ဆင္
းပဝေသဏီအခါက ကမ္ဘာမြောက်ဘက်ခြမ်း၌ ဆင်ကြီးများ ကျက်စားခဲ့ကြသည်။ ယခုအခါ ထိုဆင်ကြီးမျိုးမှ ဆင်းသက်သော ဆင်အမျိုးနှစ်မျိုးကိုသာလျှင် တွေ့ရှိနိုင်တော့သည်။ ယင်းတို့မှာ 'အဲလီဖတ် အာဖရိကန်နပ်'ခေါ် အာဖရိကဆင်မျိုးနှင့် 'အဲလီဖတ် အာရှတိကပ်'ခေါ် အာရှဆင်မျိုးတို့ဖြစ်သည်။ အဆိုပါဆင်မျိုးနှစ်မျိုးတွင် အနွယ်အများအပြားပါဝင်သည်။ဆင်သည် အများအားဖြင့် ရာသီအပြောင်းအလဲကိုလိုက်၍ အစာရှာရန် ကောင်းမည့်နေရာသို့ ပြောင်းရွှေ့နေထိုင်လေ့ရှိသည်။ ဆင်သည် မြင်းကဲ့သို့ မတ်တတ်သော်၎င်း၊ ဝပ်လျက်သော်၎င်း အိပ်နေနိုင်သည်။ ညသန်းကောင်အချိန်နှင့် အပူပြင်းသည့်နေ့ဖက် အချိန်တို့တွင်သာ အများအားဖြင့် အိပ်လေ့ရှိသည်။ လူတို့၏ အချုပ်အနှောင်ကို ခံနေရသည့် အချိန်တွင် ဆင်သည် ရက် သတ္တပတ်ပေါင်းများစွာ မလဲမလျောင်းဘဲ နေတတ်သည်။ ငါး နှစ်မျှ မလဲလျောင်းဘဲနေနိုင်သောဆင်များရှိသည်ဟုသိရသည်။ ဆင်သည် ရေကူးကျင်လျင်သည်။ ပေ ၃ဝ ကျော်မျှနက် သောရေထဲတွင် ၆ နာရီမျှ နေနိုင်ကြောင်းအမှတ်အသားများရှိ သည်။ ဆင်သည်ခြေ ၄ ချောင်းစလုံး မြေကြီးမှကြွအောင် မခုန်နိုင်ချေ။ သို့သော်လည်းပြေးလွှားရာတွင်အံ့ဩဖွယ်ကောင်း လောက်အောင် မြန်ဆန်ပေသည်။
အိန္ဒိယနိုင်ငံနှင့် မြန်မာနိုင်ငံတို့တွင် ဆင်ကို လေးလံသော ဝန်ကို သယ်ဆောင်ရသည့် အလုပ်များလုပ်ကိုင်စေရန်ရွေးချယ် ၍ ခိုင်းစေသည်။ ခိုင်းစေသောအလုပ်တွင် ဆင်သည်တာဝန် ကျေပြွန်အောင် ဆောင်ရွက်နိုင်သည်။ ဆင်ကို သစ်တုံးများ ဆွဲစေရန်၎င်း၊ လေးလံသော ဝန်တို့ကိုမတင်သယ်ဆောင်စေ ရန်၎င်း အသုံးပြုသည်။ မျက်နှာပြင် ညီညာသောအရပ်ဒေသ များတွင် ဆင်သည် အလေးချိန်တတန်ခွဲမျှကိုသက်သာလွယ် ကူစွာသယ်ဆောင်သွားနိုင်ပေသည်။ အလွန်လေးလံသောဝန်ကို ဆွဲရန်အတွက် ဆင်လည်ပင်းတွင် သားရေကြိုးပြားကြီးရစ် ပတ်ပေးရသည်။ ထိုသားရေကြိုးပြား၌ ဝန်ကိုဆွဲယူရန်လွန် ကြိုးတစ်ချောင်း တပ်ထားရသည်။ အချို့ဒေသတို့၌ ဆင်ကို သစ်ဆွဲရန်သာမဟုတ်ဘဲ၊ တစ်ခါတစ်ရံ လယ်ထွန်ရန်၊ တစ်ခါတစ်ရံ ကုန်တွဲကြီးများ ဆွဲဆောင်ရန် စေခိုင်းကြသည်။ မြန်မာနိုင်ငံသစ်လုပ်ငန်းတွင် ဆင်မပါလျှင်မပြီးနိုင်သလောက်ပင် ဖြစ်သည်။ဆင်သည် ကုန်းသတ္တဝါအပေါင်းတို့တွင် ကိုယ်ထည်အကြီးဆုံးဖြစ်သည်။ ခွန်အားလည်း အကြီးဆုံးဖြစ်၏။ လူတို့က ဖမ်းဆီးချုပ်နှောင်၍ စေခိုင်းသည်ကို ခံရသောအခါ အံ့ဩဖွယ်ကောင်းလောက်အောင် စိတ်ရှည်၏။ သင်ရလွယ်၏။ စေခိုင်းသည်ကို လွယ်ကူစွာပင် နာခံတတ်သည်။
