စင်နေ၏။ ပွတ်တိုက်နေသည့် တဝေါဝေါ မည်သံများကိုလည်း အဝေးမှပင် ကြားနေရပါသည်။ ကမ်းတစ်ဘက် တစ်ချက်ရှိ ကျောက်တောင်နံရံများကလည်း ဇွတ်အတင်း ထိုးဆင်း နေသော မြစ်ရေလုံးကို ဟိုမှာဆီး၊ သည်မှတား နေသည့်နှယ် ရှိလေသည်။ တစ်ခါတစ်ရံ အရှေ့တည့်တည့်တွင် တောင်ကြီး ကာစီးနေသည်ကို မြင်လိုက်ရပြီး မြစ်ကြောင်း လုံးဝပျောက်သွားသကဲ့သို့ ထင်ရသည်။ စုန်ဆင်းလာသော သင်္ဘောများသည် တောင်ကို ဆောင့်မည့်ဆဲဆဲ ရှိနေရာမှ လင်္ကျာဘက် ကသော်၎င်း၊ လက်ဝဲဘက်ကသော်၎င်း ရေကြောင်းလမ်းကလေး ပေါ်လာ၍ ယင်းဘက်သို့ ဆက်ကနဲလှည့်ကာ ချိုးကွေ့လိုက်ရပြန်သည်။ အနောက်ဘက်ကမ်းရှိ မြစေတီရွာကိုလွန်သော် မြစ်ကျဉ်းသည် တစ်ဖြည်းဖြည်း ပြန်လည်ကျယ်ပြန့်လာလေသည်။ ဤသည်မှာ ၃၃-မိုင်ခန့် ရှည်လျားသော ပထမမြစ်ကျဉ်း၏ အဆုံးပင် ဖြစ်တော့သည်။

ထိုမှစုန်သော် ဗန်းမော်သို့၊ ဗန်းမော်အနီးသို့ ဧရာဝတီမြစ်ရောက်သောအခါ မြေနုချိုင့်ဝှမ်းကို ဖြတ်သန်းလေတော့သည်။ မြစ်ပြင်သည်လည်း နှစ်မိုင်နီးပါး ကျယ်ပြန့်နေလေသည်။ ဗန်းမော်မြို့အထက်နားလေးတွင်လည်း အရှေ့ဘက် ယူနန်ကုန်းပြင်မြင့်မှ စီးဆင်းလာသော တာပိန်မြစ်သည် ဧရာဝတီမြစ်ထဲသို့ စီးဝင်လေသည်။မိုင်ပေါင်း (၁၃၀၀) ကျော် ရှည်လျားသော ဧရာဝတီမြစ်ကြောင်းသည် ကချင်ပြည်နယ်အစွန်ရှိ နှင်းဖုံးတောင်များမှ မေခနှင့် မေလိခဟူသော မြစ်နှစ်သွယ်ဖြင့် မြစ်ဖျားခံအစပြုကာ တောင်ဘက်သို့ စီးဆင်းလာခဲ့ရာမြစ်ကြီးနားမြို့ အထက် နှစ်ဆယ့်ရှစ်မိုင်ခန့် အရောက်တွင် ပေါင်းဆုံမိကြလေသည်။ မြစ်ဆုံသည် ဧရာဝတီမြစ်၏ အစပင် ဖြစ်တော့သည်။ မြစ်ဆုံဒေသသည် ကျောက်စရစ်ခဲများ ပေါများပြီး အေးစိမ့်လှ၏။ မြစ်ဆုံရေသည်လည်း အေးစိမ့်နေပေသည်။ မြစ်ဆုံရေသည် တိမ်လည်းတိမ် ကြည်လည်းကြည်လင်နေရကား ရေထဲသို့ ငုံ့ကြည့်လိုက်လျှင် ငါးကြီးငါးငယ်တို့ သွားလာကူးခတ်နေသည်ကို မြင်ရပေသည်။

