crypto ရဲ့ကျိန်စာ

in #steempress5 years ago

crypto ရဲ့ကျိန်စာလို့ ဘာကြောင့်သုံးနှုန်းသလဲဆို ကျိန်စာမိဖူးသူတွေသာသိရှိနိုင်မှာပါ။ အကြောင်းအရင်းကတော့ ဈေးကွက်ပေါ့။ ကံဆိုးမယ် ကံကောင်းမယ်ဆိုတာ မသိရှိနိုင်တဲ့အခါ crypto ရဲ့ ဈေးကွက်ကြောင့် ချမ်းသာသူလည်း ဆင်းရဲသွားနိုင်သလို ဆင်းရဲသူတွေလည်း ချမ်းသာသွားနိုင်ပြန်တယ်ဗျ။ အချိန်တိုင် ဈေးကွက် ပြောင်းနေတဲ့ crypto တွေမှာ လူအသိအများဆုံး btc ကြောင့် အမြတ်ကြီးရခဲ့သူတွေလည်း ရှိသလို အရှုံးကြီး ရှုံးခဲ့သူတွေလည်းရှိခဲ့ပါတယ်။ အရောင်းအဝယ်ဟာ ဝယ်လိုအားနဲ့ ရောင်းလိုအားပေါ်အခြေခံတယ်ဆိုပေမဲ့ တစ်ချို့ coins တွေကတော့ တက်မလာပဲ ကျပြီးရင်းကျနဲ့ ရင်းနှီးထားတာတွေ အလကားဖြစ်သလောက်ကို အရှုံးပေါ်သွားသူတွေရှိသလို၊ အချို့ coins တွေကြောင့် မထင်မှတ်ထားတဲ့ အိပ်မက်မျိုးတွေတောင် ပိုင်ဆိုင်သွားကြသူတွေလည်း အများကြီးတွေ့မြင်ရပြန်တယ်။ ဒီလိုပါပဲ ကျွန်တော်တို့ မြန်မာတွေလည်း အစိုးရက ခွင့်မပြုသည့်ကြားက အင်တာနက်ဖိုးအကုန်ခံပြီး steemit ကိုရူးသွတ်စွာ ဆက်လက်ပြုလုပ်နေတုန်းပေါ့။ ကျွန်တော်တို့တစ်တွေ အရှုံးကြီးရှုံးခဲ့ပါပြီ။ ဒီလိုရှုံးလို့ စွန့်ခွာသူတွေ အများကြီးရှိသလို ငါးမူး တစ်မတ်နဲ့ ရှေ့ဆက်လျှောက်လှမ်းနေသူတွေလည်း ရှိပါသေးတယ်။
လေးစားစွာဖြင့်
မောင်နီတွတ်



Posted from my blog with SteemPress : https://ia.sannaychi.com/?p=1683
Sort:  

မှန်လိုက်လေ ကိုနီတွတ်ရယ်

အင်း

Congratulations @mgnitu! You have completed the following achievement on the Steem blockchain and have been rewarded with new badge(s) :

You made more than 10 comments. Your next target is to reach 50 comments.

You can view your badges on your Steem Board and compare to others on the Steem Ranking
If you no longer want to receive notifications, reply to this comment with the word STOP

To support your work, I also upvoted your post!

Vote for @Steemitboard as a witness to get one more award and increased upvotes!

Coin Marketplace

STEEM 0.19
TRX 0.19
JST 0.034
BTC 91243.00
ETH 3101.74
USDT 1.00
SBD 2.86