ကျွန်​မရဲ့ကြင်​နာသူ 🌟🌟🌟

in #writing6 years ago

ကျွန်​မရဲ့ကြင်​နာသူ
🌟🌟🌟
"အခန်းထဲပြန်​ဝင်​မှာလား ကျွန်​မလိုက်​ပို့​ပေးမယ်​"
"ရပါတယ်​ "
ရှိန်းကသူ့ကိုတွဲထူထား​သောသူမလက်​ကိုဆွဲဖြုတ်​လိုက်​သည်​ သူမလည်းအခန်းပြင်​မှပင်​ရှိန်းဝင်​သွားတာကိုကြည့်​လိုက်​သည်​ ရှိန်းတံခါးပိတ်​လိုက်​​တော့သူမလည်းပြန်​ဖို့​ခြေလှမ်းလိုက်​သည်
"​နေဦး "
အခန်းတံခါးပြန်​ဖွင့်​လာပြီးရှိန်းက​ပြောလိုက်​သည်
"ဘာ ကိစ္စရှိလို့လဲ ဘာ ​ပြောမလို့လဲ"
"ည​နေ​လေးနာရီက ယာဉ်​တိုက်​မှုဖြစ်​ပြီးဆုံးသွားတဲ့လူ​လေးငါး​ယောက်​ကိုခဏ​နေ အ​အေးတိုက်​မှာ​ရွေ့​ပြောင်းဖို့ဒီကိုဖြတ်​ပြီးတွန်းလာကြလိမ့်​မယ်​မင်း ဟို ညနက်​ပြီးဆို​တော့ ​ကြောက်​တတ်​ရင်​ ဘုရားစာ​လေးရွတ်​ပြီးပြန်​လို့​ပြောမလို့ပါ ခုလိုအသိ​ပေးထားရင်​လည်း မင်းမြင်​ရင်​မလန့်​​အောင်​လို့"
ရှိန်းက​ပြောပြီးတံခါးပြန်​ပိတ်​လိုက်​သည်​ ဂျူလီယာ့မှာ​ခြေတစ်​လှမ်း​တောင်​​ရွေ့မရ​တော့ ​ကျောက်​ချထားသလိုရပ်​​နေ​သော​နေရာမှာပင်​မြဲမြံ​နေသည်​ တီး တီး နာရီအချက်​​ပေးသံ​ကြောင့်​ဆက်​ခနဲလန့်​သွားသည်​ ရှစ်​နာရီထိုးပြီး
"​ဒေါက်​ ​ဒေါက်​"
ဘယ်​အရာကခိုင်း​စေလိုက်​သည်​မသိအခန်းတံခါးကို​ခေါက်​လိုက်​မိသည်​ ရှိန်းကတံခါးဖွင့်​လိုက်​ပြီးသူမကိုကြည့်​ကာ
"မပြန်​​သေးဘူးလား မြန်​မြန်​သွား ခဏ​နေသူတို့လာကြ​တော့မယ်​"
ရှိန်းစကားဆုံးသည်​နှင့်​သူမရှိန်းအခန်းထဲဝင်​ပြီးသားဖြစ်​သွားသည်​ တံခါးကိုလည်းအမြန်​ပြန်​ပိတ်​လိုက်​ပြီး​လော့ချထားလိုက်​သည်
"​ကြောက်​လို့လား"
ရှိန်းက​မေးရင်းသူ့ကုတင်​​ပေါ်ပြန်​ထိုင်​ချလိုက်​သည်​ ဂျူလီယာလည်း​ကြောက်​တယ်​လို့​တော့မ​ဖြေချင်​ ဒါ​ကြောင့်​အခန်းထဲ​ဝေ့ဝဲကြည့်​လိုက်​ပြီးဘယ်​သူမှမရှိတာနဲ့
"ကျွန်​မလား အဟင်း မ​ကြောက်​ပါဘူး ကျွန်​မက​ကြောက်​တတ်​တဲ့လူမှမဟုတ်​တာ ရှင်​ကတစ်​​ယောက်​ထဲလူနာ​စောင့်​လဲမရှိတာနဲ့ အဲ့ဒါရှင်​များအားငယ်​ပြီး​ကြောက်​​နေမလားလို့လာကူ​နေ​ပေးတာ​လေ ဘာလဲ ရှင်​ကကျွန်​မကို​ကျေးဇူးမတင်​ဘူး​ပေါ့ဟုတ်​လား"
"အပို​တွေအရမ်းမ​ပြောနဲ့ ​ခေါင်းကိုက်​တယ်​"
ပြော​ရင်းသူကလှဲချလိုက်​သည်​ ဟ ဒါမျိုး​တော့မိဂျမ်းကိုလာမလုပ်​နဲ့
