ငွေတစ်ပြားမှ မကုန်ပဲနဲ့ သေခါနီးမှာတောင်မှ ကောင်းမှုပြုခဲ့သူ
ငွေတစ်ပြားမှ မကုန်ပဲနဲ့ သေခါနီးမှာတောင်မှ ကောင်းမှုပြုခဲ့သူ
ဘယ်လောက်စိတ်ကောင်းရှိဖို့လိုပါသလဲ။ ဆေးရုံကြီး
တစ်ရုံပေါ်မှာတဲ့ သေခါနီးလူနာနှစ်ယောက် ရှိတယ်။ အခန်းတစ်ခုထဲမှာ ထည့်ထားတဲ့ ကုတင်နှစ်လုံးရှိတယ်။ အဲဒီမှာ သူတို့က ပြန်ကောင်းဖို့ သိပ်မလွယ်ပါဘူး။ အရေးပေါ်ကုသနိုင်အောင်လို့ မသေခင်သက်သာအောင်လို့ ဒီလိုထားတာပါ။
အဲဒီမှာ ဟိုး••••• တံခါးပေါက် ရှိတဲ့ဘက်ကလူက နေ့ခင်းကြလို့ရှိရင် သူ့ခါးရောဂါကြောင့်မို့လို့ ဆရာမတွေက ဂေါက်နဲ့လှည့်ပြီးတော့ သူ့ကုတင်ကို ထောင်ပေးရတယ်။ ထိုင်ရက်ဖြစ်နေတော့ ပြတင်းပေါက်ကနေ အပြင်ကို လှမ်းကြည့်တယ်။
အတွင်းဘက်က လူကတော့ ပက်လက်ကလေး မျက်နှာကြက်နဲ့ ပန်ကာကိုပဲမြင်ရတယ်။
ဟိုး•••••••တံခါးပေါက်ဘက်ကလူက အတွင်းဘက်က လူကိုစာနာလို့ လှမ်းပြောတယ်။
အခု ကျနော် ပြတင်းပေါက်ကနေ မြင်ရတဲ့ မြင်ကွင်းတွေကိုပြောပြရင် နားထောင်ချင်သလားတဲ့။
အတွင်းကလူကလည်း ရောဂါဝေဒနာတွေဖိစီးလို့ ဟိုကနာ ဒီကကိုက်၊အဲဒါတွေနဲ့ပဲ ဒုက္ခရောက်နေတော့ နားထောင်ရရင် စိတ်ကလေးပြောင်းသွားမလားလို့
ဟုတ်ကဲ့ ပြောပြရင် နားထောင်ချင်ပါတယ်။
ပြတင်းပေါက်ကကြည့်ခွင့်ရတဲ့လူကပြောတယ်။
ဟိုး•••••• အပြင်ဘက်မှာတဲ့ ရေကန်ကြီး တစ်ကန်ရှိတယ်။ ငန်းဖြူဖြူ နှစ်ကောင် ကူးနေကြတယ်ဗျာ။ အဲဒီရေကန်ရဲ့ဘေးမှာ ပန်းရုံလေးတွေရှိတယ်ဗျာ။ ပန်းရုံကလေး တစ်ရုံဘေးမှာ ခုံတန်းပြာကလေး ရှိတယ်ဗျ။ ဟို အတွင်းဘက်ကလူနာက အဲဒါတွေအားလုံးကို မြင်ရောင်ပြီးတော့ ရောဂါဝေဒနာတွေ မေ့သွားတယ်။ အဲဒီ ခုတန်းပြာကလေးပေါ်မှာ ချစ်သူအတွဲ ကောင်လေးနဲ့ ကောင်မလေး နှစ်ယောက်ထိုင်နေကြတယ်ဗျ။
အတွင်းဘက်က လူနာက ပိုစိတ်ဝင်စားသွားတယ်။
ဟော ဟော ကျနော် ပြောနေတုန်းမှာပဲ ကောင်ကလေးက ကောင်မလေးလက်ကိုကိုင်လိုက်တယ်ဗျ။
အတွင်းဘက်က လူနာ ယောင်ရမ်းပြီတော့ လက်တွေဘာတွေ လှုပ်သွားတယ် ဝေဒနာတွေ မေ့ရုံမက ဖြစ်သွားတယ်။
အဲဒီမှာ ဟိုဘက်ကုန်းစောင်းအတိုင်း လူကြီးတစ်ယောက်လာနေတယ်။ အသက်ကြီးပြီ။ခါးကုန်းကုန်းနဲ့ ခေါင်းမှာဦးထုပ်ကြီးဆောင်းလို့