ဧရာဝတီမြစ်သည် မြစ်ကြီးနားတစ်ဝိုက် အရောက်တွင် ကိုက်ငါးရာမျှ ကျယ်ပြန့်ပေသည်။ ဤနေရာတွင် ကမ်းပါးသည် အတော်မတ်စောက်ပြီး ကမ်းပါးပေါ်တွင် သစ်တော၊ ကိုင်းတောများ စိမ်းစိမ်းစိုစို ပေါက်ရောက်နေသည်။ မြစ်ကြီးနားမှ အစုန်ခရီး ၄၈-မိုင်အကွာ တာဟိုးနားရွာ အနီးတွင် ကျောက်စိမ်းနှင့် ပယင်းထွက်ရာ အနောက်ဘက် မိုးကောင်းတောင်စဉ် တောင်တန်းမှ တသွင်သွင်စီးဆင်း၍ ဧရာဝတီမြစ်နှင့် လာရောက် ပေါင်းဆုံသော မိုးကောင်းချောင်းကလေးကို တွေ့ရပြန်သည်။ ထိုမှစုန်သော် မြစ်သည် အကောက်အကွေ့ ပိုမိုများလာ၏။ မန်ဖွာရွာအနီး ကျောက်တောင်ကြီးများသည် မြစ်လည်တွင် ပေါ်နေသည်။ ဝဲဇလုပ်များကလည်း အသီးသီးဖြစ်ပေါ်နေ၏။
ဧရာဝတီမြစ်သည်မြောက်မှတောင်သို့ စီးဆင်းပြီး မြန်မာပြည်အရှေ၌ခြမ်းနှင့်အနောက်ခြမ်းကို အလယ်မှ ပိုင်းခြားထားသည်။ ကပ္ပလီပင်လယ်အတွင်းသို့ မြစ်ခွဲ (၉) ခုဖြင့် စီးဝင်သည်။

ကမ်းရိုးတစ်လျှောက်ရှိ တွေ့ရသော လုမုတောစနစ်
မြစ်ညာပိုင်း ပြင်ဆင်
မြန်မာပြည်မြောက်ဖျား၊ ကချင်ပြည်နယ်ရှိ မေခ(အင်န်မိုင်ခ)မြစ်နှင့် မလိခမြစ်တို့ ပေါင်းဆုံရာမှ ဧရာဝတီမြစ်ဖြစ်ပေါ်လာသည်။ မေခနှင့်မလိခမြစ်နှစ်သွယ်လုံးသည် မြောက်လတ္တီကျု (၂၈) ဒီဂရီဝန်းကျင်ရှိ ဟိမဝန္တာ ရေခဲတောင်တန်းများတွင် မြစ်ဖျားခံသည်။ မြစ်နှစ်သွယ်အနက် အရှေ့ဘက်ခြမ်းမှမြစ်ဖြစ်သော မေခမြစ်သည် ပူတာအိုမြို့ မြောက်ဘက်ရှိ လန်ဂွဲလာ ရေခဲတောင်တွင် မြစ်ဖျားခံသည်။ ရေစီးအလွန်ကြမ်းသောကြောင့် မေခမြစ်ကိုရေကြောင်းသွားလာရေးအတွက် အသုံးပြု၍မရပေ။ အနောက်ဘက်ခြမ်းရှိ မလိခမြစ်ကိုမူ ရေကြောင်းသွားလာရေးအတွက် အသုံးပြု၍ ရနိုင်သည်။ မြစ်ဆုံမှ တောင်ဘက် မိုင်(၁၅၀)၊ ကီလိုမီတာ (၂၄၀)အကွာရှိ ဗန်းမော်မြို့အထိသာ လှေ၊သင်္ဘောများ ရာသီမရွေးသွားလာနိုင်သည်။ ကချင်ပြည်နယ်၏မြို့တော်ဖြစ်သော မြစ်ကြီးနားမြို့သည် မြစ်ဆုံမှတောင်ဘက် မိုင် (၃၀)၊ ကီလိုမီတာ (၄၈) အကွာတွင်တည်ရှိသည်။Screenshot_20181210-174316.jpg

Sort:  

Congratulations @waiwaichocho! You have completed the following achievement on the Steem blockchain and have been rewarded with new badge(s) :

You received more than 100 upvotes. Your next target is to reach 250 upvotes.

Click here to view your Board of Honor
If you no longer want to receive notifications, reply to this comment with the word STOP

Support SteemitBoard's project! Vote for its witness and get one more award!

Congratulations @waiwaichocho! You received a personal award!

Happy Birthday! - You are on the Steem blockchain for 1 year!

You can view your badges on your Steem Board and compare to others on the Steem Ranking

Vote for @Steemitboard as a witness to get one more award and increased upvotes!

Coin Marketplace

STEEM 0.24
TRX 0.26
JST 0.039
BTC 105906.90
ETH 3384.49
SBD 4.68