နတ်ပြည်

in #writing6 years ago

ဘုရားရှိခိုးအမျိုးမျိုးစာအုပ်များတွင် အားလုံးနီးပါးသော အမျှဝေခြင်းများ၌ ၃၁-ဘုံသည် ပါဝင်လေ့ရှိသည်။ သို့သော် ၃၁-ဘုံနှင့် ပတ်သက်၍ သာမန်သိရှိခြင်းထက် အသေအချာသိရှိကြမည် ဆိုပါက ပိုမိုအကျိုးရှိနိုင်ပေသည်ဟု ယုံကြည်ပါသဖြင့် ၃၁-ဘုံ သိကောင်းစရာအကြောင်း ကို ရေးသားဖေါ်ပြရခြင်း ဖြစ်ပါသည်။

ဤဩကာသလောကကြီးတွင် သတ္တဝါတို့၏နေထိုင်ရာဘုံဌာနမှာ သုံးဆယ့်တစ်ဘုံ ရှိသည်။ ဗြဟ္မာဘုံ နှစ်ဆယ်၊ နတ်ဘုံ ခြောက်ဘုံ၊ လူ့ဘုံ တစ်ဘုံ၊ အပါယ် လေးဘုံ တို့ဖြစ်သည်။ ထို သုံးဆယ့်တစ်ဘုံတည်းဟူသော ဩကာသလောကကြီးသည် အာသဝေါကုန်ခန်းပြီးသော ရဟန္တာမဖြစ်သေးသမျှ ထက်အောက်ပြောင်းပြန် ဗလောင်ဆန်အောင် ကျင်လည်ရဦးမည့် ဘုံဌာနများဖြစ်သည်။

မြတ်စွာဘုရား ဟောကြားထားသော နခသိခသုတ်ကိုထောက်ရှုခြင်းအားဖြင့် လူ့ဘုံမှစုတေ၍ သေလွန်ကြကုန်သောသူတို့တွင် လူ့ဘုံသို့ရောက်ရှိသောသူမှာ မြတ်စွာဘုရား၏ လက်သဲခွံပေါ်၌ရှိသော မြေမှုန့် ပမာဏမျှသာရှိ၍ အပယ်လေးဘုံသို့ကျရောက် သောသူတို့မှာ ဂင်္ဂါမြစ်လွင်ပြင်ရှိ မြေမှုန့်ပမာဏ ရှိသည်။ လူ့ဘဝမှစုတေ၍ လူပြန်ဖြစ်သော ပမာဏ နှင့် အပါယ်လေးဘုံသို့ကျရောက်သောသူတို့၏ ပမာဏ နှိုင်းဆ၍မရအောင် ကွာခြားလှပါသည်။ လူတစ်ထောင်သေ၍ တစ်ယောက်မျှလောက်ပင် လူပြန်ဖြစ်ဖို့ရာ မလွယ်ကူချေ။

မြင့်မြတ်သော ဈာန် စသည့် ဂုဏ်တို့ဖြင့် ကြီးပွားကြသူများကို “ဗြဟ္မာ” ဟုခေါ်သည်။
ကာမဂုဏ်ဝတ္တု မွဲနိုင်သမျှမွဲမှသာ ဈာန်စသည့်တရားများ ကြွယ်ဝပြီး ကြီးပွားကြကုန်သည်။ ဗြဟ္မာဘုံ(၂၀)တွင်

