#သဘောထားပြည့်ဝပါ

in #writing7 years ago

FB_IMG_1517915623797.jpg
Full of attitude
Once a wise old man who lives next to the stream and came to the house person.
"Grandfather, grandfather and ask"
"Ask"
"I'm at the other side a child from the village by the villagers in the village, 0 Divisional offset grandfather
My poor, they also suppress the ugly! They suppress the height of the line, they also belittle they belittle
It's full, but we are very angry So what response, asking how valuable "
"It's full of attitude"
About the old man next came to a stream to take the man to bowl.
Stream without exception, it's the old man to fill water into the bowl and add a stone block. Then the flame of the water outside the basin being found.
And the size of the old man was a stone thrown down the stream, taking the mantle piece. A few waves in the stream, I love peace.
The grandfather told the villagers.
"Packaging Packaging from the stream, the water out of the bowl. If the treated water from the stream yourself
Why add small stones across the water out of the bowl when the flame source. "

Your intrinsic motives are like water from the stream,
His jealous 0 except bothering the attack because of the small stone wrath
If you are full of intrinsic sincere attitude while others, if uneven progress
Never in the flame of the water out of the bowl.
Full of attitude think anyone's insulting behavior
Just wave turbulence.
Fresh Credit RAINBOW

Like this story, we need to stay full of attitude. If anger because of the shitty things
Unexpected loss here.

So we open the "angry" definition, let's say
First of all, ruin called the anger of others
Let's think about angry without considering who was without rational.
You should not be able to consider. So, are you angry that he physically committed. We were destroyed.
Some fighting words reached.
Some can hold yourself.
But the heart, committed a violation of mind. You can not damage, but your mind is annihilated.

May commit a person to die from injuries too.
This means that the destruction anger.
There are angry
Destroy, destroy others, and not only to a question.
As a secular punishment and anger were the perpetrators. This being knew.
Perpetrators of an angry spirituality is a consequence because it violates ပါဏာတိပါတကံ again.
ANGRY
I measure my mouth, in my mind, I see. Depending on his results have emerged.
So who destroyed his own interests and others ()
"I understand your anger." Angry with others including your family can destroy your neighborhoods takes note.
So, we need to control angry.
The anger against what is called a "provocation". Anger that we have to "love".

We must always love.
You must understand exactly what's in your love.
If you do not understand from arriving Lust, greed and false love
You can go to increased craving.

"" In fact the extent that the patient's world is just used to re-destroy response to tamoxifen.
"This time, the patient will see you next time" to destroy all the stakeholders, including his thinking are.
Here, do not use your patience. Collecting "provocation" to destroy the game.

Know the sins of anger.
Anger is the opposite of love
The benefit of the true meaning of love
You need to know.

Outrageous
Anger others
Family environment
Often destroyed
Deplorable.

It will continue to do so.
Reader has been written in order to be easily understood by anyone. They were in error, his only mistake.

#သဘောထားပြည့်ဝပါ
တစ်ခါတုန်းက ပညာရှိ အဖိုးအို နေထိုင်တဲ့စမ်းချောင်းလေးဘေးက အိမ်ကလေးကို လူတစ်ယောက်ရောက်လာတယ် ။
“ အဖိုး ကျွန်တော်အဖိုးကို တစ်ခုမေးပါရစေ ”
“ မေးပါ လူလေး ”
“ ကျွန်တော်က ဟိုဖက်ခြမ်းမှာရှိတဲ့ရွာကလေးမှာ နေတဲ့ ရွာသားတစ်ယောက်ပါ ကျွန်တော့်ကို တစ်ရွာလုံးက ၀ိုင်းနှိမ်ကြပါတယ် အဖိုး
ကျွန်တော့်ကို ဆင်းရဲလို့လည်းနှိမ်ကြတယ် ရုပ်ဆိုးလို့!လည်းနှိမ်ကြတယ် အရပ်ပုလို့လည်းနှိမ်ကြတယ် ကျွန်တော့်ရဲ့မျိုးရိုးကိုလည်းနှိမ်ကြတယ်
ကျွန်တော်က သဘောထားပြည့်ဝပါတယ် ဒါပေမယ့် ကျွန်တော်အရမ်းကို ဒေါသထွက်ရပါတယ် အဲဒီအတွက်ဘယ်လို တုန့်ပြန်ရမလဲဆိုတာ အဖိုးကိုလာမေးတာပါ ”
“ လူလေး တကယ်သဘောထားပြည့်ဝရဲ့လား ”
ပြောပြောဆိုဆို အဖိုးအိုက ဘေးနားက ဇလုံကို ယူပြီး အဲဒီလူကို စမ်းချောင်းဖက်ခေါ်လာခဲ့တယ် ။
စမ်းချောင်းအစပ်ရောက်တဲ့အခါ အဖိုးအိုက ဇလုံထဲကိုရေဖြည့်ပြီးကျောက်တုံးတစ်တုံးထည့်လိုက်တယ် ။ အဲဒီအခါ ရေတွေဟာ ဇလုံရဲ့အပြင်ဖက်ကို လျှံကျလာတာတွေ့လိုက်ရတယ် ။
ပြီးတော့အဖိုးအိုကအရွယ်အစားကြီးတဲ့ကျောက်တုံးတစ်တုံးကိုယူပြီး စမ်းချောင်းထဲပစ်ချလိုက်တယ် ။ စမ်းချောင်းထဲမှာ လှိုင်းအနည်းငယ်ဖြစ်ပြီးခဏကြာတော့ ငြိမ်သက်သွားတယ် ။
အဖိုးက ရွာသားကိုပြောလိုက်တယ် ။
“ ငါ့မြေး ငါ့မြေးဟာ စမ်းချောင်းထဲကရေးလား ... ဇလုံထဲကရေလား .. .ကိုယ့်ကိုယ်ကို စမ်းချောင်းထဲကရေလို့ သဘောထားခဲ့ရင်
ဘာလို့ တစ်ဖက်သားက ကျောက်ခဲသေးသေးလေးပစ်ထည့်လိုက်တာနဲ့ ဇလုံထဲကရေလို လျှံကျချင်နေရတာလဲ ” တဲ့ ။

