Electrical Power Distribution
လျှပ်စစ်ဓာတ် အားဖြန့်ဖြူးမှု
ဓာတ်အားဖြန့်ဖြူးမှု ပုံစံအမျိုးမျိုးအနက် North American System နှင့် European System ဆိုပြီး အဓိကအားဖြင့် စနစ်နှစ်မျိုးရှိပါတယ်။
စနစ်နှစ်မျိုးဆိုပေမယ့် အသုံးပြုတဲ့ ဓာတ်အားလွှတ် ပစ္စည်းများ ဖြစ်တဲ့ (ဥပမာ- conductors၊ cables insulators၊ surge arrester and Transformers) စတာတွေကတော့ အတူတူပါပဲ။
ဒီ system နှစ်ခုအကြား အဓိက ခြားနားချက်ကတော့ layout( အပြင်အဆင်)၊ configuration ( ပစ္စည်းများ ပါဝင်ပေါင်းစပ်မှု)၊ application (အသုံးချမှု)တို့ပဲ ဖြစ်ပါတယ်။ (fig-1)
European system မှာ three phase စနစ် (ဥပမာ -11/0.4 kV, Dyn11 three phase transformer ) တွေနဲ့ ဓာတ်အားဖြန့်ဖြူးပါတယ်။ capacity အနေနဲ့ (300-1000 KVA စသဖြင့်) transformer တစ်လုံး တည်းကနေ မီးသုံးသူများများကို ဖြန့်ဝေပေးတဲ့စနစ်ကို အသုံးပြုပါတယ်။
North Americanစနစ်ကတော့ (25-50KVAစသဖြင့်) single phase transformer (capacity) သေးသေး လေးတွေနဲ့ ဓာတ်အားဖြန့်ဖြူးပါတယ်။
ဓာတ်အားဖြန့်ဖြူးမှု စနစ်မှာ Transformer ရဲ့ secon-dary voltage ကလည်း အမျိုးမျိုးကွဲပြားနေပါတယ်။ North American စနစ်မှာ transformer ရဲ့ secondary voltage အနေနဲ့ 120/240V စနစ်ကို အသုံးပြုပြီး ဓာတ်အားဖြန့်ဖြူးပါတယ်။ ဒီစနစ်မှာ Transformer ကနေ ပေ၂၅၀ အတွင်းသာ ဓာတ်အား ဖြန့်ဖြူးပါတယ်၊ ဒီအကွာအဝေးကျော်ရင် ဗို့အား ကျဆင်းမှု ဖြစ်တတ်ပါတယ်။
European design မှာ Transformer secondaryက three phase စနစ်ပါ။ (ဥပမာ-11/0.4kV Dyn11 Transformer)Secondary voltage ( phase-neutral) အနေနဲ့ 220-230-240V စသဖြင့် သုံးလေ့ ရှိပြီး North American System (120V phase-neutral) ထက် နှစ်ဆပိုပါတယ်။ voltage နှစ်ဆတင် လိုက်ရင် တူညီတဲ့ဝန်အားကိုပဲ အကွာအဝေးမှာ လေးဆ
(4 times) ပိုမိုဖြန့်ဖြူးပေးနိုင်ပါတယ်။Three phase စနစ်ဟာ single phase စနစ်ထက် အကွာအဝေးနှစ်ဆ ပိုမိုဖြန့်ဖြူးပေးနိုင်ပါတယ်။
တူညီတဲ့ဝန်အား တူညီတဲ့ voltage level မှာ European စနစ်ဟာ North American စနစ်ထက် အကွာအဝေး ရှစ်ဆ (8 times) ဓာတ်အားပိုမိုဖြန့်ဖြူးပေးနိုင်ပါတယ်။
ဒီစနစ်နှစ်ခုအကြား အဓိကခြားနားချက်တွေကတော့
Cost
ယေဘုယျအားဖြင့် European systemက ကုန်ကျ စရိတ်ပိုများပါတယ်။ ဒါပေမယ့် primary level မှာ အလျော့အတင်း လုပ်လို့ရတဲ့အတွက် ဘယ်ဟာက ပိုကောင်းတယ် ပြောဖို့ခက်ပါတယ်။ single phase စနစ်နဲ့ မီးပေးလည်းရတဲ့ဧရိယာတစ်ခုကို three phase စနစ်နဲ့ မီးပေးရင်တော့ ကုန်ကျစရိတ်များမှာပါ။