ရူပဗြဟ္မာဘုံ(၁၆)ဘုံ၊
အရူပဗြဟ္မာဘုံ(၄)ဘုံ ရှိသည်။
ရူပဗြဟ္မာ ဘုံ ပြင်ဆင်
ဗြဟ္မာပါရိသဇ္ဇာဘုံမှ အကနိဋ္ဌအထိ (၁၆)ဘုံကို ရူပဗြဟ္မာ ၁၆-ဘုံဟု ခေါ်သည်။ ၎င်းတို့အနက် အသညသတ်ဘုံတွင် ရုပ်တရား သက်သက်သာ ရှိသည်။
ကျန်(၁၅)ဘုံ မှာ ရုပ်တရား နာမ်တရား ၂ပါးလုံး ရှိကြသည်။ ဤရူပဗြဟ္မာဘုံများသည် နတ်ပြည်ထက် ကြီးကျယ်ခမ်းနားကြသည်။ ယောင်္ကျား မိန်းမ(ဖိုမ) အင်္ဂါများမရှိပေ။ သို့သော် ပုံသဏ္ဌာန်မှာ ယောင်္ကျားပုံ ဖြစ်သည်။ ဗြဟ္မာများ နေထိုင်ပုံမှာ ယောကီကြီးများနေထိုင်ပုံကဲ့သို့ သန့်ရှင်းစင်ကြယ်လှသည်။ အချို့မှာ မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာ ဟူသောဗြဟ္မဝိဟာရတရားလေးပါးကို ပွားများနေကြသည်။ အချို့ကား ဈာန်သမာပတ် ဝင်စားလျက် ချမ်းသာအေးမြစွာ နေထိုင်ကြသည်။

ဗြဟ္မပါရိသဇ္ဖာ ဘုံ
ဗြဟ္မပုရောဟိတာ ဘုံ
မဟာဗြဟ္မာ ဘုံ
ပရိတ္တာဘာ ဘုံ
အပ္ပမာဏာဘာ ဘုံ
အာဘဿရာ ဘုံ
ပရိတ္တာသုဘာ ဘုံ
အပ္ပမာဏသုဘာ ဘုံ
သုဘကိဏှာ ဘုံ
ဝေဟပ္ဖိုလ် ဘုံ
အသညသတ် ဘုံ
အဝိဟာ ဘုံ
အတပ္မါ ဘုံ
သုဒဿာ ဘုံ
သုဒဿီ ဘုံ
အကနိဋ္ဌ ဘုံ
အရူပဗြဟ္မာ ဘုံ ပြင်ဆင်
ရူပဗြဟ္မာ (၁၆)ဘုံအထက်တွင် အရူပဗြဟ္မာ (၄)ဘုံ ရှိသည်။ ဘုံဆိုသော်လည်း တကယ့်ဘုံဗိမာန် ရှိသည်မဟုတ်။ အာကာသ နဉ္စာယတနဝိပါတ်
စိတ်စေတသိက်ဖြင့် ပဋိသန္ဓေတည်နေလျက် အဆက်ဆက်ဖြစ်ပွားသော နာမ်ခန္ဓာအစဉ်၏ ဖြစ်တည်ရာ ကောင်းကင်အပြင်ကို

အာကာသာနဉ္စာ ယတနဘုံ
ဝိညာဏဉ္စာယတနဘုံ
အာကိဉ္စ ညာယတနဘုံ
နေဝသည နာသညာယတနဘုံ ဟုခေါ်သည်။
Screenshot_20181208-114033.jpgScreenshot_20181208-114023.jpg

Sort:  

Congratulations @kotinmgthein! You have completed the following achievement on the Steem blockchain and have been rewarded with new badge(s) :

You made more than 50 upvotes. Your next target is to reach 100 upvotes.
You received more than 50 upvotes. Your next target is to reach 100 upvotes.

Click here to view your Board of Honor
If you no longer want to receive notifications, reply to this comment with the word STOP

Do not miss the last post from @steemitboard:

Saint Nicholas challenge for good boys and girls

Support SteemitBoard's project! Vote for its witness and get one more award!

Congratulations @kotinmgthein! You received a personal award!

Happy Birthday! - You are on the Steem blockchain for 1 year!

You can view your badges on your Steem Board and compare to others on the Steem Ranking

Vote for @Steemitboard as a witness to get one more award and increased upvotes!

Coin Marketplace

STEEM 0.23
TRX 0.24
JST 0.038
BTC 106188.17
ETH 3309.01
SBD 4.38