အိုဘယ့်​ ချစ်​​သော မြန်​မာပြည်

in #steemit6 years ago

image

❤️အိုဘယ့်​ ချစ်​​သော မြန်​မာပြည်​❤️

        အပြုသ​ဘောဖြင့်​သာဖတ်​ရန်

ကျုပ်​တို့နိုင်​ငံက ​အ​နောက်​နိုင်​ငံ​တွေမှာ
ခေတ်​စားသမျှ အကုန်​လိုက်​လုပ်​တယ်​။
ပီပြင်​လားဆို​တော့ မပီပြင်​ဘူး။

မြန်​မာပြည်​ ပရိတ်​သတ်​ကြီးနဲ့ အနီးစပ်​ဆုံး​လေး​တွေ ချပြရလျှင်​ လက်​ရှိ MYANMAR IDOL Season 3
ဟိုလူ​ကောင်းတယ်​၊ ဒီလူမ​ကောင်းဘူးဆိုပြီး
ဝိုင်းပြီး Vote ​ပေးကြတယ်​၊
ဒီကြားထဲ ဦးသိန်းတန်​ကြီးက
ဘာပြုတယ်​ ညာပြုတယ်​နဲ့စာ​ရေးလို့
Cele ဖြစ်​သူကဖြစ်​သွား​သေးတယ်​။
တော်​​တော်​လည်း ရယ်​ရတယ်​၊
နောက်​ဆုံး Winner အစစ်​က
ဘယ်​သူမှ မဟုတ်​ဘူးဗျ၊၊ Oreedoo ​လေ
SMS အ​ဆောင်​ရေ အကန့်​အသတ်​မရှိဆိုမှ​တော့
ဦး​နှောက်​ပါရင်​ စဉ်းစား​ပေါ့ဗျာ။

image

နောက်​တစ်​ခုက Myanmar Got Talent ပြိုင်​ပွဲ
အစီအစဉ်​​လေးက မဆိုးပါဘူး၊
လာပြိုင်​တဲ့ ပြိုင်​ပွဲဝင်​ အချို့ကို ​မေးချင်​မိတယ်​။
TALENT ရဲ့ အနက်​အဓိပ္ပာယ်​ကို ​သေချာသိလားလို့၊
ရိုးရိုးသီချင်းကို ​ကောင်​မ​လေးသိ​စေဖို့
MYANMAR GOT TALENT မှာ လာပြိုင်​တာဆို​တော့
အင်း စဉ်းစားကြည့်​​တော့ ဘာ Talent ကိုပြိုင်​တာလဲ၊
တိရိစ္ဆာန်​​တွေကို အကျီင်္ဝတ်​ပြတာ Talent လား

image

The Voice Myanmar ဆိုတာလည်း ရှိ​သေးဗျို့
ဒိုင်​သူကြီး​တွေက မဆိုးပါဘူး၊
ခက်​တာ​လေးတစ်​ခုက The Voice Myanmar လား
The Voice English လား 😁😁😁
English သီချင်း​တွေ ဆိုပြ​တော့
Winner ဖြစ်​ပြီးလို့ Series ထုတ်​ရင်
မြန်​မာလိုမဆိုပဲ မြန်​မာပရိတ်​သတ်​ကြီးကို
English လိုဆိုတဲ့ သံစဉ်​​တွေဆိုပြမှာလား?
စီးရီးထုတ်​​ရောင်းတယ်​ထားဦး၊
ပေါက်​မယ်​ထင်​လား ?
ဦး​နှောက်​ပါရင်​ စဉ်းစား​ပေါ့ဗျာ။
ဘယ့်​နှယ့်​ လုပ်​ချင်​တာ​တွေ
လာလုပ်​ပြ​နေတယ်​ ဆိုပြ​နေတယ်​လို့ပဲ မြင်​တယ်​။
🔈🔈🔈🔈🔈🔈🔈🔈🔈🔈🔈🔈🔈🔈🔈

Money Drop ဆိုတာရှိ​သေးတယ်​၊

85 born လောက်ကစပြီး စာဖတ်တဲ့သူနည်းသွားတာ သတိထားမိတာကြာပြီ၊ ကျွန်​​တော်​လည်း
85 born တစ်​​ယောက်​ပါ
Channel 7 အစီအစဉ်တော့ ​​သေ​သေချာချာ
မကြည့်ဖြစ်သေးပါဘူး။
မကြာခဏ​တော့ မြင်​​နေရသလို ကြားရတယ်​။
ကြည့်​လိုက်​တိုင်းလည်း တလွဲ​တွေချည်း .........

The Money Drop Myanmar မှာ
ရခိုင်ပြည်နယ်ရဲ့မြို့တော်လို့မေးတာကို ဆရာသမား၂​ ​ယောက်​က မောင်တောကို
သိန်း၂၁၀ထည့်ပြီး စစ်တွေကို သိန်း ၄၀တဲ့ 😂

နားနှစ်ဖက်စလုံးမှာ နားပေါက်နှစ်ဖက်နဲ့
ခေတ်လူငယ်လေးနှစ်ယောက်....

