my experience part (3)

in #steemit6 years ago

image

my experience part (3) အရင်က trunking ရိုက်မယ်ဟေ့ ဆို ဆရာက စစ်လွယ်အိပ်လေးတွေထဲကို ခဲတံ ကိုင်းလွှ ကျင်တွယ် တူ ကပ်ကြေး တွေ ထည့်ပေးပါတယ် trunking စ ရိုက်တော့ မယ်ဆို ပထမ ဦးဆုံး မာကင်ပေးရပါတယ် ပထမ ဦးဆုံး ပတ်လမ်းရိုက်ဖို့ အရင် စဉ်းစားရမှာပါ ပတ်လမ်းကို အရင် မာကင် မရိုက်ခင် ဘင့်တွေ အများကြီး ရှိတဲ့ အထဲကမှ အနိမ့်ဆုံး ဘင့်ကနေ ၁လက်မ ခွာရမှာပါ အဲ့ဒိ ၁လက်မ ကနေမှ အတည် ယူပြီး ရေချိန်ပိုက် နဲ့ ကိုယ်ပတ်မဲ့ ပတ်လမ်းတလျှောက်ကို လိုက်မှတ်ရမှာပါ မှတ်ပြီးတာနဲ့ မာကင်ဘူး နဲ့ မှတ်ထားတဲ့ နေရာတွေကို လိုက်ရိုက်ရပါတယ် ပြီးရင် ဒုတိယ လုပ်ရမှာက switch တွေ power socket တွေ ထားမယ်နေရာတွေကို base cupတွေကို မှာကင် လိုက်ပေးရပါတယ် base cup ကို မာကင်မပေးခင် base cup ရဲ့ ကြိုးဝင်မဲ့နေရာကို 1" trunking ဆိုရင် 1"trunking အဖုံးအပါ အဝင် ထိပ်ကို ခွက်မှာ ငြိမ်အောင် ထားပြီး ခဲတံနဲ့ မာကင်ပေးရပါတယ် အဲဒါမှ trunking က ခွက်ထဲကို အပိုအလို မရှိ ကွက်တိ ဝင်သွားမှာပါ အဲဒါမှ ပိုးကောင် မွှားကောင် မဝင်မှာပါ ဟုတ်ကဲ့ အဲလို အဆင့်ဖြစ်ရင် ခွက်ကို မာကင်ပေးလို့ရပါပြီ မာကင်ပေးရင်လဲ base cup မှာ အပေါက် အသေး လေးပေါက်ပါ ပါတယ် အပေါက် အကြီးက လေးပေါက် ပါပါတယ် အပေါက်အသေးရော အပေါက် အကြီးရော ဘယ်ဟာ အသုံးပြုပြု ရပါတယ် ဒါပေမဲ့ တခုစီမှာ အားနည်းချက် ရှိပါတယ် အဲ့ဒါ ဘာလဲဆိုတော့ အပေါက်အသေး သုံးမယ်ဆို gun ဖေါက်တာ လက်မငြိမ်ရင် ခွက်စောင်းသွား နိုင်ပါတယ် ဒါပေမဲ့ လက်ငြိမ်မယ်ဆိုရင်တော့ အဆင်ပြေပါတယ် လက်မငြိမ်ရင် ခွက်က ကစားလို့မရပါဘူး အားသာချက်က washer ထည့်စရာ မလိုပါဘူး အပေါက်အကျယ် သုံးမယ်ဆိုရင်တော့ လက်မငြိမ်လဲ ကစားလို့ရတဲ့အတွက် အဆင်ပြေပါတယ် ဒါပေမဲ့ washer ထည့်ရပါတယ် washer မထည့်ရင်တော့ နောက်ပိုင်း ပြုတ်ထွက်လာပါတယ် ဟုတ်ကဲ့ ခွက်ထိုင်ပြီးသွားရင်တော့ ခွက်ကိုလာမဲ့ အဆင်းလိုင်း trunking ရိုက်ရပါတယ် အဆင်းလိုင်းမရိုက်ခင် အဆင်းလိုင်း