SAVE THE WORLD {NGO}

in #world6 years ago

NGO အကြောင်းလေး...ရွာမှာရရှိတဲ့ တစ်လဝင်ငွေနဲ့ ပြည်ပမှာရရှိတဲ့ တစ်လဝင်ငွေ ကွာခြားမှုပြဇယားနော်..

3bemrw89h0.jpg
Photo credit

NGO အကြောင်းလေးဆက်မယ်...ကယားပြည်နယ် မှာ ၂၀၀၅ ခုနှစ်လောက်ကနေစပြီး နိုင်ငံခြားကိုအမျိုးသားတွေ ထွက်ခွာအလုပ်လုပ်ကြပြီး ၂၀၁၀ ခုနှစ်နောက်ပိုင်းမှာ အမျိုးသမီးတွေကပါ အမျိုးသားတွေနည်းတူ နိုင်ငံခြားထွက်ပြီး ငွေရှာကြရပါတယ်။ ၂၀၁၅ခုနှစ်လောက်မှာတော့ အသက် ၁၇၊ ၁၈နှစ်နဲ့ ကျောင်းထွက်ပြီး နိုင်ငံခြားကို အစုလိုက် အပြုံလိုက်ထွက်သွားကြပါတယ်။ ကျန်ခဲ့တဲ့ မိသားစုတွေက နိုင်ငံခြားမှာအလုပ်လုပ်တဲ့ ဝင်ငွေနဲ့ အဓိက ရပ်တည်ကြပါတယ်။မိုကေနော်..

j7qmcf6r5b.png
Photo credit

မရိုးနိုင်တဲ့သစ္စာတွေပါ..ကယားပြည်နယ်ရဲ့ စီးပွားရေးဖွံ့ဖြိုးမှုကို ကြည့်မယ်ဆိုရင် နဲ့ ကယား နဲ့ ချင်းပြည်နယ်က ရင်းနှီးမြုပ်နှံမှု အနည်းဆုံး နဲ့ ဖွံ့ဖြိုးမှု အနည်းဆုံး ပြည်နယ်တွေဖြစ်ပါတယ်။ဒေသတွင်း စီးပွားရေးကို ကြည့်မယ်ဆိုရင်လည်း ဒေသခံတွေက စိုက်ပျိုးရေးကိုပဲ အဓိက လုပ်ကိုင်ကြပြီး မိုင်းတူးဖော် တဲ့ စီးပွားရေး စီမံကိန်းတချို့သာ ရှိပါတယ်။ ပြည်နယ်အစိုးရအနေနဲ့ နိုင်ငံခြားရင်းနှီးမြုပ်နှံမှုတွေကို စတင်ခေါ်ယူနေပြီလို့ ကယားပြည်နယ်အစိုးရဖွဲ့မှ ပြည်နယ်ညွှန်ကြားရေးမှူး ဦးအံ့မော်က ပြောပါတယ်။စလွယ်ဝင်အိုးလေး ဇာတ်လမ်းအစမှ ဇာတ်လမ်းအဆုံးတုင်ပါ...။

942t1crk8f.jpg
Photo credit original source

မိုးတွင်းထီးကလေးဆောင်းမှာပေါ့...“ကျွန်တော်တို့ ပြည်နယ်အတွင်းမှာ အဓိကအသင့်တော်ဆုံးက စိုက်ရေးပျိုးရေးပေါ့၊ စိုက်ပျိုးရေးနဲ့ ရင်းနှီးမြုပ်နှံမှုလုပ်ပေါ့ တို့တိုင်းပြည်လည်း စိုက်ပျိုးရေးနဲ့ အဓိက ရင်းနှီးမြုပ်နှံမှုလုပ်ရမယ့် တိုင်းပြည်ပဲလေ။ရင်းနှီးမြုပ်နှံမှုတွေရှိမှ တိုင်းပြည်တိုးတက်မယ်။ ရင်းနှီးမြုပ်နှံမှုလုပ်တဲ့အခါ ပြည်နယ်သူ ပြည်နယ်သားတွေ ကန့်ကွက်တဲ့ဟာတွေလည်း ဦးနှောက်သုံးပြီး ကန့်ကွက်ကြပါလို့ ပြောချင်တယ်”လို့ ဦးအံ့မော်က ဆက်ပြောပါတယ်။နွေရာသီမှာရွှေရင်အေးအောင်..။