သင့်ရဲ့ ပင်ကိုယ်စိတ်ရင်းဟာ စမ်းချောင်းထဲကရေလို ဖြစ်နေတယ်ဆိုရင်
တစ်ပါးသူရဲ့ မနာလို ၀န်တို တိုက်ခိုက်မှု ကျောက်တုံးသေးသေးလေးတွေကြောင့် အနှောက်အယှက်မဖြစ်ပါစေနဲ့
ပင်ကိုယ်စိတ်ရင်းက သဘောထားပြည့်ဝနေတယ်ဆိုရင် သူတစ်ပါးကြောင့်လှိုင်းထတယ်ဆိုရင်လည်းခဏတာပါပဲ
ဘယ်တော့မှ ဇလုံထဲကရေလို လျှံမကျမိပါစေနဲ့ ။
စိတ်သဘောထားပြည့်ဝတဲ့လူဆိုတာ သူတပါးရဲ့ အပြုအမူ စော်ကားမှုကြောင့်
ကိုယ့်စိတ်ကိုယ် လှိုင်းမထန်စေပါဘူး ။
Credit သက်တန့်ချို

ဒီပုံပြင်လေးထဲကလိုပဲ ကျွန်တော်တို့တွေဟာ သဘောထားပြည့်ဝနေဖို့လိုပါတယ်။ဘာမဟုတ်တဲ့အရာတွေကြောင့် ဒေါသဖြစ်နေမယ်ဆိုရင်
မထင်မှတ်တဲ့ ဆုံးရှုံးခြင်းတွေကို ရရှိတတ်ပါတယ်။

ဒီတော့ ကျွန်တော်တို့ "ဒေါသထွက်ခြင်း"ကို အဓိပ္ပါယ်ဖွင့်ဆိုကြည့်ရအောင်
ပထမဆုံးအနေနဲ့ သူတစ်ပါးကို ဖျက်ဆီးတတ်လို့ဒေါသ ဟုခေါ်တာကို
စဉ်းစားကြည့်ရအောင် ဒေါသထွက်နေတဲ့သူမှာ စဉ်းစားမှုမရှိဘဲ ဆင်ခြင်တုံတရားကင်းသွားတယ်။
လုပ်သင့်၊မလုပ်သင့်မစဉ်းစားနိုင်တော့ပေါ့။ဒီတော့ ကိုယ့်ကိုဒေါသထွက်အောင်ပြုလုပ်သူကို ကိုယ်ထိလက်ရောက် ကျူးလွန်လိုက်တယ်။ဖျက်ဆီးလိုက်တယ်ပေါ့ဗျာ။
တစ်ချို့ကတော့ စကားလုံးတွေသုံးပြီ တိုက်ခိုက်လိုက်တယ်။
တစ်ချို့ကတော့ ကိုယ်နဲ့စိတ်ကိုထိန်းထားနိုင်တယ်။
ဒါပေမယ့် စိတ်ထဲကနေ ကျူးလွန်လိုက်တယ်။စိတ်ထဲကကျူးလွန်ခြင်းဟာ သူတစ်ပါးမပျက်ဆီးနိုင်ပေမယ့် ကိုယ့်ရဲ့စိတ်ကတော့ ပျက်ဆီးသွားပါပဲ။

