မြစ်​ကမ်း​ခြေဆည်းဆာအလှ(river shore twilight)

in #thant7 years ago

steemit myanmar friends တွေအားလုံး "မင်္ဂလာပါ"

တောင်တန်းပြာတို့သည်လည်းကောင်း/လွင်ပြင်တို့သည်လည်းကောင်း/ကမ်းခြေတို့သည်လည်းကောင်းအလှကိုစီရှိကြပါသည်။၎င်းအလှများကိုကျနော်တို့၏ညနေပိုင်းအနားယူချိန်မှသာ အထူးသတိထားကာခံစားမိကြပါသည်။
ရှေးစာဆိုတို့သည်ဆည်းဆာ၏အလှကို အသီးသီးစာဖွဲ့ရေးသားကြပါသည်။အထူးသဖြင့်မြစ်ကမ်းခြေ/ပင်လယ်ကမ်းခြေတို့၏အလှကိုရေးဖွဲ့ကြပါသည်။မြန်နိုင်ငံ၏အသက်သွေးကြောဖြစ်တဲ့ဧရာဝတီမြစ်ကြီးသည်ကွေ့ကောက်/ကွေ့ဝိုက်ကာ မြောက်မှတောင်သို့လှပစွာ စီးဆင်းနေပါသည်။နေရောင်ခြည်ရဲ့ထိတွေ့မှုတို့ကြောင့် ရွှေရောင်/ငွေရောင်/နီလာရောင်/မြရောင် စသည့် အရောင်မျိုးစုံဖြင့် လှပနေပါသည်။
မြစ်၏အနောက်ဖက်ကိုနေဝင်ချိန်တွင်ကြည့်ရှုပါက ဝါနေရာမှနီ/နီနေရာမှကြက်သွေးရောင်ပြောင်းသွားသောနေမင်းကြီးသည်မီးခိုးရင့်ရောင်လှိုင်းများပေါ်တွင်လှိုင်းနှင့်အတူ ခုန်ပေါက်ရင်း မြစ်၏တစ်ဖက်တောင်တန်းကြီးနောက်သို့ငုပ်လျှိုးသွားပါတော့သည်။ image
ဆည်းဆာသဘာဝအလှသည် နေမင်းကြီး၏စွမ်းအင်ကြောင့်ဖြစ်ပေါ်လာရပါသည်။နေမင်းကြီးသည် တောင်ကုန်းတောင်တန်းများပေါ်တွင်လည်းကောင်း/တောအုပ်ကြီးထဲတွင်လည်းကောင်း/ကမ္ဘာမြေပြင်ပေါ်တွင်လည်းကောင်းလွှမ်းခြုံထားပါသည်။သို့သော်မြစ်ပြင်ကြီးနှင့်မြစ်ကမ်းပေါ်တွင်ကျရောက်နေသောနေမင်းကြီး၏အလင်းရောင်ကားဘယ်ပန်းချီဆရာမှရေးဆွဲလို့မရသော သဘာဝရဲ့တန်ဖိုးဖြတ်လို့မရသောအလှဆုံး/အသာယာဆုံးအချိန်ဖြစ်ပါတော့သည်။ image

                                                                    thanks

Coin Marketplace

STEEM 0.16
TRX 0.15
JST 0.028
BTC 58949.08
ETH 2306.78
USDT 1.00
SBD 2.47