အလုပ်ဝင်စ အနာဂတ်လူငယ်လေးများအတွက်ပါ
"အလုပ်ဝင်စ အနာဂတ်လူငယ်လေးများအတွက်ပါ"
ကလေးများအား အလေးထား
ဘွဲ့ - လူတိုင်းရချင်တာပေါ့။
ရာထူး - လူတိုင်းလိုချင်တာပေါ့။
နေရာကောင်း - လူတိုင်းရောက်ချင်တာပေါ့။
ဆရာလောကမှာ ဆရာတွေဘွဲ့တစ်ခုပြီးတစ်ခုရအောင် ကြိုးစားသင့်ပါတယ်။သို့သော် ဘွဲ့ကိုကြည့်ပြီး ရာထူးတိုး တစ်ခုပြီးတစ်ခု ယူဖို့ကိုတော့ သေချာ စဉ်းစားဆုံးဖြတ်ပြီးမှယူသင့်ပါတယ်။
ရာထူးရလို့ ကိုယ်ကဝမ်းသာနေရပေမယ့် ကိုယ့်ကြောင့် မိဘနှင့်ကလေးများစိတ်ဆင်းရဲရမည့်အဖြစ်မျိုး မဖြစ်စေချင်ပါ။
*****ဘွဲ့ဆိုတာ ကိုယ့်ဘဝတောက်ပြောင်အောင်လုပ်ဆောင်ပေးတဲ့အထောက်အပံ့ကောင်းတစ်ခုပါ။
ရာထူးဆိုတာ ကိုယ်လုပ်နိုင်ရင်လုပ်ဖို့သတ်မှတ်ထားတဲ့နေရာတစ်ခုပါ။*****
ကိုယ်လည်းမလုပ်နိုင်ဘူး။လုပ်နိုင်တဲ့လူကျတော့လည်း အားနည်းချက်ရှာအပြစ်မြင်ကဲ့ရဲ့နေလို့မရပါဘူး။
ဦးဆောင်ပြီး အကြီးအကဲရာထူးနေရာယူချင်သူတွေဟာ အဓိက စိတ်ဓာတ်ကောင်းမွန်မှန်ကန်ဖို့နှင့် အနာဂတ်အတွက် အမြော်အမြင်ကောင်းတွေ ရှိဖို့အရေးကြီးပါတယ်။
အရည်အချင်းမရှိရင် ရှိအောင် သင်ကြားဖြည့်ဆည်းပေးလို့ရနိုင်ပေမယ့် စိတ်ဓာတ်အကျင့်မကောင်းတာကိုကောင်းအောင် ကိုယ်တိုင်ပြုပြင်ယူမှရတာမို့ ခွေးမြီးကောက်ဆို ကျည်တောက်အသေစွပ်ထားဖို့လိုအပ်ပါတယ်။
ရာထူးနေရာဆိုတာ ဂုဏ်မောက်မာန်ထောင်လုပ်စားရမယ့်နေရာမဟုတ်ပါဘူး။
ဆရာ့ဝတ္တရားမှာ "သင့်ရာအပ်ပို့" ဆိုတဲ့တစ်ချက်လည်းပါပါတယ်။
ဆရာကောင်းမရှိတဲ့ကျောင်းဟာ ကောင်းတဲ့လောကကြီးနဲ့အဆက်အသွယ်ပြတ်တဲ့နေရာဖြစ်သကဲ့သို့l
သံသရာမှလွတ်မြောက်နိုင်သောလမ်းမရှိတဲ့နေရာလည်းဖြစ်နေတတ်ပါတယ်။
ဆရာဆိုတာ လူတော်လူကောင်းတွေမွေးထုတ်နေသူပါ။အနည်းဆုံး မတော်တဲ့သူတွေသူ့ဘဝသူ့ဝန်းကျင်၌သူ့ဘဝနှင့်သူ ကောင်းအောင်တော်အောင်ရပ်တည်ရှင်သန်နိုင်ဖို့မွေးထုတ်ပေးနေသူပါ။
