Uni >>> Oct-1
လာမည့် အောက်တိုဘာလ တစ်ရက်နေ့မှာ မြန်မာ တစ်နိုင်ငံလုံး ယူနီကုဒ်ကို ပြောင်းသုံးကြမယ်လို့ သတ်မှတ်ထားပါတယ်။ ဒီတစ်ကြီမ်မှာတော့ ယူနီသမားတွေကလဲ ဘာမှ မပြောတော့ပါဘူးလို့ ကြားရပါတယ်။ ပြောခဲ့တဲ့ အကြီမ်ပေါင်းလဲ များနေပြီ ဆိုတော့ ထပ်ပြီးတော့ မပြောချင်ကြလို့ နေမှာပါ။ Computer နဲ့ အသုံးပြုတဲ့သူကတော့ ယူနီကုဒ်က ရိုက်လို့ ပိုအဆင်ပြေပါတယ်။ ဖုန်းမှာလဲ အဆင်ပြေမယ်လို့ ထင်ပါတယ်။ ကျွန်တော်ကတော့ အရင်ကထဲက ယူနီပဲ သုံးတာဆိုတော့ သိပ်ပြီးတော့ ပြဿနာ မရှိလှပါဘူး။ ဒါပေမဲ့ ကျွန်တော် ယူနီကုဒ်ကို စသုံးတုန်းကတော့ လဲ အစပိုင်းပဲ ခက်တာပါ။ နောက်ပိုင်းကျတော့ လွယ်သွားပါတယ်။

Image Source
တစ်နိုင်ငံလုံး ယူနီကုဒ်သုံးကြရင်တော့ အဆင်ပြေသွားမှာပါ။ ဖုန်းဆိုင်တွေကနေ ယူနီကုဒ်ကို အခမဲ့ ထည့်သွင်းပေးဖို့ လုပ်နေကြပါတယ်။ ကျွန်တော်ကတော့ ဖုန်းမှာလဲ နဂိုထဲက ယူနီကုဒ်ပဲ ထားထားတာ့ ဘာပြဿနာမှ မရှိပါဘူး။
ဒီလို ပြောင်းပြီးသွားရင်တော့ မြန်မာတွေ ကမ္ဘာ့အဆင့်မှီ ဖြစ်သွားပါပြီ။ ကမ္ဘောဒီးယားက လွန်ခဲ့တဲ့ ဆယ်နှစ်ကထဲက ယူနီကုဒ်ကို ပြောင်းနိုင်ခဲ့ပါတယ်။ ကျွန်တော်တို့က အခုမှ ပြောင်းနိုင်မှာပါ။ တစ်ကယ်ဆိုရင်တော့ ဇော်ဂျီကြောင့် မြန်မာ web လောက တိုးတက်ခဲ့တာ ဆိုလဲ မမှားပါဘူး။ ဒါပေမဲ့ ဇော်ဂျီဆိုတာက သစ်မရခင် သုံးတဲ့ ဝါး သဘောမျိုးပါပဲ။ ကျွန်တော်တို့မြန်မာ လူမျိုးတွေရဲ့ အကျင့်က သူများကို သနားတတ်တာပါ။ ကျွန်တော်တို့ ယူနီကုဒ်သုံးရင် ဘယ်လို အကျိုးကျေးဇူးတွေ ရမယ်ဆိုတာ တောက်လျှောက် ပြောခဲ့ပေမယ့် နားမဝင်ခဲ့ပါဘူး။ အဲဒီလိုတွေ ပြောနေလို့ကို ဇော်ဂျီကို ဆက်သုံးနေတယ် ဆိုတဲ့ သူတွေက ရှိနေပါသေးတယ်။ ဒီအကြောင်းကို မြန်မာ အိုင်ဒေါ season 3 ထဲက သဘောပေါက်သွားပါတယ်။ အဲဒီနောက်မှာတော့ ပြောလေဆိုးလေ ဆိုတဲ့ အချက်ကို သဘောပေါက်သွားပြီးတော့ ဘာမှ မပြောပဲနဲ့ နေလိုက်ပါတော့တယ်။
Posted from my blog with SteemPress : https://steemhosting.com/myanmarpress/?p=50
ဖုန်းမှာ သုံးရမည့် ယူနီဆော့ဝဲလ်လေးရှိရင် လင့်ပေးပါဗျာ
ဖုန်းတော်တော်များများ ယူနီကုဒ်ပါပြီးသားပါ ထည့်သွင်းစရာမလိုရအောင်ပါ android version 5.1 အထက် အကုန်ပါပြီးသားပါ။
မလုပ်တတ်ဘူးဗျာ ဖုန်းက version 8 ပါ
Phone setting/ search language and input / choose myanmar or ဗမာ or myanmar unicode
Posted using Partiko Android
ကျေးဇူးဗျာ unicode ပါသလားမသိ ရှာကြည့်အုံးမယ်
လုပ်ကြည့်တာ ဖုန်းမှာ မြန်မာစာတွေအကုန်ဖြစ်ကုန်လို့
အင်္ဂလိပ်ဖောင့် ပြန်ပြောင်းလိုက်ရတယ်
Hi, @mmunited!
You just got a 2.55% upvote from SteemPlus!
To get higher upvotes, earn more SteemPlus Points (SPP). On your Steemit wallet, check your SPP balance and click on "How to earn SPP?" to find out all the ways to earn.
If you're not using SteemPlus yet, please check our last posts in here to see the many ways in which SteemPlus can improve your Steem experience on Steemit and Busy.