"ဒီမှာ ရှင်​က​ကျေးဇူးမတင်​တဲ့အပြင်​ဒီလိုမျိုး အတိတ်​​မေ့သလို​ရွှေ​ပျောက်​သလိုလာလုပ်​​နေတယ်​​ပေါ့​လေ ထ ထ ကျွန်​မနဲ့စကားထ​ပြော ထ"
ပြောရင်းသူ့ကိုဆွဲခါလိုက်​​သေးသည်​ ဟင်း မလှုပ်​ပါလား ​သေများသွားပြီလား မဖြစ်​ဘူး​နော်
"ကိုရှိန်း ထ ကိုရှိန်းထထထ"
ဟာ တကယ်​ဘဲ​သေသွားတာလား ဒုက္ခဘဲ ငါအမှုပတ်​မှာ​ပေါ့သူ​သေရင်
"ကျွန်​​တော်​​ခေါင်းကိုက်​​နေတယ်​ ​အေး​အေး​ဆေး​ဆေးလှဲ​နေပါရ​စေ"
"ဟင်း ရှင်​မ​သေဘူး ​တော်​​သေးတာ​ပေါ့"
သူကဘာမှပြန်​မ​ပြောဘဲ သူမလက်​ကိုဆုတ်​ကိုင်​ထားလိုက်​​သည်
"ကိုရှိန်း ဘာလို့ ကျွန်​မလက်​ကိုကိုင်​ထားတာလဲ"
"မင်းကြားဖူးလား လူ​တွေ​သေရင်​​သွေးပူ​တွေအားလုံးဗိုက်​ထဲမှာပြန်​စု​နေပြီး​သွေးမရှိ​တော့တဲ့လက်​ဖျား​တွေ​ခြေဖျား​တွေ​အေးစက်​သွားတယ်​တဲ့ မင်းကလူနာလာ​စောင့်​တာဆို​တော့မင်းလူနာ​သေမ​သေလက်​ကိုကိုင်​ကြည့်​ပြီးသိနိုင်​တာဘဲ ဆုပ်​ထား ဘယ်​​တော့မှမလွှတ်​နဲ့"
သူက​ပြောပြီးမျက်​လုံးပြန်​မှိတ်​ကာငြိမ်​သွားပြန်​သည်​ သို့​သော်​သူ့လက်​က​တော့​နွေး​ထွေးမြဲ ​နွေး​ထွေးဆဲ ဘာရယ်​​တော့မသိသူမရဲ့မ​သေဆုံး​သောနှလုံးသားလည်း​အေးစက်​​သော​ဆေးရုံကလူနာခန်းမှာ​နွေး​ထွေးလာသည်​ သူမကိုသူကမကြည့်​​သော်​ငြာလည်းရှက်​ပြုံး​လေးတစ်​ခုသူမမြင်​​အောင်​ပြုံးပြမိသည်​....

Sort:  

Congratulations @niyannn! You have completed the following achievement on Steemit and have been rewarded with new badge(s) :

Award for the number of upvotes

Click on the badge to view your Board of Honor.
If you no longer want to receive notifications, reply to this comment with the word STOP

Do you like SteemitBoard's project? Then Vote for its witness and get one more award!

Congratulations @niyannn! You received a personal award!

Happy Birthday! - You are on the Steem blockchain for 1 year!

You can view your badges on your Steem Board and compare to others on the Steem Ranking

Vote for @Steemitboard as a witness to get one more award and increased upvotes!

Coin Marketplace

STEEM 0.24
TRX 0.24
JST 0.039
BTC 103568.60
ETH 3312.61
SBD 5.99