အချို့မိဘတွေl အချို့လူတွေ ရိုင်းတယ်လို့ပြောလို့ မရဘူး။ သူတို့ကိုယဉ်ကျေးလိမ္မာအောင်လေ့ကျင့်သင်ပေးရမယ့်အရွယ်မှာ ဆရာတွေကမပြည့်စုံ။ ရှိတဲ့ဆရာကကော သေချာသင်ကြားဆုံးမပေးခဲ့ရဲ့လား ဘယ်သူမှ မသိပေမယ့် ကာယကံရှင်တွေကတော့ သိနေမှာပါ။
*****ဘာသာ သာသနာကိုသက်ဝင်ယုံကြည်လို့ ကိုးကွယ်တဲ့ဆရာတော်တွေလည်း ဆရာကောင်း၏သင်ကြားဆုံးမလမ်းညွှန်မှုကို ခံယူသင်ခဲ့ဖူးမှသာ
သံသရာတစ်လျှောက်ကောင်းအောင် ဘယ်လိုပြုမူနေထိုင်တတ်ရမယ်ဆိုတာကို ဆုံးမလမ်းညွှန်မှုပေးနိုင်မှာပါ။*****
"""""တစ်ခါတစ်လေ အမှားlအမှန် မဝေခွဲတတ်တဲ့သူတွေနှင့်တွေ့ဆုံရတဲ့အခါ အနာဂတ်အတွက် ကြိတ်မှိတ်သည်းခံနေရတဲ့အဖြစ်တွေ စေတနာအပြည့်ထားတဲ့ဆရာတိုင်းကြုံဖူးကြမှာပါ။"""""
စာသင်ဖူးသူတိုင်းပညာ၏ခက်ခဲနက်နဲမှုကိုသိမှာပါ။လူတိုင်းကဉာဏ်ရည်မတူသလို မိဘအခြေအနေမတူတဲ့အတွက် ပညာတတ်ဖို့အရေး ဘယ်လောက်ထိကြိုးပမ်းကြရတယ်ဆိုတာကို ကလေးတွေပညာရေးကိုအားပေးတဲ့မိဘတိုင်း ခံစားဖူးလို့သိမှာပါ။
ငွေမရှိရင် လေတောင်အလကားဆက်သွယ်လို့မရ ဖြတ်တောက်ပစ်တတ်တာ ဖုန်းဘေကုန်သွားတဲ့လူတိုင်းခံစားဖူးမှာပါ။
"""""ဆရာတစ်ယောက်အနေနဲ့ကိုယ့်တပည့်ကိုလမ်းမှန်ညွှန်ပြနိုင်ဖို့နှင့် အတန်းအလိုက်ပညာ၏သင်ယူရခြင်းအခက်အခဲကိုရင်ဆိုင်ဖြေရှင်းရာမှာနားလည်မှုပေးနိုင်ဖို့lလမ်းမှန်ပြနိုင်ဖို့ ဘွဲ့တစ်ခုပြီးတစ်ခု ယူနိုင်အောင် အချိန်ပေးကြိုးစားဖို့လိုပါတယ်။
ရာထူးတိုးယူတဲ့အခါ ရာထူးအလိုက် တာဝန်ခွဲဝေထမ်းဆောင်ရတာချင်းမတူတာမို့
ဘွဲ့ထက် ကိုယ်လုပ်နိုင်တဲ့စွမ်းအားကိုချင့်ချိန်ပြီးမှ ရာထူးတိုးယူသင့်ပါတယ်။"""""
လက်ရှိလူတွေအနေဖြင့် အနာဂတ်အတွက် စေတနာအမှန်l မေတ္တာအမှန်ထားတာပါတယ်ဆိုလျှင်
(ဘယ်သောအခါမှ သွန်သင်ဆုံးမ၍မရသူ မပါ။ )
ရာထူးတိုးယူဖို့ မဆုံးဖြတ်ခင် ငါက တပည့်တွေကိုတတ်အောင်သင်ပေးနိုင်မှာလားဆိုတာ အရင်စဉ်းစားပေးပါ။
ဘွဲ့တွေပိုက်ပြီး ကိုယ့်ကလေးကို ရအောင်lတတ်အောင်lနားလည်သဘောပေါက်အောင် မသင်နိုင်လျှင် ရှက်စရာကောင်းလှသည်။