အာဖရိကဆင်သည် အာရှဆင်ထက် ပို၍ကြီးမားသည်။ တစ်ခါတစ်ရံ ၁၁ပေမျှအထိပင် မြင့်သည်။ အာရှဆင်မျိုးသည် အရပ် ၁ဝ ပေထက် မကျော်ပေ။ အာဖရိကဆင်မျိုးသည် ဦးထိပ်လုံး၍ နားရွက်ကြီးသည်။ အာရှဆင်မျိုးသည် ဦးထိပ်ခွက်၍ နားရွက်သေးသည်။ အာဖရိကဆင်မျိုး၏နှာမောင်း၌ ညီညာသော အရစ်များပါရှိသည်။ ထိုနှာမောင်းများတွင် လက်ညှိုးလုံးလောက်ရှိသော နှုတ်ခမ်းနှစ်ခုလည်းရှိ၏။ အာရှဆင်မျိုး၏ နှာမောင်းသည် ပြောင်ချော၍အဖျားသို့ တစ်ဖြည်းဖြည်းသွယ်သွားသည်။ အဖျား၌ နှုတ်ခမ်းတစ်ခုတည်းသာ ရှိသည်။ အာရှဆင်နှင့် အာဖရိကဆင်တို့တွင် အခြားကွာခြားချက် များစွာရှိသေး၏။ ထိုကွာခြားချက်များကြောင့် ဇီဝဗေဒပညာကျော်များသည် ထိုဆင်များကို မျိုးစိတ်ခွဲ၍ သီးခြားနာမည်ပေးထားကြသည်။နောက်ဆုံး၌ ကျုံးသွင်းရန် အဆင်သင့်ဖြစ်သောအခါ ဆင် များကို ရုတ်တစ်ရက် လန့်ဖျပ်သွားအောင် ကျယ်လောင်စွာ ညာသံပေး၍၊ လိုသောနေရာသို့စုရုံးရောက်ရှိစေရသည်၊ မကြာမီပင် ဆင်ရိုင်းကြီးများသည် ချောင်ထဲပိတ်မိနေ၍ ကြိုးကြီးများဖြင့် အချည်အနှောင်ခံကြရသည်။ ဤနည်းဖြင့် ဆင်ရိုင်းကြီး များကို ဖမ်းဆီးပြီးနောက်၊ ဆင်ယဉ်များဖြင့် ရောပြွမ်းထားကာ တစ်ဖြည်းဖြည်း ယဉ်ပါးလာအောင် လုပ်ယူကြသည်။ ရှေးအခါကတည်းကပင် ဆင်များကို ဆင်စွယ်အလို့ငှာ အများအားဖြင့် သတ်ဖြတ်ခဲ့ကြသည်။
မကြာသေးမီအချိန်လောက်အထိ၊ အာဖရိကဆင်များကို တစ်နှစ်လျှင်အကောင် ၄ဝဝဝဝ ကျော်မျှ သတ်ဖြတ်ခဲ့ကြသည်။ ယခုအခါ၌မူ ဆိုင်ရာနိုင်ငံအစိုးရတို့သည် ဆင်များအား စည်းကမ်းမဲ့သတ်ဖြတ်ခြင်းကို တားမြစ်ထားကြသည်။ဆင်ကို ယာဉ်အဖြစ်ဖြင့်လည်း အသုံးချနိုင်သေးသည်။ ဆင်၏ ကျောက်ကုန်းပေါ်တွင် ကုန်းနှီးတွဲကိုတပ်ဆင်ရ၏။ ထိုကုန်းနှီးတွဲပေါ်တွင် လူစီးနင်းလိုက်ပါနိုင်ရန်လေးဖက်လေး တန် အကာအရံပါသော ထိုင်စရာကို လုပ်ပေးရသည်။ ဆင် ဦးစီးသည် ဆင်၏လည်ပင်းပေါ်တွင်ထိုင်လျက်လိုက်တတ် သည်။ အိန္ဒိယနိုင်ငံ၌ မဟာရာဇာများသည်ကျားပစ်ထွက်သော အခါ ဆင်စီး၍ တောကစားကြသည်။ ရှေးအခါက စစ်တိုက် ရာတွင် ဆင်ကို များစွာအသုံးပြုသည်။ မြန်မာသမိုင်းတွင် ကျော်ကြားသော စီးချင်းတိုက်ပွဲများ ရှိခဲ့သည်။ ဆင်ကိုအိန္ဒိယ၊ မြန်မာ၊ ထိုင်းစသည့်နိုင်ငံများ၌ မင်းခမ်းမင်းနားများတွင် ရှေးကသုံးခဲ့သည်။
အများအားဖြင့် ဆင်မှာ မည်းညိုသော အရောင်ရှိသော် လည်း၊ ဆင်ဖြူများရှိသေး၏။ ထိုင်းနိုင်ငံနှင့် သီရိလင်္ကာနိုင်ငံ တို့တွင် ဆင်ဖြူကို အတွေ့ရများသည်။ ဆင်ဖြူကို ဆင်မည်း နှင့် တန်းတူမထားဘဲ၊ မြင့်မြတ်သည်ဟူ၍ ယူဆယုံကြည်ကြ သည်။ 'မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံတို့တွင် ဆင်ဖြူကို အထွတ်အမြတ်ထားကြသည်။ မြန်မာဘုရင်တို့သည်ဆင်ဖြူ ရှင်ဟူသော ဘွဲ့ကို အလွန်နှစ်သက် လိုလားကြသည်။