ကာယကံမြောက်ကျူးလွန်ခြင်းကြောင့် ထိခိုက်ဒဏ်ရာရခြင်းကနေ သေဆုံးတဲ့အထိဖြစ်သွားတယ်။
ဒါကိုပဲ ဒေါသဆိုတာ ဖျက်ဆီးတတ်တယ်လို့ဆိုလိုတာပါ။
ပြီးတော့ ရှိပါသေးတယ် ဒေါသဆိုတာ
သူတစ်ပါးကိုဖျက်ဆီးရုံမကဘူး၊မိမိကိုပါ ဖျက်ဆီးလိုက်တာပါပဲ။
လောကရေးရာအနေနဲ့ ပြစ်ဒဏ်ခံရခြင်းကို ဒေါသထွက်ပြီကျူးလွန်သူက ခံရတယ်။ဒါကတော့ သိပြီးသားပါပဲ။
ဓမ္မရေးရာအနေနဲ့လည်း ဒေါသထွက်ပြီကျူးလွန်သူက ပါဏာတိပါတကံ ချိုးဖောက်တဲ့အတွက် အကျိုးဆက်က ရှိနေပြန်တယ်။
ဒေါသထွက်ခြင်းအတိုင်းအတာကို
ကိုယ်၊နှုတ်၊စိတ်တွေနဲ့ တိုင်းတာကြည့်ပေါ့။ သူ့အတိုင်းအတာပေါ်မူတည်ပြီ ရလဒ်တွေထွက်ပေါ်လာတယ်။
ဒီတော့ မိမိနဲ့သူတစ်ပါး(အကျိုးစီးပွား)ကို ဖျက်ဆီးတတ်သောကြောင့်
"ဒေါသထွက်ခြင်း"လို့ နားလည်ထားရပါမယ်။ဒေါသထွက်ခြင်းဆိုတာ သူတစ်ပါးအပါအဝင် မိမိနှင့်အတူ မိမိရဲ့မိသားစု မိမိရဲ့ပတ်ဝန်ကျင်ပါ ဖျက်ဆီးသွားနိုငိတာကို သတိပြုရပါမယ်။
ဒါဆိုရင် ကျွန်တော်တွေက ဒေါသထွက်ကို ထိန်းချုပ်ဖို့လိုလာတာပေါ့။
ဒေါသရဲ့ဆန့်ကျင်ဘက်အရာကို "အဒေါသ"လို့ခေါ်ပါတယ်။ အဒေါသဆိုတာ အားလုံးသိပြီးဖြစ်တဲ့ "မေတ္တာ"ပါပဲ။

အမြဲတမ်းမေတ္တာပွားရမယ်။
မေတ္တာဆိုတာကို သေချာနားလည်ထားသင့်ပါသေးတယ်။
နားမလည်ထားရင်တော့ တဏှာလောဘနဲ့မှားပြီ မေတ္တာပွားရာမရောက်ဘဲ
တဏှာပွားရာရောက်သွားနိုင်ပါတယ်။

"သည်းခံတယ်ဆိုတာ အတိုင်းအတာရှိတယ်"ဆိုတဲ့စကားကို လောကမှာ ပြန်လည်တုန့်ပြန်ဖျက်ဆီးဖို့အတွက် သုံးစွဲနေကြတာကိုတွေ့ရတယ်။
"ဒီတစ်ခါ သည်းခံမယ် နောက်တစ်ခါဆိုရင် တွေ့မယ် "စသည်ဖြင့် မိမိအပါအဝင် သက်ဆိုင်သူအားလုံးကို ဖျက်ဆီးဖို့ တွေးတောနေကြတာကို တွေ့ရပါတယ်။
ဒီနေရာမှာ သည်းခံခြင်းလို့မသုံးသင့်ပါဘူး။ ဖျက်ဆီးဖို့အတွက် "ဒေါသစုစည်းခြင်း"လို့ သုံးရမှာပါပဲ။

ဒေါသရဲ့အပြစ်တွေကို သိထားပါ။
ဒေါသရဲ့ဆန့်ကျင်ဘက် မေတ္တာရဲ့
အဓိပ္ပါယ်အမှန်နဲ့ မေတ္တာရဲ့အကျိုးကို
သိထားပါ။

ဒေါသထွက်စရာကြုံလာရင်
ဒေါသဆိုတာ မိမိသူတစ်ပါး
မိသားစုနဲ့ပတ်ဝန်းကျင်ကိုပါ
ဖျက်ဆီးတတ်တယ်ဆိုတာ
သတိရပေးပါ။

နားပါဦးမည်။
စာဖတ်သူမည်သူမဆို နားလည်လွယ်စေရန်အတွက် ရေးသားထားခြင်းဖြစ်ပါသည်။ အမှားအယွင်းရှိခဲ့သော် မိမိအမှားသာဖြစ်ပါသည်။

Sort:  

SMT 25 +o . နောက်ကျတယ်နော် bro.

အင်း အလှုပ်နေ့

SMT-28
Done'

Coin Marketplace

STEEM 0.15
TRX 0.16
JST 0.028
BTC 68300.72
ETH 2426.77
USDT 1.00
SBD 2.36