ဘွဲ့များစွာပိုက်ပြီး ကိုယ်သင်နိုင်တဲ့ အတန်းlဘာသာကို စိတ်ကြိုက်ရွေးချယ်ကာ ဆရာဘဝကိုသိက္ခာရှိရှိရပ်တည်မည်လား။
ဘာဘွဲ့မှမရလည်း ကိုယ်သင်နိုင်တဲ့အတန်းlဘာသာကို စိတ်ကြိုက်ရွေးချယ်ကာ လုပ်သက်အတွေ့အကြုံlလုပ်ငန်းအတွေ့အကြုံဖြင့် ဆရာဘဝကိုသိက္ခာရှိရှိရပ်တည်မည်လား။
ကိုယ့်သာအသိဆုံးဖြစ်ပေလိမ့်မည်။
ငါမူလတန်းပြမို့ မျက်နှာငယ်လိုက်တာဆိုတာ ဆရာလောကမှာ မရှိပါဘူး။ ဆရာမှန်ရင် ကိုယ့်ကလေးကိုယ် လူ လူချင်းအပြန်အလှန်လေးစားတတ်ဖို့l အချင်းချင်းမျှဝေခံစားနားလည်ပေးဖို့ ဦးဆောင်လမ်းညွှန်ဆုံးမပေးနေရသူတွေဖြစ်နေလို့ပါပဲ။
ရာထူးမရှိလို့မျက်နှာငယ် ဖိနှိပ်ခံရတာl ဘွဲ့မပါလို့ မျက်နှာငယ် ဖိနှိပ်ခံလာရတာl ဂုဏ်တုဂုဏ်ပြိုင်ဖြစ်ပြီး ဆရာအချင်းချင်း တစ်ယောက်ပညာကို တစ်ယောက်အလေးထား အပြန်အလှန်မလေးစားတာတွေဟာ
ဆရာလောကထဲကို အလုပ်ရပြီးရောlဂုဏ်ရှိပြီးရော ဝင်လာတဲ့သူတွေများလာတဲ့အတွက်ကြောင့်ပါ။
ဆန်ကောင်းထဲ ကြွက်ချေးအရောခံရသလို နှာခေါင်းရှုံ့စရာတွေဖြစ်လာရုံသာမက ဆရာအချင်းချင်းလည်း အမုန်းပွားစရာတွေဖြစ်လာတာပါ။
ထက်/လယ်/မူ ဘယ်အတန်းသင်တဲ့ဆရာဖြစ်စေ
ကိုယ်ကျရာနေရာ ဒေသမှာ ကိုယ့်အတန်းက ကိုယ့်ကလေးကို ကိုယ်တာဝန်ယူသင်ရတဲ့ဘာသာရပ်ကို စေတနာ မေတ္တာ အပြည့်ထား တတ်အောင်သင်ပေးရဲ့လား။ သင်ပေးတယ်ဆိုရင် ကလေးဘယ်နှစ်ယောက်ရှိရှိ ကိုယ့်စေတနာနဲ့ကိုယ်l ကို့်မေတ္တာနဲ့ကို ကိုယ်ဟာ ဆရာကောင်းတစ်ဆူပါပဲ။
ဘယ်သူနှိမ်နှိမ် ကိုယ်မနှိမ့်သွားပါဘူး။ ကိုယ်နှိမ်ခံရလည်း နှိမ့်ကျမသွားနိုင်မှန်း ကိုယ့်ဘာသာကိုသိဖို့အရေးကြီးတယ်။ ဆရာဆို ဘယ်အတန်းသင်တဲ့ဆရာဖြစ်ဖြစ် အနန္တော အနန္တငါးပါးထဲမှာ ပါပြီးသားဖြစ်နေလို့ပါ။
ဘယ်သူဘာပြောပြော ကိုယ့်ကိုယ်ကို ကိုယ်ဘယ်လို လူစားမျိုးလဲ သိဖို့အရေးကြီးပါတယ်။
*****လောကသဘောအရတော့ အများသဘောနှင့် ညှိကြည့်ရပေမယ့်
အချို့နေရာတွေက ပတ်ဝန်းကျင်စရိုက်အနေအထားအရ ကိုယ့်စံကိုယ်ထားပြီးနေရတာမျိုးတွေရှိတတ်ပါတယ်။*****