ဟော ဟော ကျနော် ပြောနေတုန်းမှာပဲ ဦးထုပ်ကြီးက လေထဲလွင့်သွားပြီဗျ လိုက်ကောက်နေတယ် လိုက်ကောက်နေတယ်။ အတွင်းက လူကပြုံးတယ်။
နောက်တော့ ဆရာမတွေ ဝင်လာတယ်။ ဦးလေး ပြန်လှည့်ရတော့မယ်နော်။ကုတင်ကိုပြန်လှည့်။
အတွင်းဘက် ကုတင်ကလူက
ဟာ သူ့ကျတော့ ကံကောင်းလိုက်တာ အပြင်က မြင်ကွင်းတွေအားလုံးကိုမြင်ရတယ်။ ငါကတော့ မျက်နှာကြက်ပဲ မြင်ရ။ သူပြောမှ အတွေးနဲ့ကြည့်ရ။
အဲဒီ ကုတင်မှာ ငါနေရရင် ကောင်းမှာလို့ သူကတွေးတယ်။
အဲဒီနေ့ညမှာပဲဗျာ တံခါးပေါက်ဘက်က လူနာက ချွဲတွေကပ်ပြီးတော့ ချောင်းတွေတဟို့ဟို့နဲ့ဆိုး သလိပ်တွေပိုပွ အဲဒီမှာ အသက်ရှူကျပ်လာတယ်။
သိပ်အသက်ရှူကျပ်လာလို့ရှိရင် သူ့တို့ကုတင်မှာ ခလုတ်အနီကလေး တပ်ထားတယ်။
အဲဒီခလုတ်အနီကလေးကို နှိပ်ရင်ဖြင့် ဆရာဝန်တွေ သူနာပြုတွေရှိတဲ့ အခန်းကို သွားမြည်မယ်။ မြည်ရင် ဆရာဝန်တွေ သူနာပြုတွေ ပြေးလာပြီးတော့ ချွဲတွေကိုစုပ်ထုပ် အောက်စီဂျင်ပေးလိုက်ရင် မသေတော့ဘူးပေါ့။
သို့သော်•••••••••••••••••••••
ဟိုလူမှာ မချိမဆန့် ပြင်းထန်တဲ့ဝေဒနာကို ခံစားရင်းနဲ့ နစ်လာပြီ ခလုတ်ကိုမနှိပ်နိုင်တော့ပါဘူး။
အတွင်းဘက်က လူနာရဲ့ ကုတင်မှာလည်း ခလုတ်အနီကလေး ရှိပါတယ်။သူကလည်း နှိပ်ပြီးတော့ ကူလို့ရပါတယ်။ခေါ်ပေးလို့ရပါတယ်။ သူ့လက်ညှိုးကလေး ခလုတ်ပေါ်ရောက်သွားပါပြီ။ နှိပ်မယ်လုပ်ပြီးမှ မနှိပ်တော့ပါဘူး။
(ဘာဖြစ်လို့တုန်း စဉ်းစားကြည့်လိုက်ပါ)
မနက်လင်းတော့ သူနာပြုဆရာမတွေ ဝင်လာတယ်။
အော်••••• ဒီဘက်ကလူနာ သေသွားရှာပြီကိုး သူ့ခမျှာ ခလုတ်ကလေးတောင် နှိပ်မသွားနိုင်ရှာဘူးနော်။
အတွင်းကလူနာက သူ့လက်ညှိုးကလေးကို စောင်ထဲဖွက်ထားတယ်။ဘယ်သူမှမသိပေမဲ့ သူ့ဘာသာသူသိတော့ လိပ်ပြာမလုံဘူး။
အဲဒါနဲ့ သေတဲ့သူကိုဖယ်ရှင်းပြီး ကုတင်ကို ပြန်သန့်စင်လိုက်တော့ အတွင်းက လူနာကပြောတယ်။
ဆရာမတဲ့ အဲဒီကုတင်မှာ ဘယ်သူမှမရှိရင် ကျနော့ကို ပြောင်းထားလို့ ရသလားတဲ့။
အော် ဦးလေးက ဒီကုတင်ကို ပြောင်းနေချင်လို့လား ရပါတယ် ရပါတယ်။ပြောင်းရွှေ့ ပေးလိုက်တယ်။
ဆရာမတွေလည်း ထွက်သွားရော သူရအောင်ထိုင်တယ်။ ထိုင်ပြီးတာနဲ့ ပြတင်းပေါက်ကနေ အပြင်ကို လှမ်းကြည့်လိုက်တယ်။ အဲဒီလိုကြည့်ပြီးတာနဲ့ သူ့တစ်ကိုယ်လုံး ထုံကျင်သွားတာပါပဲ။ပူလို့လောင်လို့ပါပဲ။
