နင်​ရယ်​ငါရယ်​......သူတို့​တွေရယ်

in #writing6 years ago

နင်​ရယ်​ငါရယ်​......သူတို့​တွေရယ်

အပိုင်း(၁)

ဆောင်းဦး၏ ညချမ်းသည်​​တိတ်​ဆိတ်​ခြင်းနှင့်​အတူ ​အေးမြ​နေသည်​။

ပြတင်း​ပေါက်​မှ ဝင်​လာ​သော ​လေတဖြူးဖြူး​ကြောင့်​ ' မိုး​နေ့ ' နှစ်​ခြိုက်

စွာအိပ်​​ပျော်​​နေ​လေပြီ။ ထိုစဉ်​.....

" မိုး​နေ့ "

" ​ဟျောင့်​ "

"မင်းဘာလုပ်​​နေတာလဲကွ"

"ငါတို့မင်းကို​စောင့်​​နေတာ ကြာ​နေပြီး"

မိုး​နေ့ ၏ အိမ်​ခြံအပြင်​မှ ထွန်းဦး ၊ ဖိုး​ကျော်​ ၊ မျိုး​အောင်​ နှင့်​ ​ဝေလင်း တို့

၏ တစ်​​ယောက်​တစ်​​ပေါက်​ ​ခေါ်​နေ​သောအသံဖြစ်​သည်​။

"​ဟေ့ဘယ်​သူ​တွေလဲကွယ့်​"

" ကြီးကြီးမြ ကျွန်​​တော်​တို့ပါဗျ "

"မိုး​နေ့ရှိလားကြီးကြီးမြ"

ကြီးကြီးမြဆိုသူ မှာ မိုး​နေ့ ၏ အ​မေ ပင်​ဖြစ်​သည်​။ မိုး​နေ့တွင်​အ​ဖေမရှိ

တော့ပါ။မိုး​နေ့ အလယ်​တန်း​ကျောင်းသား ဘဝတုန်းကပင်​ ကွယ်​လွန်

သွားခဲ့သည်​။

ထို့​ကြောင့်​ မိုး​နေ့ ကိုသူ၏မိခင်​ ကြီးကြီးမြ နှင့်​ သူ၏အစ်​မ​နှစ်​​ယောက်​က

အလိုလိုက်​ကြသည်​။အငယ်​ဆုံးမို့ မျက်​နှာအညိုးမခံ။မိုး​နေ့ ဆယ်​တန်း

အောင်​ပြီး​သော်​ လည်း မို့​နေ့ တတ်​ချင်​​သောရန်​ကုန်​စီးပွားတက္ကသိုလ်

သို့သွား​ရောက်​တတ်​​စေခဲ့သည်​။ ရန်​ကုန်​မြို့တွင်​ မို့​နေ့၏အ​ဖေဘက်​မှ

အ​ဒေါ်များရှိ​နေသည်​မို့ စိတ်​ချခြင်းဖြစ်​သည်​။ယခုဆိုလျှင်​​ကျောင်းပြီးပြီ။

ထို့​ကြောင့်​မိုး​နေ့မှာ လိုတိုင်းရ ဖြစ်​ချင်​တိုင်းဖြစ်​ခွင့်​ရ​နေ​သော​ကြောင့်

ဆိုးချင်​တိုင်းဆိုး ဂျစ်​ကန်​ကန်​ ပုံစံဖြစ်​​နေသည်​မှာမဆန်း​ပေ။

"မိုး​နေ့ ရှိတယ်​မဟုတ်​လား "

"မင်းတို့သူငယ်​ချင်းကရှိပါတယ်​ ည​နေ​ရေမိုးချိုးထမင်းစားပြီး

ကတည်း ကအိပ်​​​နေတာ အခုထိပဲ ​လေ ခရီးကပြန်​​ရောက်​ခိုက်​ဆို

တော့ ပင်​ပန်းသွားတယ်​ထင်​ပါရဲ့​အေ"

မိးု့​နေ့အ​မေစကား​ကြောင့်​ထွန်းဦးမှ......