8aqre2d9xv.jpg
Photo credit original source

နွေရောက်ပီလေ...အခုလို မိသားစုတကွဲတပြားနဲ့ သွားရောက်လုပ်ကိုင်နေကြတာက အလုပ်အကိုင်အခွင့်အလမ်း နဲ့ လုပ်ခလုပ်စာကြောင့် အဓိက ဖြစ်ပါတယ်။အထူးသဖြင့် ဖွံ့ဖြိုးမှုနည်းတဲ့ဒေသတွေမှာ အလုပ်အကိုင်အခွင့်အလမ်း ပိုမိုရှားပါးတဲ့အတွက် ပြည်ပကို သွားရောက်လုပ်ကိုင်ကြရပါတယ်။“မြန်​မာနိုင်​ငံမှာအလုပ်​မရှိလို့ မြန်​မာနိုင်​ငံလစာက မိသားစု​ထောက်​ပံဖို့ မလုံ​လောက်​ဘူး​လေးအလုပ်​ရှိရင်​ အိမ်​မှာ​နေတာပို​ပျော်​တာပေါ့” လို့ လက်ရှိ ဒေါငံရောက်ရွာကနေ စင်္ကာပူနိုင်ငံမှာ သွားရောက်အလုပ်လုပ်ကိုင်နေတဲ့ အိမ်ထောင်ရှင်မ တစ်ဦးက ပြောပါတယ်။ရိုးတန်ကြဲကြဲပင်အိုတို့အလှချင်းလဲပြိုင်။

ielco02uoy.jpg
Photo credit original source

ရာသီဥတုကခုဆိုဒိုခုဆိုဒို့ဘက်ပါတယ်..။ပည်နယ်အစိုးရအနေနဲ့ ဒေသခံတွေရဲ့ ပညာရေး အားကောင်အောင် နဲ့ အလုပ်အကိုင်ရှာဖွေပေးနိုင်ရင် ပြည်သူများအတွက် ပိုကောင်းပါမယ် လို့ ဒေါတမကြီးအုပ်စု အုပ်ချုပ်ရေးမှူး ဦးမီရယ် က ပြောပါတယ်။“မြန်မာပြည်မှာနေတာက ဝင်ငွေနည်းတယ်ဆိုတာထက် အလုပ်ကိုင်အခွင့်အလမ်းမရှိလို့ပါ။ ပြည်နယ်အစိုးရတွေကို ဒီတစ်ခုဖြည့်ဆည်းပေးနိုင်ရင် ကောင်းတာပေါ့နော။ ပြီးတော့ ပညာအရည်အချင်းမရှိတဲ့သူတွေအတွက်ကော သင့်တော်တဲ့ လက်လှမ်းမီတဲ့ အရည်အချင်းနဲ့ သင့်တော်တဲ့ အလုပ်အကိုင်ရှာပေးနိုင်ရင်တော့ ပြည်နယ်အတွက်ပိုပြီး ကောင်းမယ်ပေါ့နော။ သူတို့တွေကလည်း အရည်အချင်းရှိလို့ ဒေါ်လာတွေရနေတာမဟုတ်ဘူး၊ အောက်ခြေသိမ်းအလုပ်ကစပြီးတော့ သူတို့သင့်တော်ရာအလုပ်တွေကို လုပ်နေတာ” လို့ ဦးအံ့မော် က ဆိုပါတယ်။ကြည့်စမ်းမိုးပေါ်ကိုဒို့လိမ့်ကြလို့သွားတယ်...။