ဆရာကောင်းဆိုတာ ကိုယ့်တပည့်လေးတွေရဲ့ အသိအမှတ်ပြုခံထိုက်အောင်ကြိုးစားစွမ်းဆောင်ဖို့ပဲအရေးကြီးပါတယ်။
ကလေးတွေရဲ့ချစ်ခြင်း မေတ္တာကို လိမ်ညာမယူမိဖို့ အရေးကြီးပါတယ်။
ကလေးတွေကို ဆုံးမပြုပြင်သင့်တာဆုံးမပေးရမယ်။လမ်းမှန်ပြရမယ့်အခါလမ်းမှန်ညွှန်ပြပေးရမယ်။
ဆုံးမပြုပြင်လမ်းညွှန်ပြရမယ်မှန်းသိသိကြီးနဲ့ မသိကျိုးကျွန်ပြု အလိုလိုက်အကြိုက်ဆောင်ကာ မှားချင်မှားl မှန်ချင်မှန် ရေငုံ နှုတ်ပိတ် မမြင်ချင်ယောင်ဆောင်lမသိချင်ယောင်ဆောင် ဘာမှမပြောပဲ ကလေးတွေအလိုလိုက်ထားခြင်းဟာ မိဘနှင့်ကလေးတွေရဲ့အချစ်ကို ဟန်ဆောင်လိမ်ညာယူနေခြင်းပါပဲ။
ဆရာမှန်ရင် ဝေဖန်ခံနိုင်ရမယ်။ဖြေရှင်းခံနိုင်ရမယ်။ကြံ့ကြံ့ခံနိုင်ရပါမယ်။
ဆရာက အနာခံမှ ကိုယ့်တပည့် ကလေးတွေက အသာစံ ရမှာပါ။
လူတော်လူကောင်းတစ်ယောက်ဖြစ်အောင် တစ်နှစ်တစ်တန်းမှန်မှန်မွေးထုတ်နိုင်ဖို့ဆိုတာ မူလတန်းlအလယ်တန်းlအထက်တန်းlအဆင့်မြင့်ပညာ မှာရှိတဲ့ ဆရာlဆရာမတွေရဲ့ အချိတ်အဆက် မိမိလေ့ကျင့်သင်ကြားဆုံးမပြုပြင်ပေးနိုင်မှုအားကောင်းမှရမှာပါ။ အဓိကတော့ မိဘရဲ့ သားသမီးတွေအပေါ်ခံယူထားရှိမှုမှန်ကန်ဖို့က ဆရာတွေအတွက် အထောက်အပံ့ကောင်းတစ်ခုပါပဲ။
မိဘနှင့်ဆရာကြားက အပြန်အလှန် တစ်ဦးကစေတနာl တစ်ဦးက မေတ္တာထားရှိမှု ကြားမှာ မတော်လောဘစိတ်မရှိဖို့ အလွန်အရေးကြီးပါတယ်။
ဆရာကောင်းဆိုတာ အဆိပ်ပင်ကို ကိုယ့်ပညာဖြင့် ရှင်သန်အောင် မလုပ်ပါဘူး။
*****ဆရာကောင်းဆိုတာ တပည့်ကောင်းတွေကိုပဲ လက်တွဲခေါ်မွေးထုတ်တာပါ။
ဘယ်သူဘယ်စိတ်ဓာတ်ရှိတယ်ဆိုတာသိရင် ဘယ်ကလေးကို ဘယ်လိုပြုပြင်လမ်းညွှန်ပေးရမယ်ဆိုတာ ကောင်းကောင်းသဘောပေါက်နားလည်နိုင်သူဟာ ဆရာတွေပါပဲ။*****
မူလတန်းအရွယ်ကိုဖြစ်စေl အလယ်တန်းအရွယ်ကိုဖြစ်စေl အထက်တန်းအရွယ်ကိုဖြစ်စေ
ကလေးဆိုတာ အသက်အရွယ်အလိုက်l ဉာဏ်ရည်ဖွံ့ဖြိုးမှုမတူလို့
