အိုးလုပ္ငန္း
ကျောက်မြောင်းက အိုးလုပ်ငန်း
နန္ဒာအောင် 13 SEP 2017 | မြန်မာတိုင်းမ်အပတ်စဉ်
'မြဂုဏ်ရည်' စဉ့်အိုးလုပ်ငန်းခွင်မှ အိုးလုပ်သားတစ်ဦး။ နန္ဒာအောင်/မြန်မာတိုင်း(မ်)
'မြဂုဏ်ရည်' စဉ့်အိုးလုပ်ငန်းခွင်မှ အိုးလုပ်သားတစ်ဦး။ နန္ဒာအောင်/မြန်မာတိုင်း(မ်)
ေကြွထည်၊ ပလတ်စတစ်၊ ဒန် စတဲ့ လူသုံးကုန်ပစ္စည်းတွေက မြန်မာ့မြေထည်နဲ့ စဉ့်အိုးလုပ်ငန်းတွေကို လွှမ်းမိုးဝါးမျိုလိုက်တယ်ဆိုပေမဲ့ လူတွေရှိနေသရွေ့ ဒီပစ္စည်းတွေအပေါ် ဝယ်လိုအားကလည်း ဆက်လက်တည်ရှိနေဦးမယ်လို့ ဦးမြမောင်က ယုံကြည်ပါတယ်။
မြန်မာနိုင်ငံမှာတော့ အရည်အသွေးကောင်းတဲ့ စဉ့်အိုးတွေကို ထုတ်လုပ်နေပြီး စဉ့်လုပ်ငန်းကိုပဲ အဓိကထားလုပ်ကိုင်တဲ့ နေရာတွေထဲမှာ စစ်ကိုင်းတိုင်းဒေသကြီး၊ ကျောက်မြောင်းမြို့နယ်ထဲမှာ တည်ရှိတဲ့ ရွာလေးရွာက အဓိကကျ တယ်လို့ဆိုနိုင်ပါတယ်။ အဲဒီရွာတွေကတော့ နွယ်ငြိမ်း၊ ရွှေဂွန်၊ ရွှေတိုက်နဲ့ မလားရွာတို့ပဲ ဖြစ်ပါတယ်။
ပဲခူးနဲ့ တွံတေးမြို့တို့မှာလည်း အိုးလုပ်ငန်းတွေ လုပ်ကိုင်တယ်ဆိုပေမဲ့ ကျောက်မြောင်းအိုးလုပ်ငန်းလောက် အရွယ်အစားအကြီးဆုံး စဉ့်အိုးကြီးတွေ ထုတ်လုပ်၊ ရောင်းချနိုင်မှုမျိုးတော့ မရှိသေးပါဘူး။
ဦးမြမောင် ငယ်စဉ်ကာလကတော့ စဉ့်ရည်လွှမ်းထားတဲ့ ခပ်လေးလေး အရွယ်စုံ စဉ့်အိုးခွက်တွေဆိုတာ မြန်မာလူမျိုးတွေအများစု အသုံးပြုခဲ့ကြတဲ့ လူသုံးကုန်တစ်မျိုးပဲ ဖြစ်ပါတယ်။ ဒါပေမဲ့ လက်ရှိခေတ်မှာတော့ အဲဒါတွေ အစားေကြွအိုး၊ ေကြွခွက်တွေလိုမျိုးအပြင် ပလတ်စတစ်၊ စတီး၊ ဖိုင်ဘာ၊ အလူမီနီယံစတဲ့ အလွယ်တကူ ပုံသွင်းယူနိုင်တဲ့ပစ္စည်းတွေက နေရာယူသွားကြပါပြီ။
ဦးမြမောင်ကတော့ သူ့လက်ထက် စဉ့်လုပ်ငန်းကို အိုးတစ်မျိုးတည်းတင် မကဘဲ လူ့အသုံးအဆောင်ပစ္စည်း အမျိုးမျိုးတို့ကို ပြောင်းလဲထုတ်လုပ်ခဲ့ပါတယ်။ သူ့ရဲ့ 'မြဂုဏ်ရည်' မိသားစု စဉ့်အိုးထုတ်လုပ်ရောင်းဝယ်ရေး အရောင်းပြခန်းမှာတော့ ဗိုလ်ချုပ်အောင်ဆန်းနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ရဲ့ ပုံတူပန်းပု ရုပ်တွေအပြင် လက်နဲ့ပြုလုပ်ဖန်တီးထားတဲ့ တခြားသော ချစ်စရာကောင်းတဲ့ စဉ့်နဲ့ မြေအရုပ်တွေအပြင် ပန်းအိုးအမျိုးမျိုးကို ခင်းကျင်းပြသထားပါတယ်။ ဈေးနှုန်းတွေကတော့ အနည်းဆုံး ကျပ် ၁၀ဝ ကနေ အများဆုံး ကျပ်သုံးသောင်း အထိ ရှိပါတယ်။
အိုးလုပ်ငန်းက ကျွန်တော့်ဘဝပါပဲ"လို့ ၂၄ နှစ်အရွယ် အိုးဆရာဖြစ်သူ ကိုတူးနိုင်က ရေသိုလှောင်တာ (သို့) ငါးပိသိပ်တဲ့အခါ အဓိကသုံးတဲ့ ရာဝင် အိုးကြီးကို အိုးတပည့်ဖြစ်သူနဲ့အတူ လုပ်ရင်း ပြောပါတယ်။
"ကျွန်တော်တတ်ကျွမ်းတဲ့ အိုးလုပ်ငန်းကို အေးအေးချမ်းချမ်းလုပ်ကိုင်ရင်း နေရတာကိုပဲ သဘောကျတယ်"လို့လည်း သူက ဆိုပါသေးတယ်။
သူနေထိုင်တဲ့ ကျောက်မြောင်းတစ်ဝိုက်မှာ ပုံမှန်လယ်စိုက်ပျိုးသူတစ်ဦးကို ပျမ်းမျှအားဖြင့် တစ်ရက် ကျပ် ၃,၅၀ဝ လောက် ရရှိပေမဲ့ ကိုတူးနိုင်ရဲ့ အိုးဆရာအဖြစ် တစ်ရက်လုပ်ခကတော့ အနည်းဆုံး ကျပ် ၆,ဝ၀ဝ လောက် ရှိပါတယ်။
အိုးလုပ်ငန်းရှင်တွေဟာ ကိုတူးနိုင်လို အိုးဆရာအပါအဝင် အိုးတပည့်၊ တောက်တိုမည်ရလုပ်တဲ့သူကနေ ဖိုဆရာ စတဲ့ အိုးလုပ်သားတွေ အကုန်လုံးကို ကျွမ်းကျင်မှုအရ နှစ်စဉ်စရန်ငွေအဖြစ် ကျပ် နှစ်သိန်းကနေ သိန်း ၂၀ အထိ ပေးပြီး စာချုပ်ချုပ်ငှားရမ်းကြရပါတယ်။ ဒါက ကိုယ့်လုပ်သားတွေ တခြား အိုးလုပ်ငန်းရှင်တွေဆီ ပါမသွားဖို့ ကြိုတင်ပြင်ဆင်ကြတာပဲ ဖြစ်ပါတယ်။
ဖို (အိုးဖုတ်တဲ့ဖို)ထဲမှာ ရာဝင်အိုးကြီး အလုံး ၉၀ နီးနီးလောက် တစ်ခါတည်း ဖုတ်လို့ရတယ်။ အဲဒီလိုဖုတ်တဲ့အခါမှာ မီးနဲ့နှစ်ရက်ဆက်တိုက် ဖုတ်ရတယ်။ ပြီးတော့ နောက်ထပ်နှစ်ရက်ကို ဖိုထဲက အိုးတွေအေးသွားအောင်၊ အလွယ်တကူ ထုတ်ယူလို့ရအောင် အအေးခံထားရတယ်"လို့ ကြေးနီရောင်ထနေတဲ့ အသား အရေနဲ့ ထောင်ထောင်မောင်းမောင်း ကိုယ်ခန္ဓာပိုင်ရှင် အသက် ၅၁ နှစ်အရွယ် ဖိုဆရာ ဦးတင်မောင်သိန်းက ရှင်းပြပါတယ်။ ဖိုလုပ်ငန်းအတွက် သူ့ရဲ့လက်အောက်မှာ နောက်ထပ်လုပ်သား ခြောက်ဦးခန့် ရှိပါတယ်။ သူတို့တွေအနေနဲ့ အဝါရောင်၊ အစိမ်းရောင်၊ အညိုရောင်၊ အနက်ရောင်စတဲ့ စဉ့်အရောင်တွေ အိုးပေါ်မှာသုတ်လိမ်းဖို့အတွက်လည်း တာဝန်ယူရပါသေးတယ်။ စဉ့်ရည်ရလာအောင် ဖျော်စပ်တဲ့အခါမှာ ပြည်တွင်း က အဓိကထွက်ရှိတဲ့ သဘာဝသယံဇာတတွေကိုပဲ အသုံးပြုကြပါတယ်။