s0613hnq6y.jpg
Photo credit original source

အေးလွန်းတဲ့ဆောင်းရာသီ...ကယားပြည်နယ်က နိုင်ငံခြားခရီးသွားတွေ စိတ်ဝင်စားတဲ့ ကြေးကွင်းပတ် လူမျိုးတွေလည်း ရှိတာကြောင့် အစိုးရအနေနဲ့ ထိုင်းနိုင်ငံမှာလို ခရီးသွားလုပ်ငန်းဖွံ့ဖြိုးအောင်လုပ်နိုင်မယ် ဆိုရင်လည်း ဒေသခံတွေအနေနဲ့ အလုပ်အကိုင် ရရှိလာမှာဖြစ်ပါတယ်။အစိုးရ အနေနဲ့ ပြည်နယ်တွေရဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်အောင် စီမံချက် တွေ နဲ့ လုပ်ဆောင်ပြီး ဒေသတွင်းမှာ အလုပ်အကိုင် အခွင့်အလမ်းတွေ ပေါ်ပေါက်လာမယ် ဆိုရင်တော့ နိုင်ငံခြားမှာ သွားရောက်လုပ်ကိုင်စရာ မလိုတော့ဘဲ မိသားစုတွေ ဥမကွဲသိုက်မပျက် နေထိုင်နိုင်မှာ ဖြစ်ပါတယ်။ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်းမှာ တစ်နှစ်ထက်တစ်နှစ် ရေပိုမိုရှားပါးလာတဲ့ ပြဿနာက ကြာလေပိုဆိုးလေပါပဲ။အလွန်ချမ်းတဲ့ရာသီ..မယ်တင်္စရွာမောင်တစ်မြို့တော့နေလို့လဲမဖြစ်နိုင်ပါပြီ...။

4dw7mmesbt.jpg
Photo credit original source

မိုးဆောင်းနှင်းတွေပြောင်းလဲ...ဒီးမောဆိုမြို့နယ် အရှေ့ဘက်ခြမ်းရှိ ဒေါဖုကျေးရွာအုပ်စုနဲ့ ဒေါတမကြီးကျေးရွာအုပ်စုမှာရှိတဲ့ ကျေးရွာတွေဟာ နှစ်စဉ်ရေရှားပါးပြဿနာနဲ့ ရင်ဆိုင်နေတာ ဖြစ်ပါတယ်။နှစ်စဉ် ရင်ဆိုင်နေပေမဲ့ စားသောက်ဖို့အတွက် ရေကိုချွေတာသုံးစွဲပြီး နေထိုင်လာကြတယ်။ ဒီတစ်နှစ်မှာ အရင်နှစ်တွေထက် ပိုပြီးရေရှားပါးလာတာက ပိုပြီး သိသာလာတယ်။“ခါတိုင်းနှစ်ဆိုရင်လည်း ခန်းပါတယ်။ ဒါပေမဲ့ ရေကန်ပဲ ခန်းတယ်။ ရေတွင်းကတော့ မခန်းဘူးလေ။ ရေတွင်းက ရေထွက်သေးတယ်လေ။ ဒီနှစ်တော့ ရေကန်လည်း ခန်းတယ်။ ရေတွင်းလည်း ခန်းကုန်တယ်လေး။”လို့ ဒေါညေခူကျေးရွာသား ဦးရှားရယ်က ညီးတွားတယ်။ဒေါဖုကျေးရွာနေသူ ဒေါ်ဝီမြာက “မနက်ဆိုရင် ရေခပ်ရဖို့ အစောကြီး သွားစောင့်ရတယ်။ ၄ နာရီ ၅ နာရီကတည်းက သွားစောင့်ရတယ်။”လို့ သူက ဆိုတယ်။နှစ်ပေါင်းကြာပါစေကွယ်...မင်းလေးအနားမှာအမြဲတမ်းရှိနေမယ်.......။

9ar042sx3s.jpg
Photo credit original source

ဒေီပန်းချီကားလေးကို ဘာအရောင်ချယ်မလဲရွေးထား.။ဒါညေခူကျေးရွာဟာဆိုရင် အိမ်ခြေ ၃၀၀ အတွက် ရေအနည်းငယ်သာ ကျန်ရှိတော့တဲ့ ရေတွင်း ၆ တွင်းထဲကရေကို နေ့စဉ် ချွေတာစွာ သုံးစွဲနေရပါတယ်။ယခုလို ရေတွင်း၊ရေကန် ရေခန်းခြောက်မှုဖြစ်တာ ဒီနှစ်နဲ့ဆိုရင် ၃ နှစ်ရှိသွားပြီဟု ဒေါညေခူကျေးရွာမှာ နေထိုင်သူ အသက် ၅၀ နှစ်အရွယ် ဦးရှားရယ်က ပြောပါတယ်။နွေရာသီဆိုရင် ရေခပ်ဖို့အတွက် အချိန်အများကြီး ပေးနေရတဲ့အတွက် တောင်ယာလုပ်ငန်း လုပ်ကိုင်ဖို့အတွက် အချိန်တွေ လေလွင့်စေတယ်။ ဒါ့အပြင် အိမ်မှုကိစ္စအတွက် အချိန်ပေးဖို့ ဟစ်လှစ်နေတယ်လို့ ကလေးငါးယောက်မိခင် ဒေါ်ပလျားမြာက ဆိုပါတယ်။ဒေါ်ပလျားမြာက ” အခုဆိုရင် အရမ်းစိုးရိမ်ရတယ်။ အမေကလည်း အိုနေပြီ။ ဝက်၊နွားတွေ ရှိတော့ သူတို့လည်း ရေသောက်ချင်တယ်။ တစ်ခါတလေ နွားဆိုရင် အိမ်မှာပြန်လာသောက်တယ်။ အဲ့လိုမျိုးတွေရှိတော့ တကယ်လို့ ရေမရှိရင် ကျွန်မတို့လည်း သောက်စရာမရှိတော့ဘူး။ ဝက်တွေလည်း သောက်စရာမရှိတော့ဘူးလေ။ အမြဲတမ်း ရေအတွက် စိုးရိမ်နေရတယ်။”လို့ ဆိုတယ်။ပျော်ရွှင်မှုတွေထိန်းကွပ်ပြီး...ဂုဏ်ယူကြမည်နှစ်သစ်ပန်းချီ...။

8i906kz2s0.jpg
Photo credit original source

ရင်ခွင်မှာရေဆာသလိုစာလောင်နေတယ် မင်း....ရဲ့အချစ်တွေ....ရကို လုံလုံလောက်လောက် မသုံးစွဲနိုင်တဲ့အတွက် ဒေသခံတွေရဲ့ တကိုယ်ရေသန့်ရှင်းမှု အပိုင်းမှာလည်း အားနည်းလာပါတယ်။ နွေရာသီရောက်ရင် အရေးပြားယားနာမှုတွေ ဝမ်းပျက်ဝမ်းလျောရောဂါတွေ ဖြစ်ပွားလာပြီး ကလေးအရွယ်တွေ အဖြစ်များတယ်လို့ ဒေါတမကြီး တိုက်နယ်ဆေးရုံမှ တာဝန်ကျဆရာမတွေက ပြောဆိုကြပါတယ်။ဒေါညခူကျေးရွာမှ ဦးရှားရယ်က ” ဒီနှစ်က အများဆုံး တွေ့ရတာက ရေကြောင့် ကျောက်ကပ်ကို ထိခိုက်တာလည်း ရှိတယ်။ ကလေးတွေ ဝမ်းလျောဝမ်းပျက်ဖြစ်တာလည်းရှိတယ်။ အများဆုံးဖြစ်တာက ဝမ်းလျောဝမ်းပျက်ပေါ့။” လို့ ပြောပါတယ်။အစိုးရက ကျေးရွာနဲ့ ၉ မိုင်ခန့်ဝေးတဲ့ ပွန်ချောင်းကနေ သွယ်လာပေးမယ်ဆိုရင် ရေကို လုံလုံလောက်လောက် သုံးစွဲနိုင်တယ်။ ကျန်းမာရေးအတွက်သာမက ကျေးရွာမှာ တာဝန်ကျတဲ့ ပညာရေးဝန်ထမ်းတွေအတွက်လည်း အဆင်ပြေတယ်လို့ ဒေသခံတွေက ပြောဆိုကြပါတယ်။ငါ့မျက်ဝန်းကိုခိုနား အပြာရောင်မိုးတိမ်တိုက်တွေကြား....။

u6rmtigs5i.jpg
Photo credit original source

အားလုံးရြ့အဝေးးးလူတွေနဲ့တို့...ဒီရေရှားတဲ့ ပြဿနာကို ဒီနှစ်တွေမှာ တာဝန်ရှိသူတွေက ပိုသတိထားမိလာတယ်။ အဖြေရှာဖို့ နည်းလမ်းတွေလည်း ကြံဆလာပါတယ်။ဒီးမော့ဆိုမြို့နယ်နဲ့ ဖရူဆိုမြို့နယ်က ကျေးရွာတွေ ရေရှိရေးကို နိုင်ငံခြားကုမ္ပဏီနဲ့ ချိတ်ဆက်နေတယ်လို့ ကယားပြည်နယ် လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးဘော့စ်ကိုက မတ်လ ၂၆ ရက်နေ့မှာ ကျေးရွာဥက္ကဋ္ဌတွေနဲ့ တွေ့ဆုံချိန် ပြောပါတယ်။လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးဘော့စ်ကို “ကျွန်တော်တို့ ကွင်းဆင်းပြီးတော့ လုပ်ဖို့ရှိတယ်။ ပွန်ချောင်းကနေ မြစ်ရေတင်စနစ်လေ။ ဖရူဆိုလည်းပါတယ်။ ဒီးမော့ဆိုကလည်း ၁၉ ရွာလားမသိဘူး ခုနက ပြောတဲ့ ဒေါဖု၊ ဒေါပဲ အုပ်စုလည်းပါတယ်။ အကုန်ပါမယ်။ ဒီဟာလုပ်ဖို့ ဒေါတကလဲကနေ အမြင့်ဆုံးတင်ထားမယ်။ ဒေါတကလဲကနေ လွှတ်ချမယ်။ အဲ့လိုတော့ ကျွန်တော်တို့ စီမံကိန်းတစ်ခုရှိထားတယ်။”လို့ ပြောပါတယ်။ရေရှားတဲ့ ကျေးရွာတွေမှာ NGOs အဖွဲ့အစည်းတွေကနေ ရေသွယ်တန်းပေးတာတွေရှိပေမဲ့ အဆင်မပြေတဲ့အတွက် ဒေသခံတွေက သက်ဆိုင်ရာအစိုးရက ရေလုံလောက်မှုရရှိရေးကို ဆောင်ရွက်ပေးဖို့ ဆန္ဒရှိနေကြတယ်။ရော့..ယူလိုက်..အားလုံးကျေးဇူးတင်တယ်ဗျ..

1bicxcbh9m.jpg
Photo credit original source

@babysister
I love all steemit frends.

Sort:  

Congratulations! This post has been upvoted from the communal account, @minnowsupport, by babysister from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, theprophet0, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.

If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.

Coin Marketplace

STEEM 0.17
TRX 0.13
JST 0.030
BTC 56587.45
ETH 2991.05
USDT 1.00
SBD 2.15