" ဟာ ဒီ​ကောင်​ ကျွန်​​တော်​တို့ကို ချိန်းထားတာ ဗျ "

" ​ဟေ ဟုတ်​လား ဒါဆို ကြီးကြီးမြ သွားနိုး​ပေးမယ်​ "

မိုး​နေ့ ခြံဝမှ ထွန်းဦးတို့ အဖွဲ့​ပြောဆို​နေ​သော စကားသံများ​ကြောင့်

အိပ်​​ပျော်​​နေရမှ နိုးလာခဲ့သည်​။ နာရီကိုကြည့်​​တော့ ည ၁၀နာရီပင်​ထိုး

နေ​လေပြီ။ ထွန်းဦးတို့အဖွဲ့ ​ဒေါပွချင်​စရာပင်​။ ည​နေက မိုးနေ့ ရန်​ကုန်မှ

ပြန်​​ရောက်​သည်​ကို သိသိချင်း ထွန်းဦး မိုး​နေ့ ကိုလာတိုင်​ပင်​ထားသည်​။

အ​ကြောင်းမှာဒီညတွင်​ ယမင်းအိမ်​​ရှေ့ ၌ ဂစ်​တာတီးသီချင်း သွားဆိုကြ

မည်​ဖြစ်​သည်​။ မို့​နေ့တို့အဖွဲ့တွင်​ မိုး​နေ့ကလွဲရ်ျ​ မည်​သူမှ ဂစ်​တာ မတီး

တတ်​​ပေ။ထို့​ကြောင့်​ မိုး​နေ့ရွာပြန်​အလာကို ​စောင့်​​နေကြခြင်းပင်​။

" ​ဟျောင့်​​တွေ မင်းတို့ အသံဗြဲ ကြီး​တွေနဲ့ ​အော်​မ​နေနဲ့ ငါနိုးပြီကွ "

ဝေလင်းမှ ....

" မင်းက​တော့ အိမ်​မှာ နှပ်​​နေတယ်​ ငါတို့ကမင်းအလာကို ​စောင့်​​နေရင်း

နဲ့ ခြင်​ချီ​တော့မယ်​ကွ "

" ဟုတ်​ပကွာ "

ဝေလင်းစကားကြောင့်​ မိုး​နေ့ သ​ဘောကျစွာရယ်​ရင်း....

.
" ဟား ဟား ဟား ​အေးပါကွာ sorry ပါ "

ထွန်းဦးမှ..

" ​ဟျောင့်​ sorry ​တွေ ဘာ​တွေ လုပ်​မ​နေနဲ့ ​ခွေးမသား မြန်​မြန်​လာခဲ့ "

ထွန်းဦး မိုး​နေ့ ကိုဆဲ လိုက်​​သောစကား​ကြောင့်​ ​ဝေလင်း ဖိုး​ကျော်​နှင့်

မျိုး​အောင်​တို့​တစ်​ယာက်​မျက်​နှာတစ်​​ယောက်​ကြည့်​ရင်း ထွန်းဦးကို လက်

ကုတ်​ကြသည်​။ထွန်းဦးက​တော့မသိရှာ ။ ဇွတ်​သာ​အော်​​နေသည်​။

ထို​စဉ်​........

"ဟိတ်​ ​ကောင်​​လေး​တွေ မင်းတို့ ဘာ​ပြောလိုက်​တာလဲ ဟမ်း ​ပြောစမ်း "

ဒေါသတကြီးနှင့်​​ပြောလာ​သော မိုး​နေ့အ​မေစကား​ကြောင့်​ ထွန်းဦးပြူး

ကြောင်​​ကြောင်​နှင့်​ သူ​ပြောလိုက်​​သောစကားကို သတိမထားမိလို​က်​ရှာ။

မိုး​နေ့အ​မေက​တော့ သားထိဓားကြည့်​ ဆိုသလိုပင်​ ။

" ငါ့ကိုလာပြန်​​မေး​နေ​သေးတယ်​နင်​တို့ ငါ့သားကို ​ခွေးမသားလို့ဆဲ​တော့

ငါက ဘာဖြစ်သွားပြီလဲ ဟမ်း "