လေ့ကျင့်သင်ကြားပြုပြင်ဆုံးမလမ်းညွှန်ပေးရတာချင်းမတူပါဘူး။ ဒါကို သူ ဘာ ငါ ဘာ ဖြင့် ဆရာအချင်းချင်း မလေးမစားမပြုသင့်သလို ပြိုင်ဆိုင်မှုတွေမရှိသင့်ပါဘူး။ ဆရာအချင်းချင်း ကလေးတွေရဲ့အသက်အရွယ်အလိုက် အခက်အခဲမတူတာကို နားလည်ပေးနိုင်ရင် ဆရာဘဝဆိုတာ ဆရာ ပါပဲဆိုတာ သဘောပေါက်လာမှာပါ။
ဆရာအချင်းချင်း တစ်ယောက်ပညာတစ်ယောက်အပြန်အလှန်လေးစားမှုထားပြီး တစ်ယောက်နဲ့တစ်ယောက်ပြိုင်ဆိုင်မှုကင်းရင် ဆရာဘဝဆိုတာ လွယ်လွယ်နဲ့မရနိုင်မှန်းသိလာမှာပါ။
ဆရာအလုပ်ရဖို့ လွယ်ချင်လွယ်မယ်။ ဆရာဘဝရောက်ဖို့ ဆရာကောင်းတစ်ယောက်ဖြစ်လာဖို့တော့ မလွယ်ဘူး။
ဆရာအချင်းချင်း ဖိနှိပ် ပြိုင်ဆိုင်မှုတွေများလာတဲ့အခါ ဆရာအများအပြားဟာ ကိုယ့်ဘဝတိုးတက်ဖို့အတွက် ကလေးတွေရဲ့ဘဝကိုချနင်းဖို့ဝန်မလေးကြတော့ဘူး။
ဘွဲ့တွေပိုက်ပြီး ကိုယ့်ကလေးကို ရအောင်lတတ်အောင်lနားလည်သဘောပေါက်အောင် မသင်နိုင်လျှင် ရှက်စရာကောင်းလှသည်။
ဘွဲ့များစွာပိုက်ပြီး ကိုယ်သင်နိုင်တဲ့ အတန်းlဘာသာကို စိတ်ကြိုက်ရွေးချယ်ကာ ဆရာဘဝကိုသိက္ခာရှိရှိရပ်တည်မည်လား။
ဘာဘွဲ့မှမရလည်း ကိုယ်သင်နိုင်တဲ့အတန်းlဘာသာကို စိတ်ကြိုက်ရွေးချယ်ကာ လုပ်သက်အတွေ့အကြုံlလုပ်ငန်းအတွေ့အကြုံဖြင့် ဆရာဘဝကိုသိက္ခာရှိရှိရပ်တည်မည်လား။
ကိုယ့်သာအသိဆုံးဖြစ်ပေလိမ့်မည်။
အချို့ဆရာတွေ လုပ်သက်အရရော ဘွဲ့အရကော ရာထူးတိုးယူလို့ရတယ်။ဒါပေမယ့်မယူဘူး။ ကလေးတွေ ကိုယ့်ကြောင့်နစ်နာမှာစိုးလို့ လက်ရှိဘဝကိုပဲကျေကျေနပ်နပ်ခံယူရင်း တစ်နှစ်ပြီးတစ်နှစ် ကိုယ့်အတန်းlကိုယ့်ဘာသာကို တက်တက်လာတဲ့ကလေးတွေကိုပဲ အကောင်းဆုံးဖြစ်အောင်သင်ပေးရင်း မြင့်မြတ်စင်ကြယ်တဲ့ဆရာဘဝကိုပဲတစ်သက်လုံးပင်စင်ယူတဲ့အထိlသေတဲ့အထိခံ သိက္ခာရှိရှိ စေတနာအပြည့်နဲ့ခံယူသွားကြတယ်။ ဒါဟာ ဆရာလောကရဲ့စံနမူနာယူထိုက်တဲ့ အလေ့အကျင့်ကောင်းတစ်ခုဆိုတာ ဆရာတွေပဲသိထားနားလည်ကြပါတယ်။
အချို့က ဆရာအလုပ်ရတိုင်း ဆရာဖြစ်ပြီထင်ပြီး ရာထူးနောက်ပဲလိုက်နေကြတဲ့အတွက် မြန်မာ့ပညာရေးလောကမှာ အနာဂတ်ကလေးတွေနစ်နာနေကြရတာပါ။
