ကျွန်တော်နဲ့သွေးလှူရှင်အသင်း(ပထမပိုင်း)
ကျွန်တော်နဲ့သွေးလှူရှင်အသင်း(ပထမပိုင်း)
ကျွန်တော့ ရဲ့မွေးရပ်မြေက ပခုက္ကူဖက်က ပါ ဒါပေ့မဲ့
ကျွန်တော် ကလေးမြို့မှာ ကျောင်းတက်ကြီးပြင်းတော့ ကလေးမြို့ဇာတိလိုဖြစ်နေကာ ကလေးမြို့ကို
သံယောဇဉ်ဖြစ်လာခဲ့ပါတယ် ၊ ကျွန်တော်က လူမူရေးတွေလုပ်ပေးတာ အများအကျိုးလုပ်တဲ့နေရာ ဝါသနာပါတာကြောင့်2.2.2012 ရက်နေ့မှာ လူမှူရေးအသင်းကိုကျွန်တော်ဦးစီးပြီးတည်ထောက်လိုက်ပါတယ် ။အဲဒါကတော့ လူအများရဲ့အသက်ကိုမိမိသွေးနဲ့လှူဒါန်းပေးရသောသွေးလှူရှင်အသင်းပါ။
သွေးလှူရှင်အသင်းနဲ့အတူကျွန်တော့တတ်တဲအသက်
မွေးဝမ်းပညာရပ်တွေကိုလဲ အခမဲ့သင်တန်းပေးခဲ့ပါတယ်။ ကျွန်တော့တိုရဲ့အဖွဲ့ကို ခွပ်ဒေါင်းနီ(BG)သွေးလှူရှင်နှင့် အသက်မွေးဝမ်းပညာဒါနလို့အမည်ပေးထားပါတယ်။ ကျွန်တော်တီုရဲ့အဖွဲ့ သွေးလှူရှင်လူအင်အား၃၀၀ခန့်ရှိပါတယ်
အောင်မြင်တယ်လို့ပြောရပါမယ် ။ကျွန်တော်တို့ရဲ့အဖွဲ့လုပ်အားဒါနတွေပေးခြင်း သွေးလိုတဲ့ဆေးရုံဆေးခန်းတွေမှာ ၂၄ နရီအချိန်ပြည့် ဆိုင်ကယ်တစီးနဲ့ပို့ပေးခြင်း၊ညပိုင်းမှာအသက်မွေးဝမ်းပညာရပ်ကိုငှားထားတဲ့သင်တန်းခန်းမမှာ သင်တန်းပေးခြင်း၊
အမှတ်တရအဖြစ်ကဗျစာအုပ်တွေထုပ်ခဲ့ခြင်းစသည်လူပ်ရှားမူများကိုလုပ်ခဲ့ပါတယ်၊ ကျွန်တော့အဖွဲမှာပါတီးပေါင်းစုံကလူတွေပါဝင်ပါတယ်
နံတယ်ကခွပ်ဒေါင်နီ(BG)လို့ပေးထားပေမဲ့ လူမူရေးအဖွဲ့အစည်းမှန်းလူတိုင်းသိကြပါတယ်။ကျနော်တို့ရဲ့logo တံဆိတ်ရဲ့ အဓိပ္ပာယ်က သတ္တိရှိရဲရဲနီတဲ့သွေးလို့အဓိပ္ပာယ်ဖော်ဆောင်ပြီးနောက်က(BG)ကတော့Blood Group ဆိုတဲ့အဓိပ္ပာယ်ပါ ၊ခုလိုအောင်အောင်မြင်မြင်ဖြစ်နေချိန်မှာ ကျွန်တော်တို့အဖွဲကံဆိုးမိုးမှောင်ကြတဲ့နေတနေလို့ပြောရမဲ့ရက်တရက်ရောက်လာခဲ့ပါတယ် ၊အဲ့ဒါကတော့ရုပ်တရက်ကလေးမြို့ ရေမြုပ်လိုက်တဲ့နေ့ပါ၊ ကျွန်တော့ရဲ့သင်တန်းခန်းလေးရော ၊ကျွန်တော့ရဲ့စီးပွားရေး အီလက်ထရောနစ်ဆိုင်လေးရော ၊ကျွန်တော့ရဲ့မိသားစုအိမ်ရောစုန်းစုန်းမြုတ်သွားပါတယ်၊ကျွန်တော်တိုလဲ့ကျွန်တောရဲညီရှိရာစက်မူဇုံဖက်က ကားဝပ်ရှောမှာရေဘေးဒုက္ခသယ်အဖြစ်နဲ့ခိုလူံခဲ့ရပါတယ်၊ ကျွန်တော်တင်မက ကျွန်တော့ရဲ့လုပ်ဖော်ကိုင်ဖက်သူငယ်ချင်မိသားစုတွေ ဆွေးမျိုးအုပ်စုတွေရော အားလုံးညီဆီမှာ