ထိုစဉ်​ ဖိုး​ကျော် ​ယောင်​တိ​ယောင်​ချာနှင့်​ပြန်​​ဖြေလိုက်​ပုံက

" ကြီးကြီးမြ က ​ခွေးမကြီး ဖြစ်​သွားတာ​ပေါ့ "

" ဟာ သွား ... သွားပြီ"

" ဘာ ​! ! ​သေနာ​ကောင်​​လေး​တွေ ငါ့ကိုမရိုမ​သေနဲ့နာဖို့သာပြင်​ "

မိုး​နေ့အ​မေ ​ဒေါသတကြီး ​ပြောဆိုရင်း အိ​မ်​​ရှေ့ ပန်းအိုးထဲတွင်​ထည့့်ထား

သော ​ကျောက်​စရစ်​ခဲ များဖြင့်​ ပစ်​​ပေါက်​​လေ​တော့သည်​။

" အာ့ ! ! အား "

" ဟ ဟ ဂဲမိုး​တွေ ရွာ ပြီ ဟ"

" ​ပြေးနိုင်​ မှ လွတ်​မယ်​​ဟေ့ "

" မိုး​နေ့​ရေ မင်း​နောက်​ကလိုက်​လာခဲ့​တော့ ငါတို့​တော့​ပြေးပြီ​ဟေ့ "

မရှူမလှ ​အော်​​ပြေးသွားကြ​သော ထွန်းဦးတို့ အဖွဲ့ကိုကြည့်​ပြီး မိုး​နေ့

အားရပါးရ ရယ်​ မိ​တော့ သည်​။

" ဟား ဟား ဟား "

မိုး​နေ့ အပါအဝင်​ သူတို့ သူငယ်​ချင်း တစ်​ဖွဲ့ လုံးသည်​ထိုသို့ပင်​ဖြစ်​သည်​။

တစ်​ရွာလုံးတွင်​ရှိ​သောအပျို များ ​အော်​​ကြောလန်​ ​သောအဖွဲ့ပင်​ဖြစ်​သည်

ထို့ထက်​မိုး​နေ့ကပိုလို့ပင်​ဆိုး​သေးသည်​။


" တိတ်​တခိုး​လေးနဲ့ပဲ¸¸♬·¯·♩¸¸♪ကိုယ်​ကချစ်​​နေတယ်​·¯·♫¸¸¸

ရင်​မဆိုင်​ရဲဘူးမင်း​လေးအကြည့်​နဲ့♬·¸¸♬·¯·♩ခံစားချက်​​တွေနဲ့သီ

ကုံးထားသမျှလည်း♪·¯·♫¸¸¸¸♬·ရင်​မှာသိုဝှက်​ပီးငါသိမ်းထားလိုက်

တော့မယ်​¸¸♬·¯·♩¸အကြိ​မ်​ကြိမ်​ အခါခါငိါကြိုးဖူးတယ်​♪·¯·♫¸

အကြိ​မ်​ကြိမ်​ အခါခါ ငါ ဆွံ့အမြဲ အိုး..¸¸¸♬·မင်းအမုန်း​​တွေမလိုချင်လို့

ငါဟာအရှူံးနဲ့လူပါ¸¸♬·¯·မပြိုက်​ခင်​ရှူံးနိမ့်​​နေပြီးသား¸♪·¯·♫¸¸¸¸♬

အမုန်းမျာကငါ့အတွက်​ဆုလာဘ်​လား¸¸♬·¯·ငါဟာတစ်​ဖက်​သက်ချစ်
နေတာ♩¸¸♪·¯·ယဉ်​ယဉ်​​လေးနဲ့ရူး​နေသူပါ♫¸¸¸¸♬ဖွင့်​​ပြောဖို့ခက်