ရာထူးတိုးတစ်ခုယူတော့မယ်ဆိုရင် အဓိကစဉ်းစားရမှာက ငါ ဆရာတစ်ယောက်အနေနဲ့ အဲ့ဒီရာထူးl အဲ့ဒီအတန်းမှာရှိတဲ့ဘာသာl အဲ့ဒီအတန်းမှာရှိနေတဲ့ကလေးတွေကို တတ်မြောက်နားလည်အောင် ကြိုးစားလေ့လာသင်ပေးနိုင်တဲ့စွမ်းအား ကိုယ့်မှာရှိရဲ့လားဆိုတာ သေသေချာချာစဉ်းစားဆုံးဖြတ်ပြီးမှ ရာထူးတစ်ခုကိုယူဖို့ဆုံးဖြတ်ချက်ချသင့်ပါတယ်။ သို့မဟုတ်လျှင် ကိုယ့်အတန်းlကိုယ့်ကလေးတွေဟာ ကိုယ့်ကြောင့် လူဖြစ်ပြီး လူရောင်တောက်ပြောင်တဲ့ဘဝကို ပိုင်ဆိုင်ခွင့်ဆုံးရှုံးနိုင်ပါတယ်။
ဆရာတွေအနေနဲ့ ကိုယ့်အခြေအနေ ကိုယ်သာအသိဆုံးပါ။ငါသာဆိုရင်ကော ငါ့လိုစိတ်ဓာတ်အရည်အချင်းရှိတဲ့ဆရာမျိုးနဲ့သင်ချင်လား။ငါ့ သားသမီးဆိုရင်ကော ငါလိုစိတ်ဓာတ်အရည်အချင်းမျိုးရှိတဲ့ ဆရာဆီမှာ ကိုယ့်သားသမီးကိုယုံကြည်စိတ်ချစွာ အပ်ထားချင်ပါ့မလား။
သူများရာထူးတိုးယူတိုင်း ကိုယ်လိုက်ယူချင်ရအောင် ကိုယ်မှာ ဘာအားသာချက်ရှိနေလို့လဲ။သေချာစဉ်းစားသင့်ပါတယ်။
ဆရာဆိုတာ ကိုယ်သင်ရတဲ့အတန်းl ကိုယ်ကျွမ်းကျင်တဲ့ဘာသာကို အလေးပေးအဓိကထားမှ ကိုယ့်ကလေးအတွက် တစ်နှစ်ပြီးတစ်နှစ်lတစ်တန်းပြီးတစ်တန်း လူတစ်လုံးသူတစ်လုံးဖြစ်လာအောင် ကိုယ့်နေရာကနေတာဝန်ကျေပွန်သောနိုင်ငံ့သားကောင်းဆရာတစ်ယောက်ဖြစ်မှာပါ။
လူတစ်ယောက် လူဖြစ်ဖို့နှင့် လူစိတ်ရှိဖို့ဆိုတာ အပြောလွယ်သလောက်
လက်တွေ့မွေးထုတ်လေ့ကျင့်ပြုစုပျိုးထောင်ပေးရတာခက်ပါတယ်။
ကိုယ့်ကြောင့် ကိုယ့်ကလေးတွေဘဝ အနာဂတ်မှာ စိတ်ဒဏ်ရာမဖြစ်စေခြင်းသည် အကောင်းဆုံးဆရာ့တာဝန်ကိုကျေပွန်စွာထမ်းဆောင်နေခြင်းပါပဲ။ ဆရာလောကထဲဝင်ပြီး ဆရာလောကတစ်ခုလုံးကို အရောင်ပြောင်းအောင်ကြိုးစားနေသူတွေအများအပြားရှိနေလည်း ထိုအထဲမှာ ဆရာတစ်ယောက်ဖြစ်နေတဲ့ ကိုယ်ကိုတိုင်က မပါဖို့ အရေးကြီးပါတယ်။ လူဆိုတာ ငွေအတွက် လောဘရှိတတ်ကြတာပဲ။ သို့သော်လည်း စီးပွားရေးဈေးကွက်သဖွယ်သဘောထားတဲ့ ဆရာတွေပဲ ကြီးပွားချမ်းသာသွားကြတာ ဆရာလောကမှာများပါတယ်။