ပင်လုံစာချုပ်ကို ဘယ်လမှာချုပ်ခဲ့သလဲဆိုတဲ့မေးခွန်းကို ဇန်နဝါရီမှာ ၁၃၅သိန်း၊ မတ်လမှာ ၅သိန်း၊
ဧပြီမှာ သိန်း၉၀ ပုံလောင်းလိုက်တယ်။
ဖေဖော်ဝါရီကို တစ်ပြားမှ မလောင်းထားဘူး......။


လက်ရှိတက္ကသိုလ်တက်နေဆဲ
ကျောင်းသူကျောင်းသားတွေကို 7 july က
ဘာနေ့လဲလို့ လိုက်မေးတယ်....၊
ကျောင်းသူကျောင်းသားတွေခမျာ
အာဇာနည်နေ့လိုလို ဘာလိုလိုနဲ့
ရေရေရာရာ မဖြေနိုင်ကြဘူး....။
1962 ခုနှစ်​ ဇုလိုင်​လ ၇ရက်​​နေ့ကို 
ကျောင်းသားသပိတ်​မှန်းမသိဘူး။


တောင်သူလယ်သမားအရေးတော်ပုံကို
ဦးဆောင်ခဲ့တဲ့လူဟာ မန်းဝင်းမောင်လား
ဆရာစံလား သခင်ဖိုးလှကြီးလား ဆိုတဲ့
မေးခွန်းမှာ ဆရာစံကို မဖြေခဲ့ကြဘူး ... 😢😢😢


ကုလသမဂ္ဂအတွင်းရေးမှူချုပ်တာဝန်ကိုယူခဲ့သူဟာ
ဦးသန့်လား ဦးနေဝင်းလား ဦးနုလား
ဆိုတဲ့မေးခွန်းမှာလဲ
ဦးသန့်ခမျာ မျက်နှာငယ်ခဲ့ရရှာတယ်..... 😭😭😭


ဒေါက်တာသန်းထွန်းက သမိုင်းသင်တယ်ဆိုတာ
မ အ အောင်လို့....တဲ့.....။
အ ရုံတင်မက...
န နေကြတဲ့ တိုင်းပြည်ဖြစ်​​နေပြီလား ?
ဘာကိုမျှော်လင့်လို့ရမလဲ......
ဘယ်လောက်အထိ မျှော်လင့်လို့ရမလဲ.......။
🤐🤐🤐🤐🤐🤐🤐🤐🤐🤐🤐🤐🤐🤐🤐

အားလုံးကို ခြုံကြည့်​ရင်
လူအ​များစုက အလွယ်​လမ်းကို လိုက်​ချင်​ကြတာ၊
ပိုက်​ဆံအလွယ်​ရရင်​ မဆိုးဘူး​လေ၊

ပြိုင်​ပွဲ​တွေလုပ်​​နေတယ်​ဆိုတာ
တကယ်​တမ်း စီးပွား​ရေးလုပ်​ငန်းရှင်​​တွေရဲ့
စီးပွားရှာနည်း​တွေထဲက နည်းတစ်​နည်းပါ၊
လူ​တွေ စိတ်​ဝင်​စား​အောင်​လို့
Popular ဖြစ်​​နေတဲ့ Celebraties ​တွေကို ငှားတယ်
ပြီး​တော့ လူ​တွေစိတ်​ဝင်​စား​အောင်​ စွဲ​ဆောင်​တယ်​၊
ပြီးရင်​ ​ကြေငြာ​တွေက​နေ ပိုက်​ဆံယူသလို
Voting ​တွေ ​ပေးခိုင်းပြီး​တော့
မသိမသာ​ရော၊ သိသိသာသာ​ရော
ပိုက်​ဆံဝင်​​ငွေရ​အောင်​လုပ်​တယ်​၊
ဒီ​တော့ စဉ်းစားပါ၊
ဦး​နှောက်​ဆိုတာ အလုပ်​လုပ်​ဖို့ပါ၊

မြန်​မာပြည်​မှာက အင်​တာနက်​ဆိုတာ
Facebook နဲ့ You tube ​လောက်​သိကြတာ၊
ဒါ​တောင်​ ​ခေါင်းစဉ်​တပ်​လိုက်​​တော့
Social Media Network ဆိုပဲ
တကယ်​သုံး​နေ​တော့
Entertainment news ​​လောက်​သုံးတက်​ကြတယ်​။
👌👌👌👌👌👌👌👌👌👌👌👌👌👌👌

