ယုန္
ယုန်ကို သာမန်အားဖြင့်သာ သိသူများသည်။ တစ်မျိုးနှင့် တစ်မျိုးကို ခွဲခြား၍ သိသူကား နည်းသည်။ အမှန်မှာ ယုန်နှစ်မျိုးရှိသည်။ တစ်မျိုးမှာ ကွင်းယုန်ဖြစ်၍ ကျန်တစ်မျိုးမှာ တွင်းယုန် ဖြစ်သည်။ ပါဏဗေဒအလိုအရ ကွင်းယုန်နှင့် တွင်းယုန် နှစ်မျိုးစလုံးသည် လက်ပိုရီဒီးမျိုးရင်း ဝင်များ ဖြစ်ကြ၍ လက်ဂိုမော်ဖား မျိုးစဉ်တွင် ပါဝင်ကြလေ သည်။
ကွင်းယုန်များသည် ၁၇ လက်မမှ ၂၅ လက်မအထိ ရှည် တတ်သည်၊ အမြီးသည် တို၍ အမွှေးများပြီးလျှင် အပေါ်သို့ ထောင်လျက်ရှိသည်။ ကွင်းယုန်သည် မြေပြင်တွင် ခုန်လွှား၍ ပြေးသွားသောအခါတွင် ယင်း၏ ဖြူဖွေးသောအမြီးအောက်ပိုင်း ကို ထင်ရှားစွာ မြင်နိုင်ပေသည်။ နားရွက်များကို ထောင်လိုက် သောအခါတွင် အမည်းအမှတ်အသားများကို မြင်ရသည်။ ကွင်း ယုန်တစ်ကောင် မြေကြီးပေါ်၌ ရပ်နေသောအခါတွင် ယင်း၏ အရောင်နှင့် ပတ်ဝန်းကျင်အရောင်တို့သည် တူလှသဖြင့် ကွင်း ယုန်ကို မြင်နိုင်ရန် ခဲယဉ်းသည်။ ကွင်းယုန်၏ အသက်ရှူမှုနှင့် ပါးမုန်းမွှေးများ၏ လှုပ်ရှားနေမှုကြောင့်သာ ကွင်းယုန်ရှိနေ ကြောင်း သိနိုင်လေသည်။
ကွင်းယုန်၏ အပေါ်နှုတ်ခမ်းသည် ကွဲနေ၏။ နှာခေါင်း နှင့် နှုတ်ခမ်းတို့သည်လည်း အစဉ်လှုပ်ရှားနေသည်ဟု ထင်ရ လေသည်။ အထူးသဖြင့် ကွင်းယုန်ကလေးများတွင် ထိုသို့ ဖြစ် တတ်သည်။ ရှေ့ခြေထောက်တွင် ခြေချောင်းကလေးများ ငါး ချောင်းစီရှိ၍ နောက်ခြေထောက်များတွင်မူ လေးချောင်းစီသာ ရှိသည်။ ကွင်းယုန်သည် မလွှဲသာ၍ ရန်သူကို ခုခံရလျှင် ယင်း၏နောက်ခြေများနှင့် ရန်သူကို နာကျင်အောင် ကန် ကျောက်နိုင်လေသည်။ ကွင်းယုန်သည် ယင်း၏နောက်ခြေများ ကြောင့် အတော်အလှမ်းကျယ်စွာ ခုန်လွှားနိုင်သည်။ ယင်း၏ ရှေ့ခြေထောက်များကို ရှဉ့်များကဲ့သို့ အစာစားရာတွင် အသုံး မပြုနိုင်ချေ။ ကွင်းယုန်နှင့် တွင်းယုန်နှစ်မျိုးစလုံးသည် ကြောက် တတ်သော်လည်း မလွှဲသာ၍ သားငယ်ကလေးများအတွက် ခုခံ ရန် လိုသောအခါတွင် ရဲရင့်စွာ ခုခံတတ်ကြသည်။ ခုခံရာတွင် ယင်းတို့၏ သန်မာသော နောက်ခြေထောက်များကို အသုံးပြုကြ သည်။ တစ်ခါက မြွေပါမြီးတို တစ်ကောင်နှင့် မြွေတစ်ကောင် အား သတ်ထားသည်ကို တွေ့ရဖူးသည်။ အိမ်တွင် မွေးမြူထား သည့် တွင်းယုန်များသည် ယေဘုယျအားဖြင့် ကြောင်များနှင့် သင့်မြတ်အောင် နေထိုင်လေ့ရှိကြသော်လည်း မလွှဲသာ၍ မသင့် မမြတ် ဖြစ်ကြသောအခါတွင် နိုင်အောင်တိုက်ခိုက်လေ့ ရှိကြ သည်။ ရန်သူ၏ဘေးမှ တိမ်းရှောင်ကြရာတွင် လွန်စွာပါးနပ်ကြ သည်။ လေ့လာသူအချို့ကမူ ရန်သူကို တိမ်းရှောင်ကြရာ၌ ယုန် များသည် မြေခွေးတို့ကဲ့သို့ပင် ပါးနပ်ကြသည်ဟု ဆိုလေသည်။ ရန်သူက ယုန်ကို လိုက်သောအခါတွင် ယုန်သည် အားကုန်ပြေး ပြီးလျှင် ရုပ်တရက် ရပ်လိုက်တတ်သည်။ ထိုသို့ ရပ်လိုက်ပြီး လျှင် အခြားတစ်ဖက်သို့ အလွန်လျှင်မြန်စွာ ထွက်ပြေးသွား တတ်လေကွင်းယုန်များသည် မကြာခဏ သားဖွားတတ်ကြသဖြင့် အပွားမြန်သည်။ ခြောက်လအရွယ်သို့ ရောက်လျှင် မိတ်လိုက် နိုင်သည်။ တစ်နှစ်တွင် နှစ်ကြိမ် သုံးကြိမ် သားမွေးနိုင်သည်။ မိခင်သည် ကိုယ်ဝန်ကို တစ်လသာ လွယ်သည်။ တစ်ကြိမ် မွေးလျှင် ယုန်ကလေး နှစ်ကောင်မှ ငါးကောင်အထိ မွေးတတ် သည်။ တစ်လ၊ သို့မဟုတ် နှစ်လကြာအပြီးတွင် ယုန်ကလေး များသည် ဘာသာဘာဝ နေထိုင်စားသောက်ကြသည်။ အချို့နေရာများတွင် ကွင်းယုန်တို့၏ သဘာဝရန်သူများ ဖြစ်သော မြေခွေး၊ မြွေပါမြီးတို၊ လင်းယုန်၊ သိမ်းနှင့် ခွေးတူဝက်တူများကို လူများက ရှင်းလင်းသုတ်သင်ပေးကြသဖြင့် ကွင်းယုန်များသည် အတိုးပွား မြန်လာပြီးလျှင် စိုက်ခင်းများ ကိုပင် ဖျက်ဆီးပစ်ကြလေသည်။ ထို့ကြောင့် အချို့နေရာများ တွင် စိုက်ခင်းများ အတွင်းသို့ ကွင်းယုန်များ မဝင်နိုင်အောင် ခြံများကိုပင် ကာထားကြရလေသည်။ ဩစတြေလီးယားတိုက် ကဲ့သို့သော ကွင်းယုန်၏ အနှောင့်အယှက်ကို ခံကြရသည့် နေရာများတွင်မူ ကွင်းယုန်များကို ကျော့ကွင်းများ၊ ခွေးများနှင့် သေနတ်များ အသုံးပြုကာ ကာကွယ်ပေးကြရသည်။ ထိုသို့ ပြုလုပ်ရုံမျှနှင့် မရသေးလျှင် အချိန်မှန်မှန် ခရိုင်တစ်ခရိုင် အတွင်းရှိ ယောက်ျားကြီးငယ်များနှင့် တစ်ခါတစ်ရံတွင် မိန်းမ ကြီးငယ်များသည် ကွင်းယုန်များ နေထိုင်သော နေရာများကို စတုရန်းတစ်မိုင်ခန့် တိုင်း၍ ကွင်းယုန်များကို ဝင်းခြံတစ်ခု အတွင်းသို့ မောင်းသွင်းပြီးလျှင် တုတ်ကြီးများဖြင့် ရိုက်သတ်ကြ ရလေသည်။ ထိုကဲ့သို့သောအခါမျိုးတွင် တစ်နေ့တည်း၌ပင် ကွင်းယုန်ပေါင်း ၂ဝဝဝဝ ခန့်ကို ရိုက်သတ်နိုင်ကြလေသည်။ ကွင်းယုန်သားသည် ခပ်ထပ်ထပ်ဖြစ်သော်လည်း ထူးခြား သည့် အနံ့ရှိသဖြင့် လူကြိုက်များသည်။ ယုန်၏ အမွှေးများကို အထူးသဖြင့် ဆောင်းရာသီ၌ အရောင်ပြောင်းသည့် အမွှေးများ ကို အဖိုးတန်သည့် သားမွှေးတုအနေဖြင့် အသုံးများသည်။ တွင်းယုန်တွင် အရိုင်းနှင့် အယဉ်ဟု နှစ်မျိုးရှိသည်။အတွင်းတွင် ယုန်သားသည် အတော်ပင် နာမည်ကျော်ကြားခဲ့လေသည်။ထိုသို့ နာမည်ကျော်ကြားမှုကြောင့် အမေရိကန်ပြည်ထောင်စုအတွင်းရှိ ပြည်နယ်အတော်များများသို့ တွင်းယုန်မွေးမြူခြင်းသည် ပျံ့နှံ့သွားခဲ့လေသည်။ ဒုတိယကမ္ဘာစစ်အတွင်းကလည်း တွင်းယုန်သားကို အတော်ပင်လူကြိုက်များ ခဲ့လေသည်။ အချို့နေရာများတွင် ထိုအသားကို လိုသလောက် မပေးနိုင်အောင်ပင် ဖြစ်ခဲ့လေသည်။ တွင်းယုန်ကို လူကြိုက်များ ရာတွင် အကြောင်းနှစ်မျိုးရှိ၏။ ပထမအကြောင်းမှာ တွင်းယုန် အမွှေးများကို သက္ကလပ်ကြမ်း ပြုလုပ်နိုင်ခြင်းကြောင့် ဖြစ်၍၊ ဒုတိယအကြောင်းမှာ ယင်းတို့ကို အဖိုးတန်သည့် အမွှေးများနှင့် တူအောင် ဆေးဆိုးယူနိုင်ခြင်းကြောင့် ဖြစ်သည်။
တွင်းယုန်များကို မွေးမြူရာတွင် အစာကို ဂရုစိုက်၍ ကျွေးမွေးရန် လိုအပ်ပေသည်။ ရေကောင်းရေသန့် များများနှင့် ဆားအနည်းငယ်ကိုပါ နေ့စဉ် ကျွေးသင့်သည်။ ယင်းတို့ကို ထားရာ အိမ်များကို မွေးမြူသည့် တိုင်းပြည်၏ ရာသီဥတုနှင့် ကိုက်ညီစွာ ဆောက်လုပ်ရန် လိုပေသည်။ သန့်သန့်ရှင်းရှင်း လည်း ထားရမည်။ နေ့စဉ် ယုန်များ၏နေရာများကို ရှင်းလင်း ပေးပြီးလျှင် ကောက်ရိုး၊ သို့မဟုတ် သစ်ရွက်များကို အသစ်လဲ ပေးသင့်သည်။ ထို့ပြင် လေကောင်းလေသန့်နှင့် နေရောင်ကို လည်း ရရှိစေရန် ဖန်တီးပေးရမည်။ သို့မဟုတ်လျှင် တွင်းယုန် များတွင် ရောဂါကျရောက်တတ်လေသည်။