Flexibility (ပြုလွယ်၊ ပြင်လွယ်ရှိမှု)
11/0.4 kV Transformer ( 11kV-primary ၊ 400V secondary)နဲ့ ဓာတ်အားဖြန့်ဖြူးထားတဲ့ စနစ်တစ်ခုမှာ North American က primary sideမှာ ပိုကောင်းပြီး တော့၊ European system က secondary side မှာပိုကောင်းပါတယ်။
မြို့ပေါ်ဓာတ်အားဖြန့်ဖြူးမှုမှာ Load areaက တစုတစည်း တည်း ရှိတဲ့အတွက် European system ( secondary three phase system) နဲ့ ဓာတ်အားဖြန့်ဖြူးတာ ပိုအကျိုးရှိပါတယ်။ နယ်မြို့(သို့) ကျေးလက်ဒေသကို ဓာတ်အားဖြန့်ဖြူးမှုတွင် load areaက တစုတစည်း တည်းမရှိပဲ ပြန့်ကျဲနေတဲ့အတွက် North American system( single phase ) နဲ့ ဓာတ်အားဖြန့်ဖြူးတာက ပိုမိုသင့်လျော်ပါတယ်။
Safety
North American system ဟာ multi-grounded ဖြစ်လို့ under fault condition မှာ touch voltage မြင့်တက်မှုကို ကာကွယ်ပေးပါတယ်။
European system ဟာ high impedance fault ( Line နဲ့ သစ်ပင်သစ်ကိုင်း ပွတ်တိုက်မိတဲ့ fault ) ကို လွယ်ကူစွာမြင်နိုင်ပါတယ်။( three phase ကို star(Y) ပေါင်းပြီး earth ချထားတဲ့အတွက်)
Reliability (ယုံကြည်စိတ်ချရမှု)
North American system ဟာ ဓာတ်အားပြတ် တောက်သူ consumer အရေအတွက်ကို လျှော့ချနိုင် ပါတယ်။ ( single phaseနဲ့ ဓာတ်အားပေးတာဖြစ် တဲ့အတွက် fault ဖြစ်ရင် ဖြစ်တဲ့ phaseက မီးသုံးသူ တွေပဲ ဓာတ်အားပြတ်တောက်မှာပါ၊ ကျန်တဲ့ healthy phaseနှစ်ခုက မီးသုံးသူများ ဓာတ်အားမပြတ်တောက်ပါ။
European system မှာ ( three phase system ဖြစ်လို့) fault ဖြစ်လို့ Main ပါရင် မဆိုင်တဲ့ ကျန် healthy phase နှစ်ခုက မီးသုံးသူတွေပါ ဓာတ်အား ပြတ်တောက်မှာပါ။ ဒါကြောင့် မှန်ကန်တဲ့ fuseတပ်ဆင် နိုင်ဖို့နဲ့ OC/EF relay တွေရဲ့ setting များ coordi -nation ရရှိနေဖို့ အရေးကြီးပါတယ်။ ( OC/EF protection ပညာရပ်ရဲ့ တစ်ကယ့်အခက်ခဲဆုံး အပိုင်းပါပဲ)
Europe နဲ့ North America နိုင်ငံများရဲ့ အပြင်ဘက် တစ်ခြားနိုင်ငံတွေမှာတော့ European system နဲ့ North American system ဒီစနစ်နှစ်ခုကို ဟိုနည်းနည်း၊ ဒီနည်း နည်း ရောစပ်အသုံးပြုလေ့ရှိကြပါတယ်။
Electrical Power Distribution Handbook by T.A.Short
(ဆီလျော်အောင် ပြန်ဆိုပါသည်)
credit:EEP
ရေးသူ: Aung Ko Htay
Photo fron FB