ဗဟိုအစိုးရ၀န်ကြီးမှတရားဝင်တောင်းပန်ပြီးရာထူးမှဆင်းပေး
ထိုင်ဝမ်နိုင်ငံတွင် ရုတ်တရက်လျှပ်စစ်မီးပြတ်တောက်မှုကြောင့် ဗဟိုအစိုးရ၀န်ကြီးမှတရားဝင်တောင်းပန်ပြီးရာထူးမှဆင်းပေး - - -
ယမန်နေ့ ညနေ ၀၄း၅၁ခန့် ကထိုင်ဝမ်နိုင်ငံတ၀ှန်း ရုတ်တရက်လျှပ်စစ်မီးပြတ်တောက်မှုဖြစ်ပွါးခဲ့ကာ လျှပ်စစ်ဓါတ်အားဌါနမှအပူတပြင်းဆောင်ရွက်မှုကြောင့် မိနစ်ပိုင်းများအကြာ၌ပုံမှန်အနေအထားသို့ ပြန်လည်ရောက်ရှိခဲ့ပါတယ်။ သို့ သော်လည်း ထိုင်ဝမ်အစိုးရမှ ၁၈နှစ်တာကာလအတွင်း ဖြစ်ပွါးသည့်လျှပ်စစ်မီးခေတ္တပြတ်တောက်မှုအား အရေးကြီးကိစ္စတခုအဖြစ်သုံးသပ်ခံယူပြီး ထိုင်ဝမ်သမ္မတမှ ယမန်နေ့ ညက ပြည်သူအားလုံးအား ၀န်ချတောင်းပန်ခဲ့ပါတယ်။
ထိုင်ဝမ်ပြည်တွင်းလျှပ်စစ်ဓါတ်အားဖြန့် ဖြူးရေးကိုတာဝန်ယူထားသော Taiwan Power Company (台電)ဟာ ထိုင်ဝမ်စီးပွါးရေးဝန်ကြီးဌါနရဲ့ လက်အောက်ခံဖြစ်သဖြင့် ဗဟိုအစိုးရစီးပွါးရေးဝန်ကြီးဟာလည်း သတင်းစာရှင်းလင်းပွဲပြုလုပ်ကာ ဖြစ်စဉ်အကြောင်းရင်း၊အလျင်မြန်ဆုံးဖြေရှင်းဆောင်ရွက်မှု စတာတွေကိုရှင်းလင်းပြောဆိုပြီးနောက် တာဝန်ခံမှုအဖြစ် အစိုးရအဖွဲ့ ဝန်ကြီးချုပ်ထံနှုတ်ထွက်စာတင်သွင်းတောင်းခံခဲ့ရာ ၀န်ကြီးချုပ်မှလည်း ခွင့်ပြုခဲ့ပါတယ်။
သက်ဆိုင်ရာဌါနများရဲ့ စုံစမ်းစစ်ဆေးချက်များအရ ထိုင်ဝမ်ပြည်တွင်းရှိ သဘာဝဓါတ်ငွေ့ သုံးဓါတ်အားထုတ်လုပ်ရေးတာဘိုင်စက်များသို့ ဆက်သွယ်ထားသည့် စက်ခလုတ်အား မတော်တဆပိတ်မိခဲ့သဖြင့် ဓါတ်အားပေးစက်များရုတ်တရက်ရပ်ဆိုင်းသွားရခြင်းဖြစ်ပါတယ်။ ထိုင်ဝမ်ကဲ့သို့သော စက်မှုဖွံ့ ဖြိုးသည့်နိုင်ငံများတွင် လျှပ်စစ်ဓါတ်အားစက္ကန့် ပိုင်းမျှပြတ်တောက်ခြင်းသည်ပင် လွန်စွာအရေးကြီးလှပါတယ်။ သာဓကအားဖြင့် တစ်နာရီကီလိုမီတာ ၃၀၀အထိပြေးဆွဲနေသောကျည်ဆန်ရထား၊ မိနစ်ပိုင်းမျှရပ်ဆိုင်းသည်နှင့်ဒေါ်လာသန်းနှင့်ချီပြီးဆုံးရှုံးနိုင်သော IC Chip စက်များ၊၂၄နာရီပတ်လုံးလည်ပတ်နေသော ကုန်ထုတ်စက်ရုံနှင့်အအေးခန်းစက်ရုံများ၊ကုန်တိုက်ကြီးများ စတာတွေ ဖြစ်ပါတယ်။
လျှပ်စစ်မီးခေတ္တပြတ်တောက်ချိန်တွင် ခေတ်မှီအရန်လျှပ်စစ်စနစ်များရှိနေမှုကြောင့် မြေအောက်ရထားစနစ်များ၊ဆေးရုံကြီးများ၊ကျည်ဆန်ရထားစနစ်တို့ တွင်သက်ရောက်မှုမရှိခဲ့ပါ။ သို့ သော် သက်သေအချက်အလက်ဖြင့်တောင်းဆိုလာနိုင်မည့် အမှန်တကယ်ထိခိုက်/နစ်နာမှုရှိခဲ့သည့် စက်ရုံ/စက်မှုဇုန်တို့ အား ထိုင်ဝမ်လျှပ်စစ်ဓါတ်အားပေးဌါနမှ ဥပဒေအတိုင်း လျော်ကြေးငွေပေးဆောင်နိုင်ရဖွယ်ရှိပါတယ်။ထိုင်ဝမ်ပြည်တွင်းရှိ အဆင့်မြင့်စက်မှုထုတ်ကုန်ဌါနများကတော့ ထိုင်ဝမ်လျှပ်စစ်ဓါတ်အားပေးဌါနနှင့် ၂၄နာရီလျှပ်စစ်မပြတ်တောက်ရေးစာချုပ်များချုပ်ဆိုထားသဖြင့် လျှပ်စစ်ခေတ္တပြတ်တောက်ခဲ့သည့်အချိန်တွင်းဆုံးရှုံးနစ်နာမှုများအားရရှိကြမှာဖြစ်ပါတယ်။
ယမန်နေ့ လျှပ်စစ်မီးခေတ္တပြတ်တောက်မှုအတွက် ပြည်သူများအပေါ်အဆင်မပြေထိခိုက်မှုအ၀၀အတွက် တုန့် ပြန်သောအားဖြင့် စက်မှုလုပ်ငန်းမဟုတ်သည့် လူနေရပ်ကွက်ပြည်သူများရဲ့ နောက်လလျှပ်စစ်မီတာခပြေစာတွင် စည်းမျဉ်းအတိုင်း Discount လျှော့ ပေါ့ကောက်ခံသွားရန်စဉ်းစားထားတယ်လို့ ထိုင်ဝမ်လျှပ်စစ်ဌါ
!cheetah ban
Part of multiple account plagiarism scam ring.
Congratulations @yoonmyatnoe! You received a personal award!
You can view your badges on your Steem Board and compare to others on the Steem Ranking
Vote for @Steemitboard as a witness to get one more award and increased upvotes!