စေတနာlမေတ္တာအရင်းခံလို့ ကြီးပွားချမ်းသာလာရင်တောင် အချို့ဆရာတွေလောဘပိုတက်လာတတ်ကြသေးတာပဲ။ဒါဟာမဆန်းကြယ်သော သဘာဝပါ။ ဒါကိုသိသိကြီးနဲ့ စေတနာထားသယောင် မေတ္တာထားသယောင် စီးပွားချဲ့နေတာဟာ ဆရာအချင်းချင်း အမုန်းပွားစေပြီး ကလေးအချင်းချင်း ချစ်ခင်လေးစားမှုကို ပျက်ပြားစေပါတယ်။
အချို့ကလေးတွေ အတ္တစွဲဘယ်လောက်ထိကြီးတတ်ကြလဲဆိုရင် ငါတို့သင်တဲ့ဆရာမှ ဆရာထင် တတ်ပြီး ငရဲမကြီးသင့်ပဲ ငရဲရကုန်တာ အချို့ဆရာတွေရဲ့မြန်မာ့ပညာရေးလိုအပ်ချက်ကို ငွေဖြင့်အလဲအလှယ်လုပ်နိုင်အောင်ကြိုးစားနေကြလို့ပါ။
ငွေရှိလို့ အစစ အရာရာသာပြည့်စုံမယ်ဆိုရင် မြန်မာ့ဆရာတွေ မညံ့ဘူးဆိုတာ မိဘတွေ သဘောပေါက်မှာပါ။
သဘောပေါက်လို့လည်း ပိုက်ဆံရှိတဲ့မိဘတွေက ကိုယ့်သားသမီးကို ကောင်းတဲ့ကျောင်းတွေရွေးထားကြတာ အများအမြင်ပါ။
အစွမ်းအစရှိပြီး ဘာမှမပြည့်စုံလို့ လက်မှိုင်ချ ရှိတာလေးနဲ့မဖြစ်ဖြစ်အောင်l မကောင်းကောင်းအောင်ကြိုးစားသင်ပေးနေတဲ့ဆရာတွေကြောင့် လူတော်လူကောင်းလေးတွေအများကြီးဖြစ်လာတာ ဌာနဆိုင်ရာ အသီးသီးမှာရှိပါတယ်။ အခုဒီစာဖတ်နေသူလည်း ပါချင်ပါနေမှာပါ။ ဆရာတွေဘယ်တော့မှ မညံ့ဘူးဆိုတာ မပြည့်မစုံသင်ရင်း တစ်နှစ်တစ်နှစ် ရုန်းကန်ထွက်လာတဲ့တပည့်လေးများကိုကြည့်ရင်သိနိုင်ပါတယ်။
မြန်မာ့ပညာရေးမှာ ဆရာတွေဟာ မမျှမတ ကြိုးစားရုန်းကန်နေကြရတာပါ။
ပြည့်စုံမှုချင်းတူလို့ အရည်အသွေးချင်း အယှဉ်ခံရတာ ဖြစ်သင့်ပေမယ့်။
ပြည့်စုံမှုချင်းမတူပဲ တန်းတူယှဉ်နိုင်အောင် ကြိုးစားကာစေတနာထားပြီး ကိုယ့်ဂုဏ်သိက္ခာအတွက် တပည့်တွေရှေ့မှာ ဆရာဂုဏ်မညိုးနွမ်းရလေအောင် တာဝန်ယူဆောင်ရွက်နေရတဲ့ ဆရာများဘဝကို စာနာသင့်ပါတယ်။
မကြာမီ တက္ကသိုလ်ဝင်တန်း အောင်စာရင်းလည်း ထွက်လာပါတော့မည်။
ဆရာအချင်းချင်း ငါဘာ သူဘာ မခွဲခြားပဲ တစ်ယောက်ပညာ တစ်ယောက် လေးစားတန်ဖိုးထားနိုင်ကြပါစေ။ အမှားပါရင် သည်းခံခွင့်လွှတ်ပါ။
ကိုယ်တိုင်က ကြိုးစားလေ့လာနေသူတစ်ယောက်မို့ပါ။