ကောင်းကင်ပြာနှင့်ပင်လယ်လိုင်း(၂)
ကောင်းကင်ပြာနှင့်ပင်လယ်လိုင်း(၂)
ဇော်နှင့်ကျော် တို့သည် ၁၀ တန်း စာ မေးပွဲဖြေထား ကြ သူများကြသည်။ ၁၀တန်း အောင်စာရင်း အားစောင့်မျှော် ရင်းမိဘများ၏ အလုပ်များကို ကူညီလုပ်ကိုင်ပေးနေ ရသည်။
များမကြာမီ အောင်စာရင်းထွက်လေပြီ
''ကျော်ကျော် အောင် တယ်ဟေ့''
ဇော် ဇော် က စက်ဘီးလေး စီးပြီး ကျော်ကျော် အိမ်သို့ လာပြောသည်။ ''မင့် ရော အောင်လား"
ကျော်ကျော် က ပြန်မေးသည်။ "အောင် တယ် ကွ ငါတို့ နှစ်ယောက်လုံး D ပါတယ်ကွ" ဇော်နှင့်ကျော်တို့သည် မြူးထူး ပျော်ရွှင်စွာ က ခုန် ရင်း ရွာထဲရှိ သူငယ်ချင်း အိမ် များသို့လှည့် ကြွားလေသည်။
ဇော် နှင့် ကျော် တို့တွင် အရမ်းခင် သော မိန်းကလေး သူငယ်ချင်းတစ်ဦးရှိလေသည်။သူမနာမည်က တော့"ဂျမ်းစိန် မ" တောသူ မလေး ဖြစ်သည်။
"ဟေ့ ဂျမ်းစိန် ငါတို့ စာမေး ပွဲ အောင် တဲ့ဟ "
ဇော်ဇော် က ရယ်မော ပျော်ရွင် ရင်း ပြောလေသည်။
"ဟတကယ်လားကွ ပျော်လိုက်တာ "
ဂျမ်းစိန် က ပြောလေသည်။
photo credit
This post has received a 0.04 % upvote from @drotto thanks to: @aungsoe.