ရွှေဘို
ရွှေဘိုဆိုတာတတိယမြန်မာနိုင်ငံတော်ကိုစတင်တည်ထောင်ခဲ့တဲ့မြို့ပါ ကျွန်တော့်ရဲ့မွေးရပ်မြေပေါ့ မင်းတုန်းမင်းလက်ထက်မှာ ရွှေဘိုကနေမန္တလေးကိုနန်းမြို့ပြောင်းလိုက်တဲ့အတွက်ရွှေဘိုကိုလူသိနည်းသွားကြတယ် ရွှေဘိုဟာမြို့ကြီးတွေလောက်မတိုးတက်ပေမယ့်နိမ့်ကျတဲ့မြို့တော့မဟုတ်ပါဘူး ပြည်သူ့ ဆေးရုံရှိတယ် တက္ကသိုလ်ရှိတယ် ခရိုင်အဆင့်ရှိတဲ့ရုံးဌာနတွေရှိတယ် တစ်ကယ်လို့ များ ခင်ဗျားတို့ ရွှေဘိုကိုအလည်အပတ်ရောက်ခဲ့ရင် ပျင်းစရာကောင်းလိုက်တာလို့ ငြီးငြူမိနိုင်ပေမယ့် ကြာကြာနေကြည့်ရင်ပျင်းစရာကောင်းတာမဟုတ်ဘဲ အေးအေးဆေးဆေးနေနိုင်တာဆိုတာလက်ခံလာလိမ့်မယ် ညနေစောင်းရင်ရွှေဘိုကန်တော်ကနေမြင်ရတဲ့ဆည်းဆာကိုဘယ်အရာနဲ့မှမလဲနိုင်ဘူး ရွှေဘိုနန်းတော်ဆိုတာဟာလည်းပြယုဂ်တစ်ခုသာဖြစ်နေပေမယ့် တိတ်ဆိတ်အေးချမ်းစွာအနားယူနိုင်ပါတယ် (သန့် ရှင်းမှုတော့အားနည်းတယ်ဗျ)
ရေတံခါး အောင်မြေဘုရား မြို့ထောင့်စေတီ ပန်းခြံတို့ မှာလည်းသွားရောက်အပန်းဖြေနိုင်ပါတယ် သြော်မေ့လို့ ကျုံးလည်းရှိတယ်ဗျ စည်ပင်ကသာတာဝန်ကောင်းကောင်းကျေမယ်ဆိုရင်ရွှေဘိုဆိုတာ အနားယူအပန်းဖြေစရာ မြို့တစ်မြို့ဖြစ်လာမှာပါ
Congratulations @khantkokozay! You received a personal award!
You can view your badges on your Steem Board and compare to others on the Steem Ranking
Do not miss the last post from @steemitboard:
Vote for @Steemitboard as a witness to get one more award and increased upvotes!