သည်းခံခြင်း

in #steempress6 years ago

သည်းခံခြင်းသည် အောင်မြင်မှုတစ်ခုပါ။လူအများဟာ သည်းခံစိတ်မမွေးနိင်တာတော့ အမှန်ပါဘဲ။သည်းခံစိတ်ဟာ ခေါ်ရတာ လွယ်ပင်မဲ့ တကယ်လက်တွေ့မှာ ခက်ခဲ့လွန်ပါတယ်။သည်းခံခြင်းဆိုတာ အရှုံးပေးတာမဟုတ် အနိင်ယူခြင်းတစ်မျိုးပါ။များများသည်းခံနိင်လေး အမြဲအနိင်ရလေဖြစ်ပါသည်။မိမိကိုယ်တိုင် သည်းခံနိင်မှုရှိမရှိ လက်တွေ့လုပ်ကြည့်ပါ။ဒါမှာ သည်းခံခြင်းဆိုတဲ့ သဘောတရားကို နားလည်လိမ့်မယ်။တကယ်သည်းခံနိင်ရင် လောကကြီးမှာ ပျော်စရာ ကောင်းပါလိမ့်မယ်။ ကိုယ့်ဘက်က သည်းခံလိုက်ခြင်းဟာ တစ်ဘက်သားကို အညံ့ခံပြီး
အရှုံးပေးလိုက်တာမျိုး မဟုတ်ပါဘူး။

ကိုယ့်ရင်ထဲက ဒေါသမီးနှင့် နောက်ဆက်တွဲ ဆိုးကျိုးတွေကို အချိန်မီ တားလိုက်နိုင်တာမို့
အောင်နိုင်ခြင်းသာ ဖြစ်ပါတယ်။ထိုအောင်နိင်ခြင်းမျိုး ဖြစ်အောင်လုပ်ကြည့်ဖို့တိုက်တွန်းပါတယ်။မိမိရဲ့ဒေါသကိုထိန်းနိင်ရင် အရာရာအောင်နိင်မှာမလွဲပါဘူး။ဒါကြောင့် သည်းခံတိုင်း အရှုံးပေးတာ မဟုတ်ကြောင် သိရှိနာလည်းနိင်ပါစေ။

သည်းခံခြင်းအကျိုး(၅)မျိုးရှိပါတယ်။

၁။လူချစ်လူခင်ပေါခြင်း
၂။ဘေးရန်မရှိခြင်း

၃။အပြစ်ကင်းခြင်း

၎။မတွေမဝေသေရခြင်း

၅။နတ်ရွာသုဂတိကိုရောက်ခြင်း

ထိုအကျိုးကျေးဇူးတွေရ ရှိပါတယ်။

သည်းခံခြင်းတွင် နှစ်မျိုးရှိ၏။ အညံ့စား သည်းခံခြင်းနှင့် မြတ်သော သည်းခံခြင်း။ ဆဲရေး တိုင်းထွာခြင်းရိုက်နှက်ပုတ်ခတ်ခြင်း ကိုသည်းခံခြင်းသည် အညံ့စား သည်းခံခြင်း ဖြစ်၏။သို့သော် ထိုသည်းခံခြင်းမျှ ဖြင့်လည်း ကြီးပွားခြင်း၊ ရောဂါကင်းခြင်း၊အသက်ရှည်ခြင်း၊ ချစ်ခင်သူပေါခြင်း၊ ငြိမ်းချမ်းစွာ နေထိုင်ရခြင်း စသောအကျိုးများ အလွယ် တကူရသည်။ အချမ်း အပူကိုသည်းခံခြင်း၊ အာရုံကိုသည်းခံခြင်း၊ စိတ်၏ ဆာလောင်မှုကို သည်းခံခြင်းသည် မြတ်သော သည်းခံခြင်းဖြစ်၏။
ထိုသည်းခံခြင်းသည် သီလ သမာဓိ ပညာ ကို အကျိုး ပြုသဖြင့် ကာလကြာသော် ရဟန္တာ အဆင့်သို့ ရောက်နိုင်၏။သည်းခံခြင်း ဆိုသည်မှာ အပြောလွယ်သလောက် အလုပ်ခက်သည်။ လောကီ လူ့သဘော အရ အညံ့စား
သည်းခံစရာများကို သည်းခံရန် နည်းတော့ ရှိသည်
ရိုးသားမှုသည် တစ်ခါတရံတွင် ရှုံးနိမ့်‌စေတတ်သည်။သို့‌သော်‌တသက်လုံးတွင် လိပ်ပြာလုံ‌စေတတ်သည်။

Sort:  

သည်းခံသင့်မှသီးခံရမှာပါအမြဲတမ်းသီးခံပြန်နေရင်လဲလူတွေကမလွယ်ပါ

Coin Marketplace

STEEM 0.16
TRX 0.15
JST 0.028
BTC 56615.57
ETH 2387.60
USDT 1.00
SBD 2.30