မီးတောင်တွေအနီးက ချော်ခဲတွေကတော့ ရှမ်းပြည်နယ်ကနေ ထွက်ရှိကာ အပြာရောင်ရှိတဲ့ ဒုတ္ထာခဲတွေကိုတော့ မုံရွာနဲ့ ပဲခူးတို့ကနေ ရရှိပြီး မြေဖြူ အမျိုးအစားကိုတော့ ပျဉ်းမနားကနေ မှာယူစုဆောင်းထားရပါတယ်။ စဉ့်အနက်ရောင်ရဖို့အတွက်တော့ ချော်ခဲနဲ့ ဓာတ်ခဲမှုန့်တို့ကို အဓိကသုံးရတယ်လို့ ဦးတင်မောင်သိန်းက ဆိုပါတယ်။
အလားတူပဲ တလက်လက်တောက်နေတဲ့ စဉ့်အရောင်တွေနောက်မှာ ဓာတုဗေဒနည်းအရ တွင်းထွက်ပစ္စည်းတွေကို သုံးပြီး အရောင်တွေကို အသီးသီး ဖျော်စပ်ရတာပါ။
စဉ့်ရည်သုတ်ပြီးတဲ့ အိုးတွေ အားလုံးကို ဖိုထဲကို စနစ်တကျသွတ်သွင်း ပြီးပြီဆိုရင်တော့ ဖိုလုပ်သားတွေက ဖိုနှုတ်ခမ်းအဝကို အုတ်နီခဲပြားပြား ရှည်ရှည်တွေနဲ့ မီးထိုးလို့ရလောက်တဲ့ အပေါက်လေးတစ်ခုစာ ချန်လှပ်ထားပြီး ယာယီပိတ်ပစ်လိုက်ပါတယ်။ အဲဒီနောက်မှာတော့ ချန်ထားတဲ့အပေါက် လေးကနေတစ်ဆင့် ကုန်တင်ကားတစ်စီးစာလောက်နီးနီးရှိတဲ့ ထင်းတွေကို မီးအားကောင်းအောင် အဆက်မပြတ် ထိုးပေးရပါတယ်။
အိုးလုပ်သားတွေရဲ့ လက်တွေကို ကြည့်လိုက်၊ အမြဲတမ်းရေနဲ့ မြေနဲ့ပဲ ထိတွေ့ကိုင်တွယ်နေရတော့ မြို့ပေါ်က ကျော်ကြားပါတယ်ဆိုတဲ့ အနုပညာရှင်တွေရဲ့ လက်တွေထက်တောင် နုနေသေးတယ်"လို့ မြဂုဏ်ရည်အိုးလုပ်ငန်းရဲ့ မန်နေဂျာတစ်ဦးဖြစ်တဲ့ ဦးအုံးမောင်က အားပါးတရရယ်မောရင်း အရွှန်း ဖောက်ပါတယ်။
မြေ၊ ရေ၊ လေနဲ့ မီး
အိုးလုပ်ရာမှာ အဓိကလိုအပ်တဲ့ ရွှံ့အမျိုးအစားတွေကို နွယ်ငြိမ်းရွာ အနီးတစ်ဝိုက်မှာပဲ တစုတစည်းတည်း ရှာဖွေတွေ့ရှိနိုင်ပါတယ်။ သမိုင်းကြောင်းအရ မြေထည်၊ စဉ့်ထည်လုပ်ငန်းဟာ နွယ်ငြိမ်းရွာမှာ အလောင်းဘုရား မင်းဆက် (၁၇၅၂ မှ ၁၇၆၀)ကတည်းက စတင်ခဲ့တယ်လို့ ဒေသခံတွေက ပြောပြပါတယ်။