ခေတ္တခန တည်းခိုရပါတယ်၊ညီရဲ့မိသားစုကလဲစားဖို့သောက်ဖို့လိုလေသေးမရှိအောင်ဖန်တီးပေးပါတယ်၊ ကျွန်တော်သူတို့မိသားစုချွေးတလုံလုံးနဲ့ချက်ပြုတ်နေတာကြည့်ပြီး ငါ့ညီငါ့ညီမလဲ အကိုယ့်အတွက်နဲ့ဒုက္ခရောက်နေပြီနော်လို့ပြောမိပါတယ်၊ ညီကိုချင်းမို့လားမသိသွေးချင်းတူပါတယ် ရပါတယ်အကိုရ သတ်သတ်တောင်လူတွေ အလှူကြီးတွေပေးနေတာ အခုလိုတကယ်ဒုက္ခစစ်စစ်ရောက်နေတဲ့သူတွေကိုလှူရတာ ကျွန်တော်တိုလဲကုသိုလ်ထူးတာပေါ့တဲ့ ၊။
ဒီလိုနဲ့ ၂ရက်လောက်မှာ အတွေးတခုဝင်လာခဲ့ပါတယ် အဲ့ဒါဘာလဲဆို ခရီးမထွက်ရတာ၃နှစ်လောက်ဖြစ်နေခဲ့တော့ခရီးထွက်ချင်စိတ်ပေါ်ခဲ့ပါတယ်၊ဟုပ်ပါတယ် လူမူရေးလုပ်ငန်းတွေနဲ့ စီးပွားရေးလုပ်ငန်းတွေနဲ့နပန်းသတ်နေတော့ခရီးကမထွက်ဖြစ်တော့၊နောင်လဲထွက်နိုင်တော့မှာမဟုပ်ဖူးဆိုတဲ့အတွေးကလဲဝင် လာ ကျွန်တော်ခရီးထွက်ဖို့ဆုံးဖြတ်လိုက်ပါတယ် ပြန်လာမှ သွေးလူတဲ့အဖွဲထဲကလူတွေ သွေးပို့ပေးတဲ့လူတွေ နေသားတကျဖြစ်ခါမှ အဖွဲ့ကိုဆုံးဖြတ်လိုက်ပါတယ်၊ ကျွန်တောတို့အဖွဲ့သွေးပုလင်းရေတွက် ၂၅၀၀ကျော်လူနာတွေကိုအကူအညီပေးခဲ့ပါတယ်။
စာရှည်သွားပြီးဖတ်ရတာညီးငွေ့မှာစိုးသဖြင့် ဒီနေရာတင်ခနရပ်ထားပါအုံးမယ်၊နောက်ပိုင်းတွေမှာ Steemit ကိုဘာကြောင့်သဲသဲမဲလုပ်သလဲဆိုတာနဲ့ဆက်စပ်သွားပါလိပ်မယ်စိတ်ဝင်တစားစောင့်မျှော်ပေးကြပါလို့ြေ..ပာကြားရင်း
shine shine
Get Paid For Your Comments 💰 🤑 https://steemit.com/steemit/@a-a-a/get-paid-for-your-comments
ကောင်းလိုက်တာ သူငယ်ချင်းရေ😁😁အခြွုရင် ငါလဲ သွေးလှူချင်မိတယ်
OKတယ် ကို ယ့်ကျမ်းမာရေးလဲချကင်လုပ်ပြီးသားဖြစ်
၆ ကြိမ်ထိတော့ သွေးလှူပြီးသွားပါပြီ
ဂုဏ်ယူပါတယ်ညီ
ကုသိုလ်တော်
Ok
ပခုက္ကူဇာတိအချင်းချင်းဆိုတော့ ၁၀၀%ဘုတ်ပီဗျာ သာဓုဗျာ
ဟုပ်တယ်ညီရ
ကောင်းမွန်တဲ့ဒါနအလှူပါ။
အလှူထဲမှာသွေးလှူတဲ့အလူလောက်မွန်မြတ်တာမရှိပါဘူးဆရာ
သွေး လှူ ကအရမ်းမွန်မြတ်ပါပေတယ်