အပြင်ဘက်မှာ ဘာတစ်ခုမှ မမြင်ရပါဘူး။ အုတ်တံတိုင်း အမြင့်ကြီး ကာထားပါတယ်။
သိလိုက်ပါပြီတဲ့။ ဟိုဘက်ကလူဟာ သူ့ဝေဒနာမှ သက်သာပါစေတော့လို့ စိတ်ကောင်းနှစ်လုံးကောင်းနဲ့ မရှိတာတွေကို ရှိလေအောင် ပြောသွားတာ။
ငါမှားပြီ သူတော်ကောင်းကြီးကို သေစေခဲ့ပြီ။ ငါကယ်နိုင်ရက်နဲ့ မကယ်ခဲ့ဘူး။ နေရာကလေး လောဘ
အဲဒီလောဘကို တပ်မက်လို့ မကောင်းတဲ့စိတ်ယုတ်မာ စိတ်ရိုင်းတွေဝင် ကိုယ်တိုင်မသတ်သော်လည်း သူ့ကိုကယ်နိုင်တာ မကယ်လို့ သေစေခဲ့ပြီ။ ပူလိုက်လောင်လိုက်တာတဲ့ အပါယ်ငရဲကို မကျသော်လည်း လောကငရဲကိုခံရပြီ။
"လူတစ်ယောက် ကိုယ့်ကိုကိုယ် စက်ဆုပ်ရွံမုန်းတာလောက် ခံရဆိုးတာဘယ်ရှိမလဲ"
ကြည့်ပါ ဒါဟာ ဟိုလူက သေသွားရင် စိတ်ကောင်းနှလုံးကောင်းနဲ့ ကောင်းရာသုဂတိ ရောက်မှာပါပဲ။
ဒီဘက်ကလူက မသေခင်လည်းပူလောင် သေသွားရင်လည်း အပါယ်ငရဲကို ကျမှာပါပဲ။
ဒါကြောင့်မို့လို့ လူတွေ "စိတ်ကောင်းရှိရင် ငွေတစ်ပြားမှ မကုန်ပဲနဲ့ သေခါနီးမှာတောင်မှ ကောင်းမှုပြုနိုင်ပါတယ်"။ စိတ်ကောင်း မရှိရင်တော့ ဘယ်တော့မှ ကောင်းမှုတွေပြုဖြစ်မှာ မဟုတ်တော့ပါဘူး။
သူများကို ကူညီပါ။* စိတ်ကောင်းရှိပါ။စောင့်ရှောက်ပါလို့ တိုက်တွန်းရင်းနဲ့ နိဂုံးချုပ်ပါတယ်။
မှတ်ချက်။ ။ ဤစာသားများကို စာရေးဆရာကြီး လယ်တွင်းသားစောချစ်၏ အောင်စိတ်ဖြင့် တံခါးတို့ကိုခေါက်ပါ ဟောပြောခွေမှပြန်လည်ရေးသားဖော်ပြပါသည်။
အရှင်ပညာဓိကာ လင်္ကာရ
Credit : :
Follow
Ok! I can do!
Congratulations @pyaesoneaung! You have completed some achievement on Steemit and have been rewarded with new badge(s) :
Award for the number of upvotes received
Click on any badge to view your own Board of Honnor on SteemitBoard.
For more information about SteemitBoard, click here
If you no longer want to receive notifications, reply to this comment with the word
STOP
By upvoting this notification, you can help all Steemit users. Learn how here!
Thanks!