မြေအိုးရဖို့ အဓိကလိုအပ်တာကတော့ မြေနီ (ညောင်နီ)နဲ့ မြေနု (မြေဝါ) နှစ်မျိုးဖြစ်ပြီး အဲဒီမြေအမျိုးအစား နှစ်မျိုးစလုံးကို နွယ်ငြိမ်းရွာအနီးမှာ ရရှိနိုင်ပါတယ်။
ဖိုလုပ်ငန်း၊ အိုးဆရာ၊ အိုးတပည့်၊ အိုးကြီးပွဲစား စတဲ့အလုပ်တွေကို ထဲထဲဝင်ဝင် လုပ်ကိုင်ခဲ့ဖူးတဲ့ ဦးမြမောင်ဟာ တစ်နေ့ထက်တစ်နေ့ စဉ့်အိုး ဝယ်လိုအားတွေ လျော့နည်းလာမှာကို မမှုပေမဲ့ သူ့ရဲ့နောက်ဆုံးမျိုးဆက်က မြေး၊ မြစ် ခေတ်လူငယ်တွေ မိသားစုစဉ်ဆက်လုပ်ကိုင်လာတဲ့ စဉ့်အိုးလုပ်ငန်း ကို သူနဲ့သူ့သားသမီးတွေလက်ထက်ကလောက် စိတ်ပါဝင်စားမှုမရှိတော့ တာကိုတော့ စိုးရိပ်ပူပန်နေပုံပါပဲ။
"အဘဆီမှာ သားသမီးတွေကမွေးတဲ့ မြေး၊ မြစ်တွေအများကြီးရှိတယ်။ ဒါပေမဲ့ သူတို့တွေအကုန်လုံး တစ်ယောက်မှ မိသားစုစဉ်ဆက်လုပ်လာတဲ့ စဉ့်အိုးလုပ်ငန်းကို စိတ်မဝင်စားကြပါဘူး။ သူတို့က ဒါကို အောက်ကျတဲ့ အလုပ်လို့ တွေးကြမှာပေါ့လေ။ ဘယ်တတ်နိုင်မလဲ"လို့ ဆိုပါတယ်။
ဦးမြမောင်ရဲ့ယုံကြည်မှုအရ လူတွေရှိနေသရွေ့ စဉ့်အိုးလုပ်ငန်းလည်း ဆက်လက် တည်ရှိနေဦးမယ်ဆိုတာကတော့ မှန်ကောင်းမှန်ပါလိမ့်မယ်။
"အဘက အိုးတစ်လုံးကိုကြည့်ပြီး အဲဒီအိုးကောင်းမကောင်းနဲ့ ဘာတွေ လိုအပ်တယ်၊ ဘယ်အဆင့်၊ ဘယ်သူ့ဆီမှာ မှားလာတယ်ဆိုတာကို တန်းသိတယ်"လို့ ဦးမြမောင်က ဆိုပါတယ်။
နောက်ဆုံး ဆိုင်ပေါ်တင်လာတဲ့ အိုးရဲ့ အရည်အသွေးနဲ့ အားနည်ချက်၊ လိုအပ်ချက်တွေကို တစ်ချက်ကြည့်ရုံနဲ့ သိနိုင်လောက်အောင် အတတ်ပညာကြွယ်ဝတဲ့ ဦးမြမောင်အဖို့ သူ့ရဲ့တစ်ဘဝတာ အတွေ့အကြုံတွေကို သူ့သွေး သားမျိုးဆက်သစ်တွေဆီ လက်ဆင့်ကမ်းပေးနိုင်ပါ့မလား ဆိုတာကတော့။
Congratulations @thaythaylay! You have completed the following achievement on the Steem blockchain and have been rewarded with new badge(s) :
Click here to view your Board of Honor
If you no longer want to receive notifications, reply to this comment with the word
STOP
Do not miss the last post from @steemitboard: