ဝထ္ထုတို(အ​မေ့​ခေါင်းမှာ​လေ ​ကြွးပန်း​တွေ​ဝေလို့) ဇာတ်​သိမ်း

in #whalepower7 years ago

အ​မေ့​ခေါင်းမှာ​လေ​ကြွးပန်း​တွေ​ဝေလို့ ဇာတ်​သိမ်းအပိုင်း(၂)
= = =1515344961-picsay.jpg

အခွန်​ခွာပြီးသား​ကြွေးဥများကိုအ​မေက ဓားဖြင့်​သ​င်္ဘောသီး​ပေါက်​သလို​ပေါက်​​နေပါသည်​၊​ ​ကြွေးဥသည်
မျောက်​ဥရဲမျိုနွယ်​စိတ်​ဖြစ်​မယ်​ထင်​ပါသည်​၊ အခွန်​ခွာပြီးအတွင်းအဖြူ​ရောင်​ဖြစ်​ပြီးလျှင်​​ပေါင်းလိုက်​တဲ့အခါ ​စေးထန်းထန်း​လေး​နေပါသည်​၊​ ​ပေါင်းပြီးပန်​ကန်​ထဲထည့်​ခတ်​လှမ်းလှမ်းမှကြည့်​လျှင်​ထမင်းနဲခပ်​ဆင်​ဆင်​တူပါသည်​၊
ကျွန်​​တော်​အ​တွေးဝင်​ချိန်​ဘယ်​​လောက်​ကြာသည်​မသိ အ​မေက "သား "လို့​ခေါ်လိုက်​မှအ​တွေးပြတ်​ပြီးအ​မေ့ကို​မော့ကြည့်​မိပါသည်​၊ "သားကြိုက်​လားတဲ့"ကျ​နော်​က"အင်း"
လို့​ခေါင်းညိပ်​လိုက်​ပါသည်​၊ ​ခန​နေ​တော့အ​မေက
ဓားနဲ့​ပေါက်​ပြီးသား​ကြွေးဥ​ပေါက်​များကိုထန်း​ခေါက်​​တောင်းထဲထည့်​ကာ "လာ သား​ ချောင်းထဲသွားရ​အောင်​"လို့​ပြောပြီးထန်း​ခေါက်​​တောင်းကို​ခေါင်း​ပေါ်ရွက်​ခါ အ​မေနဲ့ကျွန်​​တော်​​ချောင်းထဲထွက်​လာခဲ့ကြပါတယ်​၊အ​မေက ထန်း​ခေါက်​​တောင်းကို ​ရေစပ်​စပ်​မှာချပြီး ထန်း​ခေါက်​​တောင်းတဲက​ကြွေးဥ​ပေါက်​များကို​ခြေ​ထောက်​နဲ့အသာအရာနင်း​ခြေ​လိုက်​​ပါတယ်​၊ ထိုအခါကြွေးဥအတွင်းမှ​အရည်​များ​သည်​ ​ချောင်း​ရေစီးအတိုင်း ​​မျောပါစီ်းဆင်းသွားပါ​တောသည်​၊ခပ်​လှမ်းလှမ်းမှ​ရေချိုး​နေ​သောကျွန်​​တော်​က "အ​မေ ဒီမှာငါး​​သေး​သေး​လေး​ အ​သေ​လေး​တွေ"လို့အ​မေ့ကိုလှမ်း​အော်​​ပြောလိုက်​ပါသည်​၊ အ​မေက "ဟုပ်​တယ်​သား​ကြွေးဥထဲကအ​ရေကငါး​သေး​သေး​လေး​တွေကို​သေတယ်​သားရဲ့""ဟင်​ . .ကျွန်​​တော်​တို့ကြဘာမဖြစ်​ဘူး​နော်​"အ​မေတို့က အထဲကအရည်​​တွေကုန်​​အောင်​နယ်​ပြီးမှစားတာ​လေ ဘာဖြစ်​မလဲ အ​မေတို့​ရှေး​ရှေးကတည်းကစားလာခဲတာ" ၊ဟုပ်​ပါသည်
ကျွန်​​တောတို့​ယောနယ်​မှာ​ကြွေးဥမစားဘူးတဲ့ရွာမရှိပါ။
ဒီလိုနဲ့ကျွန်​​တော်​ ၁၀တန်း​ဖြေချိန်​မှာ​တောအ​မေဟာအ​တော်​အရွယ်​အို​နေပါသည်​၊ ၁၀တန်း​အောင်​ပြီးပခုက္ကူ​ကောလိပ်​ကိုဆက်​တက်​တော့ ပထမနစ်​မှာအ​မေလူကြီး​ရောဂါနဲ့ဆုံးသွးခဲပါတယ်​ ၊ကျွန်​​တော်​ အသိပညာတိုးပွားလာတဲ့အချိန်​မှာ အ​မေနဲ့ကျွန်​​တော်​ တို့စားကြတဲ့​ကြွေးဥဟာအဆိပ်​ဥတမျိုးမှန်းသိလာခဲပါတယ် ​အသိပညာမကြွယ်​ဝ​တော့ကျွန်​​တော်​တို့​ယောသူ​ယောသာများအလွန်​တရာရိုးသားကြပါတယ်​ ဒီဟာကိုဒီလိုလုပ်​စားရင်​ရတယ်​ ဘာမှမဖြစ်​ရင်​ဘာမှမဖြစ်​ဘူးဆိုတဲ့အ​တွေး​တွေရှိကြတာပါ၊ အခုကျွန်​​တော်​​နောက်​ဆုံး​ဖြေပြီးလို့​​မွေးရပ်​​မြေ ပုံ​တောင်​ပုံညာကရွာ​လေးဆီပြန်​လာခဲပါ​တော့တယ်​ ၊ ရွာဆီသွားတဲ့​တောင်​​ပေါ်လမ်း​လေးမှာအ​မေနဲ့ကျွန်​​တော်​​ကြွေးဥတူးတဲ့​နေရာ​လေး​ရောက်​​တော့ ​ကြွေးပင်​​တွေကိုတချက်​လှမ်းကြည့်​မိပါတယ်​၊" ​အော်​.
ကြွေးပန်း​တွေ​တောင်​အများကြီးပွင့်​လို့ပါလား"လို့စိတ်​ထဲ​ရေရွပ်​မိပါတယ်​၊ ​ကြွေးပန်း​တွေကိုကြည့်​ပြီးတမလွန်​ကအ​မေ့ကိုပြန်​သတိရ​လိုက်​တဲ့အခါ ကျွန်​​တော့မျက်​စိထဲမှာ​တော့ "အို . . .
အ​မေ့​ခေါင်းမှာ ​ကြွေးပန်း​တွေ​ဝေလို့ပါလား" =

အားလုံးကို​လေးစားလျှက်
shine shine

Sort:  

Enjoy the vote and reward!

ဆက်လက်ပြီး အားပေးနေပါမယ်

ကျေးဇူးဘရို

အား​ပေး​နေပါတယ်

ဆက်လက် အားပေးလျှက်

Ok​ကျေးဇူး

Coin Marketplace

STEEM 0.16
TRX 0.25
JST 0.034
BTC 94096.46
ETH 2637.10
USDT 1.00
SBD 0.68