လူငယ်​တို့၏​ပြောင်းလဲလာ​သောအကျင့်​စရိုက်​များ(၁)

in #thantsin7 years ago

မင်္ဂလာပါ Steemit myanmar fri များ..........
ခု​ခေတ်​လူငယ်​များ၏အ​ကြောင်းကို ကျ​နော်​​တွေ့မြင်​​နေရတဲ့အတိုင်း​ရေးသားတင်ပြခြင်းပါ။လူငယ်​အားလုံးကိုမဆိုလိုပါ။ခု​ခေတ်​လူငယ်​တို့မှာ
(၁)စိတ်​ဓာတ်​ပိုင်း
(၂)ရည်​ရွယ်​ချက်​ပိုင်း
(၃)စည်းကမ်းပိုင်း
(၄)အတတ်​ပညာပိုင်း
ဆိုပြီးအပိုင်း​လေးပိုင်းခွဲပြီး​ပြောပြချင်​ပါတယ်​။
..,.............................................................................
(၁) စိတ်​ဓာတ်​ပိုင်း
လူငယ်​​တော်​​တော်​များများရဲ့စိတ်​ဓာတ်​ပိုင်းဆိုင်​ရာမှာ​တော့အရမ်းအားနည်းပါတယ်​။အောင်​မြင်မှုအတွက် သူတပါးကိုအားကိုးချင်တယ်။အကြောင်းတစ်ခုခုကြောင့်မအောင်မြင်ခဲ့ရင်သူတစ်ပါးကိုအပြစ်ပို့ချချင်တယ်။အောင်မြင်မှုတစ်ခုရဖို့ဘယ်လိုကြိုးစားမလဲ? imageဘယ်လောက်ထိလုံလစိုက်ထုတ်ရမလဲ?ဘယ်လိုသင်ယူရမလဲ? ဘယ်တော့မှမစဉ်းစားကြပါဘူး။လူငယ်တွေဟာ network games ဆိုင်တွေမှာသူတို့ရဲ့တန်ဖိုးရှိလှတဲ့အချိန်တွေကိုဖြုန်းပစ်တယ်။အရက်ဆိုင်တွေမှာ လူငယ်တွေအပြည့်။မူးလာပြီဆို ဆိုင်ကယ်တွေကို တဗျူးဗျူးးနဲ့စီး ပြသနာရှာ ရန်ဖြစ်ကြတယ်။အပေါင်းအသင်းမှားတဲ့လူငယ်တချို့ဆို မူးရစ်ဆေးဝါးတွေသုံးပြီးလူငယ်တွေရဲ့တန်ဖိုးဖြတ်မရတဲ့အဖူးအညွန့်တွေကျိုးကျေနေတာ မနည်းပါလားး။မိဘတွေဆိုတာ ခုခေတ်ရဲ့စီးပွားရေးအခြေအရဂရုမစိုက် သတိမထား မိကြဘူးမို့လား? ပျက်စီးချင်တိုင်းပျက်စီးပြီးပြီဆိုမှမိဘတွေကသိတော့ တချို့မိဘတွေက ထိန်းသိမ်နိုင်သွားပေမဲ့ တော်တော်များများကတော့မနိုင်တော့ပါဘူး။ပညာမသင် ပျော်ပါးသောက်စားတော့အမှန်တရားဆိုတာမသိတော့ တစ်ဦးကိုတစ်ဦး ရိုသေလေးစားရမှန်းမသိတော့တဖြည်းဖြည်းရိုင်းစိုင်းလာတာပေါ့။ရိုင်းတော့သီးခံခြင်းဆိုတာနားမလည်
တစ်ဦးနဲု့တစ်ဦးဆဲဆိုကြိမ်းမောင်းရန်ဖြစ်ကြပြီးနောက်ဆုံးလူငယ်တွေနဲ့ မအပ်စပ်တဲ့အချုပ်တို့ထောင်တို့ဆိုတဲ့ နေရာတွေမှာ ပြီးဆုံးရတာပေါ့။
အောင်မြင်ဖို့ကြိုးစားရာမှာအခက်အခဲတွေ ပင်ပန်းဆင်းရဲမှုတွေကို
အံတုဖို့ ပြင်းထန်တဲ့စိတ်ဓါတ်တွေအရမ်းနည်းပါးနေတာတွေ့ရတယ်။
လုံ့လ ဝရိယ တွေ အရမ်းနည်းပါးတယ်။တစ်ခုခုကိုလုပ်တော့မယ်ဆိုငါကတော့မဖြစ်နိုင်ပါဘူး/ဟာ ရှုပ်ပါတယ်ကွာ /မဖြစ်တော့လဲ ဘာဖြစ်လဲကွာဆိုပြီး စိတ်ဓါက အကျဘက်မှာပဲရာခိုင်နှုန်းများများ သွားတယ်။တချို့ကျောင်းတက်နေတဲ့လူငယ်လေးတွေဆိုဘာ့ကြောင့်ကျောင်းတက်နေတာလဲ ဘာလို့စာသင်နေတာလဲ ဆိုတာတောင်မသိပဲစာသင်ခန်းထဲမှာခေါင်းမှန်းမသိ/အမြီးမှန်းမသိထိုင်နေတဲ့ကျောင်းသား/သူတွေလည်းရှိပါတယ်။ဒီလိုမျိုး လူငယ်တွေဟာ ဘယ်လိုစိတ်ဓါတ်နဲ့ ကြိုးစားမလဲ?
ဘယ်လို စိတ်ဓါတ်တွေနဲ့ သင်ကြားမှုကိုခံယူနေမလဲ? သင်ကြားရေးမှာတော့(သို့)ကျောင်းတွေမှာတော့ စိတ်ဓါတ်/စည်းကမ်း/ပညာ လို့ရေးထားကြတာ ကိုတော့ ကျနော်တို့အားလုံးသိမှာပါ။
ဒီအကြောင်းကိုပြောရရင်တော့ စိတ်ဓါတ်ကောင်းရမယ်။စိတ်ဓါတ်ကောင်းမှစည်းကမ်းရှိမယ်။စည်းကမ်းရှိမှ ပညာဆိုတာတတ်မယ်။ဒီတော့လူငယ်တွေရဲ့ စိတ်ဓါတ်တွေမြင့်မားပြီးစည်းကမ်းတွေကောင်းလာကာပညာတွေတတ်လာကြမှာပါ။ဒီတော့ ဘာသာတရား/စာပေကျမ်းဂမ် နှင့် ယဉ်ကျေးမှုတို့ကိုလေ့လာလိုက်စားပြီး နူးညံ့သိမ်မွေ့တဲ့ စိတ်ထားလေးတွေပိုင်ဆိုင်ကြပါစေလို့ ဆုတောင်းရင်းဒီခေါင်းစဉ်လေးကိုဒီနေရာမှာပဲ နိဂုံးချုပ်ပါရစေ………… image

image credit- google

Sort:  

အဲဒါ အမှန်​ပဲ bro
မိဘ ​တွေအ​မြော်​အမြင်​ရှိရှိနဲ့
သားသမီး​တွေကို​သေချာ
လမ်း​ကြောင်း​ပေးဖို့လိုတယ်​😃

Coin Marketplace

STEEM 0.16
TRX 0.15
JST 0.028
BTC 58949.08
ETH 2306.78
USDT 1.00
SBD 2.47