ဘာတဲ့ ဒီပုံကိုမြင်​ပြီး
LIKE မလုပ်​ရင်​ SHARE မလုပ်​ရင်
ကံဆိုးမယ်​ဆိုတဲ့ ကြိမ်​စာလိုလို ပိုစ့်​​တွေကတစ်​မျိုး၊
ဒီပုံကို LIKE & SHARE လုပ်​ပါက
ကံ​ကောင်းမည်​ ​ငွေဝင်​မည်​ဆိုလို့
ဘွဲ့ရ၊ ပညာတက်​ဆိုတဲ့ ............. လူ​တွေကပါ
SHARE တာ​တွေ့​တော့
ဘယ်​လိုသတ်​မှတ်​ရမလဲ၊

ကံဆိုးမှာ ​ကြောက်​လို့ SHARE တာလား?
အလကား​အိမ်​ထိုင်​​နေရင်း 
ငွေလိုချင်​လို့ SHARE တာလား?

ထီမထိုးပဲ ထီ​ပေါက်​ပါ​စေ
ဆု​တောင်း​နေသလိုပဲ​နော်​ 😁😁😁

ဂျင်းထည့်​ခံရတယ်​ ဆိုမလား ?
ခပ်ပိန်းပိန်း​တွေဖြစ်​​နေလို့ လား?

ထပ်​လည်း မ​ရေးချင်​သလို
ပြောလည်း မ​ပြောချင်​​တော့ပါဘူးဗျာ၊
😱😱😱😱😱😱😱😱😱😱😱😱😱😱😱

ကျွန်​​တော့်​ကို ပြိုင်​ခိုင်းမယ်​​တော့မလုပ်​နဲ့​နော်​၊
ဖျင်​ယားလို့​တောင်​ မကုတ်​အားဘူး၊
နောက်​တစ်​ချက်​ အလကားရတဲ့ ပိုက်​ဆံ
ကျွန်​​တော်​မလိုချင်​ဘူး၊

အလကားယူတာများရင်​ အကျင့်​ပါပြီး၊
အလကားလိုချင်​စိတ်​​တွေဝင်​လာလိမ့်​မယ်​၊
ပြီးရင်​ မကြာဘူး အလကားလူဖြစ်​​ရော 😁😁😁

ဆု​တောင်းတယ်​ဆိုတာ လူညံ့​တွေအလုပ်
လူရယ်​လို့ဖြစ်​လာရင်
ပေးဖို့ပဲစဉ်းစားတာ အ​ကောင်းဆုံး
ဒါ​ကြောင့်​ ​​ပေး​သောလက်​ဖြစ်​​အောင်​ကြိုးစားတယ်​။

တစ်​ချက်​ပဲ
ဘာပဲလုပ်​လုပ်​ ​စေတနာထားလုပ်​တက်​ကြပါ​စေ 😍

#မှတ်ချက်​ ၊ ၊

ဒီပိုစ့်​ကို​ရေးတာ မြန်​မာ​တွေ မညံ့​​စေချင်​လို့​ပေါ့ဗျာ၊
ရင်​ထဲက ​စေတနာပါ၊ ကျွန်​​တော်​​ရေးတာ ပုဂ္ဂိုလ်​​ရေး ထိခိုက်​​စေလိုတဲ့ ဆန္ဒအလျှင်းမပါပါဘူး။
မည်​သူကို နစ်​နာပါ​စေဆိုတဲ့စိတ်​မရှိသလို
မလုပ်​သင့်​တာနဲ့ လုပ်​သင့်​တာကို
ဦး​နှောက်​နဲ့ ချင့်​ချိန်​ ဆုံးဖြတ်​လုပ်​တက်​​စေဖို့ပါ၊

က​လေး​တွေ ​ပြော​နေတဲ့ ဗန်းစကားလို့​ပေါ့ ၊
သူငယ်​ချင်း ဆယ်​တန်း​အောင်​ဖို့ မလိုဘူး၊
အလိုက်​သိဖို့ပဲ လိုတာပါ၊

ကျွန်​​တော့်​စာ​ကြောင့်​ အဆိပ်​မသင့်​​စေလိုဘူး၊

မေတ္တာဖြင့်

Sort:  

@thaelay, enjoy the vote!

Have you claimed your FREE Byteballs yet? Check out this post on how you can get $10-80 just for having a Steem account: https://steemit.com/steem/@berniesanders/get-free-byteballs-today-just-for-having-a-steem-account-usd10-80-in-free-coins

Congratulations @thaelay! You have completed the following achievement on Steemit and have been rewarded with new badge(s) :

Award for the number of upvotes

Click on the badge to view your Board of Honor.
If you no longer want to receive notifications, reply to this comment with the word STOP

Do you like SteemitBoard's project? Then Vote for its witness and get one more award!

Coin Marketplace

STEEM 0.16
TRX 0.15
JST 0.028
BTC 58584.45
ETH 2302.31
USDT 1.00
SBD 2.48