Palad Khik
Image Source
Palad Khik ကိုမလှနုထွန်းရဲ့ ပိုစ့်မှာ ဖော်ပြလိုက်တဲ့ အချိန်မှာ FB မှာအတော် ဂယက်ရိုက်သွားပါတယ်။ အဲဒီပုံကိုတော့ မထည့်တော့ပါဘူး။ Palad Khik ဆိုတာကတော့ ထိုင်းတွေရဲ့ လဘ်ခေါ်အဆောင် တစ်မျိုးပဲ ဖြစ်ပါတယ်။ ယောင်္ကျားတန်ဆာနဲ့ တူပါတယ်။ Palad Khik ရဲ့ အဓိပ္ပာယ်ကတော့ ယောင်္ကျားတန်ဆာ အနေနဲ့ ဂုဏ်ယူစွာ အစားထိုး သုံးနိုင်သော ပစ္စည်းပဲ ဖြစ်ပါတယ်( honorable surrogate penis)။ သူ့ရဲ့ အရွယ်အစားကတော့ လက်မအနည်းငယ်ကနေ ပေအနည်းငယ်အထိ ရှိနိုင်ပါတယ်။ သေးငယ်တဲ့အဆောင်တွေကိုတော့ လူကိုယ်မှာ ဝတ်ဆင်ပြီးတော့ ကြီးမားတဲ့ အဆောင်တွေကိုတော့ ဈေးဆိုင်တွေနဲ့ အခြားနေရာတွေမှာသုံးပါတယ်။
Palad Khik ရဲ့မူလအစက အိဒ္ဒိယ မှာ စတင်ခဲ့တာ ဖြစ်ပါတယ်။ဟိန္နူ ဘုရား (Shiva) သျှီဝနဲ့ ဆက်စပ်နေပါတယ်။ ထိုင်းနိုင်ငံမှာ ဆိုရင် Palad Khik ကို ဈေးဆိုင်တွေ နဲ့ စားသောက်ဆိုင်တွေမှာ မြင်တွေ့ရမှာ ဖြစ်ပါတယ်။ လမ်းပေါ်မှာ မိန်းမကြီးတွေက Palad Khik ကို ချရောင်းနေတာကိုလဲ တွေ့ရမှာ ဖြစ်ပါတယ်။ နိုင်ငံခြားသားတွေအနေနဲ့ ဒီလိုမြင်နေရတာကို သပ်သဘောကျမယ်မထင်ပါဘူး။ ဒါပေမဲ့ ထိုင်းတွေက အယူသီးပြီးတော့ ဒီလိုအဆောင်တွေက သူတို့အတွက် အရေးကြီးတယ်လို့ မှတ်ယူထားကြပါတယ်။
Palad Khik ကို သစ်သား၊ သတ္ထု၊ အရိုး၊ ချို၊ ဆင်စွယ်စတာတွေနဲ့ ပြလုပ်ကြပါတယ်။ အဆောင်ပြုလုပ်ရာမှာ ကျွမ်းကျင်တဲ့ ဘုန်းတော်ကြီးတွေက ပြုလုပ်ထားတာ ဖြစ်ပါတယ်။ တစ်ခုပြီးတော့ အချိန်အတော်ယူပြီး လုပ်ရပါတယ်။
ယောင်္ကျားလေးတွေမှာဆိုရင် ခါးမှာ ကြိုးနဲ့ ချည်ထားတတ်ကြပါတယ်။ ဒါကို မိန်းမပျိုတွေရဲ့ စိတ်ဝင်စားမှု ရရှိစေရန်၊ လောင်းကစားလုပ်ရင် ကံကောင်းစေရန်၊ ဓားသေနတ်ပြီးစေရန် စတဲ့ ရည်ရွယ်ချက်တွေနဲ့ ကိုယ်မှာ ဆောင်ထားကြပါတယ်။
အမျိုးသမီးတွေကတော့ သူတို့ကို မုဒီန်းကျင့်၊ လုယက်တိုက်ခိုက်တာ မခံရစေရန် Palad Khik ကို ဆောင်ထားကြပါတယ်။ ဈေးဆိုင်ပိုင်ရှင်တွေကတော့ သူတို့ရဲ့ လုပ်ငန်းကို မကောင်းတဲ့ အတိုက်အခိုက်တွေမှ ကာကွယ်ရန်၊ ဈေးရောင်းကောင်းစေရန် သုံးတတ်ကြပါတယ်။ အရက်ဆိုင်တွေ လောင်းကစားဝိုင်းတွေကို ဒီအဆောင်ကိုယူသွားလေ့မရှိပါဘူး။
အရင်က ဗုဒ္ဓဂါယာမှာလဲ သျှီဝရဲ့ လိင်တန်ဆာပုံ ရှိတယ်လို့ ကြားဖူးပါတယ်။ အခုအချိန်မှာတော့ ဖယ်လိုက်ပြီလို့ထင်ပါတယ်။
Ref Link : https://en.wikipedia.org/wiki/Palad_khik
Posted from my blog with SteemPress : http://steemhosting.com/myanmarpress/?p=254
ပေါက်ပေါက်ရှာရှာ ထူးဆန်းထွေလာ လူတွေရဲ့ ရိုးရာ
Posted using Partiko Android
ဒါလဲ ဗဟုသုတတစ်မျိုးပ အရက်ဆိုင် လောင်းကစားတွေမှာတော့ ဘာလို့ပါလိမ့်
ယုတ်ညံ့တဲ့ နေရာတွေလို့ ဆိုပါတယ်။
ဘဒိုလည်းတော်တော်စုံတာပဲနော်
Posted using Partiko Android