နေတာ မင်း​​လေးနားလည်​​ပေးပါ¸¸♬·¯·♩အရမ်း​ချစ်​တယ်​¸¸♪·¯·

မင်း​သမီး​လေးရာ♫¸¸¸¸♬·¸¸♬·¯·♩¸¸♪·¯·♫¸¸¸¸♬·

ထွန်းဦး တို့အဖွဲ့ ယမင်းအိမ်​​ရှေ့တွင်​ နိမ့်​ချီမြင့်​ ချီ သံစဉ်​တခြားစာသား

တခြား အာ​ခေါင်​သံကြီးနှင့်​သီချင်း​ဆိုနေကြသည်​။ ငယ်​သံပင်ပါ​နေ​လေ

ပြီး။


ညသည်​တိတ်​ဆိတ်​ခြင်းနှ​င့်​အတူ ငြိ​မ်​ သက်​ချင်​​နေ​သော်​လည်းထွန်းဦး

တို့အဖွဲ့ ​ကြောင့်​ မငြိမ်​သက်​ နို​င်​။

အာ​ခေါင်​သံနှင့်​ သီချင်း​ဆိုေုနကြ​သောအသံ​ကြောင့်​ စံပယ်​ အိပ်​​ပျော်

နေရာမှလန့်​နိုးလာခဲ့သည။်​နာရီကိုကြည့်​လိုက်​​တော့ည ၁၁နာရီ ခွဲေ​န

လေပြီ။

"ဟား စိတ်​ပျက်​ဖ်ို့​ကောင်းလိုက်​တာ အသံဆိုကြီးး​တွေနဲ့ "

စံပယ်​ပွစိပွစိ​ပြောဆိုရင်း အိပ်ယာ​ခေါင်းရင်းမှ ပြတင်းတံခါးကိုအသာဖွင့်

လိုက်​သည်​။ကောင်းကင်​မှာလမင်းကြီးကထိန်ထိ​န်​သာလို့။

ထို့​နောက်​အသံ

လာရာဘက်​သို့ လှမ်းကြည့်​လိုက်ရာယမင်းတို့်အိမ်ဘက်​ကဖြစ်​သည်​။

ထွန်းဦး ယမင်းကို လာပိုးပန်းခြင်း​ပင်​။ စံပယ်​ နှင့်​ ထွန်းဦး မှာ တစ်​ဝမ်း

ကွဲ​မောင်​နှမ ​တော်ပါ​သည်​။ ထို့​ကြောင့်​ ထွန်းဦး၏ အ​ကြောင်းကို စံပယ်

ကောင်း​​ကောင်းသိသည်​။

" လက်​စက်​သက်​​တော့ ထွန်းဦး တို့အဖွဲ့ကိုး ယမင်းကို လာ​ကြောင်​​နေ

တာဖြစ်​ရမယ်​"

" ဟိုမိန်းမက နဂို ထဲက အရည်​​ပျော်​ချင်​​နေတာနဲ့ "

" ဟင်း...."

စံပယ်​စိ​တ်​ပျက်​စွာ သက်​ပြင်းချရင်း​ တစ်​စုံတစ်​ခုကိုသတိရမိသွားသည်​။

" ​နေ ပါဦး ထွန်းမှဂစ်​တာမတီးတတ်​တာ အသံက​​တော့ထွန်း​ဦးနဲ့ ဟို

သုံး​ကောင်​အသံပဲ ဒီ​ကောင်​အသံ​တွေကို ​ခွေးဆွဲသွား​တောင်​ ငါ​ကောင်း

ကောင်း သတိတယ်​ အခုက ဂစ်​တာသံပါ ကြား​နေရတယ်​ဆို​တော့ "

စံပယ်​ တစ်​​ယောက်​ထဲ ​ပြောရင်း​ဆိုရင်း ပြတင်းတံခါးတစ်​ချပ်​ကိုကွယ်​၍

အသံလာရာဘက်​ကိုစူးစိုက်​ကြည့်​လိုက်​သည်​။

" ဟင်​ မိုး​နေ့ "

" ဒီ အစုတ်ပလုပ်ကောင်​ ပြန်​လာတာ ငါ​တော့စိတ်​ညစ်​ရဦးမယ်​ "

စံပယ်​ငြီးတွးာမိပြီ။

##ဘာဆကြ်​ဖစ်မလဲ​စောင့်​​မျှော်​​ပေးဦး​နော်

Coin Marketplace

STEEM 0.20
TRX 0.13
JST 0.029
BTC 67130.22
ETH 3466.74
USDT 1.00
SBD 2.73