ကို မာကင်ပေး ရပါတယ် အဆင်းလိုင်း မာကင် ကို ဘာနဲ့ပေးရလဲ ဆိုတော့ မာကင် ဘူး နဲ့ပေးရပါတယ် မာကင်ဘူးက ချိန်သီး အဖြစ်လဲ အသုံးပြုလို့ရပါတယ် မာကင်ဘူးမှာ ပါတဲ့ အချွန်လေးကို စောစောက လှီးထားတဲ့ 1"trunking ဂွင်လေးရဲ့ တဖတ်စွန်းကို အတိအကျ ချိန်ပြီး အထက်အောက် နှစ်ယောက်တင်းပြီး ထင်ရှားနေအောင် ရိုက်ရပါတယ် ရိုက်ပြီးရင်လဲ ၁ပေ အကွာ တွေမှာ wall plug နေရာတွေကို အလွယ် တကူ မှတ်မိနိုင်ဖို့ ခဲတံနဲ့ အမှတ်ခလေးတွေ မှတ်ခဲ့ရမှာပါ အဲဒါမှ trunking ကို screw ဆွဲရင် အလွယ်တကူ ဆွဲလို့ရမှာ ပတ်လမ်းတွေမှာလဲ အဲလိုမှတ်ခဲ့ရမှာပါ ဒါကတော့ အဆင်းလိုင်းနဲ့ ခွက်ထိုင် နဲ့ ပါတ်လမ်းပေါ့ နောက်တခုက 90° အချိုး ပါ 90° ချိုးတော့မယ်ဆိုရင် ကိုလိုချင်တဲ့ အရှည်ကို trunking အသွားတခုစာ ပိုပြီး ကန့်လန့်စီး တခု ဆွဲပါ ပြီးရင် ကိုရိုက်မဲ့ trunking က 1" မဆိုရင် ဟိုဘက် တလက်မ ဒီဘက် တလက်မ ကန့်လန့်မျဉ်း ၂ကြောင်း ထပ်ဆွဲပါ ပြီးရင် ကိုချိုးမဲ့ ဘက် ကို အပေါ်က ထားပြီး ဘေးမျဉ်း နှစ်ဖက်စလုံးရဲ့အောက်ထိပ်ကနေ အလယ်မျဉ်း အပေါ်ထိပ်ကို စည်းဆွဲပါ ပြီးရင် အဲဒါပြီးရင် အခုဆွဲတဲ့ မျဉ်းကို အလယ်စည်းထိပ်ဘက်က trunking အသွားကို ချန်ပြီး ကိုက်ထုပ်ပြစ်ရမှာပါ ဒါဆို 90° ရပါပြီ 45°ဆိုရင် ကိုယ်သုံးမည့် trunking ရဲ့ တဝက်ပေါ့ ဒါဆို အဆင်ပြေသွားပြီ သူတို့ကို ဖုံးမယ်ဆိုရင်တော့ ကျင်တွယ် သုံးပြီး လွှနဲ့ လီးရ ပါတယ် ကပ်ကြေးနဲ့ လှီးရင် မလှပါဘူး နောက်တခုက ဘင့်အချိုးတွေ ဘင့်အချိုး ချိုးရင်တော့ ကပ်ကြေး လိုပါတယ် ဘာလို့ကပ်ကြေးလိုတာလဲ ဆိုတော့ တချို့ ဘင့်အချိုးတွေက 45° 90° မပြည့်ပါဘူး အဲ့ဒါကြောင့် ကျင်တွယ်နဲ့ အဆင်မပြေပါဘူး ပြီးတော့ ဘင့်အချိုးတွေမှာ ဘင့်အခြေ ချိုး ဘင့် ထိပ်ချိုး ဆိုပြီးရှိပါတယ် ဘင့်အခြေချိုးမယ်ဆိုရင်တော့ ပထမ ဦးဆုံး ဘင့်အခြေနဲ့ ဘင့်ထိပ် ကို ပေဘူးနဲ့တိုင်း ပြီးရင် တလက်မ ပိုထား ဥပမာ ဘင့်အခြေနဲ့ ဘင့်ထိပ်က 9"ဆိုရင် 10" နေရာက trunking အသွား၂ခုလုံးကို ကပ်ကြေးနဲ့ကိုက် ပြီးရင် ချန်ထားတဲ့ တလက်မကို trunking အသွား အောက်ခြေက တလက်မ ထိ နှစ်ဘက်စလုံး ညှပ်ရမှာပါ ပြီးရင် အလည်က ဗိုက်သားကိုလဲ ညှပ်ရမှာပါ ကျန်တဲ့ဘက်အခြမ်း ကိုလဲ အဲလို လုပ်ရမှာပါ ပြီးရင် သူတို့၂ခုကို trunking အတိုနဲ့ စောစောက လို တလက်မစီ ဟိုဘက်ဒီဘယ် ဗိုက်သားကို လှီးထုပ်ပြီး ဟိုဘက်ဂွ ဒီဘက်ဂွ ဆက်ပေးရပါတယ် အဲလို ဆက်လိုက်ရင် တဖက်ဆီမှာ V ပုံစံ လေးတွေ ၂ခုစီတွေ့မှာပါ အဲဒိ V အလည်ခေါင်တည့်တည့်နဲ့ ဘင့် နှခမ်း စွန်းနဲ့ကို တည့်တည့်ချိန်ပြီး အကုန် ညှပ်ပေးရမှာပါ ဘင့် အခြေမှာလဲ အဲလိုဘဲ ဘင့် အခြေ တည့်တည့်ကို ကပ်ကြေးနဲ့ ချိန်ပြီး ညှပ်ပေးရပါတယ် အဖုံးဖုံးရင်လဲ ဘင့်အပေါ် အလယ်ကို အလယ်စန္ဒာ ခွဲ ပြီးရင် အဲဒိ အလည်ခေါင်ကနေ စောစောက trunking ထိပ်၂ခု စုံတဲ့နေရာအထိ mmနဲ့တိုင်း ပြီးရင် အဲအမှတ်နေရာ ကို လွှနဲ့ ၂သွားလုံးလှီး ပြီးရင် အဖုံးက အသွား တဒုစာ လှီး V ပုံစံ နှစ်ဖက် စလုံးလှီး အဲဒါမှ ချိုးလိုက်ရင် အဖုံးမကြိုးမှာ တခါပြီးရင်လဲ အဲ့အဆုံ ကနေ ဘင့်အခြေက စောစောက ညှပ်ထားတဲ့ နေရာထိ mmနဲ့ တိုင်း အဲရာရောက်ရင် ဖြတ်လိုက်ပါ တချို့က ဘင့်အခြေရောက်ရင် မဖြတ်ဘူး စောစောက ဘင့်ထိပ်မှာ လုပ်သလို လုပ်ပြီး တဖက်ဆက်သွားတယ် ထိပ်ဘင့် အလယ်ခေါင်တွေမှာလဲ မဆုံးဘူး အဲတော့ ကြာသွားရော ကြိုးထိုးတဲ့အချိန်မှာလဲ အဲနေရာတွေကို ပြန်ခွာတော့ ကြိုးကုန်ရော တကယ်လို့ ဘင့်တွေက ကျင်တွယ်နဲ့တိုင်းလို့ 45° 90° ပြည့်ရင်တော့ ကျင်တွယ်နဲ့က ပိုသပ်ရပ်ပါတယ် အဲ့နေရာတွေ ကို ချိုးရင် စောစောက ကျွန်တော် 90° ချိုးသလိုပါဘဲ တခုဘဲ ကွာတယ် စောစောက ဗိုက်သားကို တိုင်းသလို အခု trunking အသွားကို တိုင်းရမှာပါ အဖုံးကတော့ စောစောက လိုပါဘဲ နောက်တခုက တိုင် အလုံးတွေ ပတ်ရင် တော်တော်များများ တိုင်ပတ်ကျပါတယ် ဘယ်လိုချိုးရမလဲ ဆိုတော့ ပထမ ဦးဆုံး တိုင်လုံးပတ်ကို ပေဘူးနဲ့တိုင်း ပြီးရင် ၂ လက်မ ပို ပြီး trunking ကို ဖြတ် ပြီးရင် တဖက် တလက်မစီချန်ပြီး လွှနဲ့ ၃စိပ်စီလောက် ခွာပြီး ကျောဘက်ကနေ အပေါ်အသွားနားမရောက်ခင် လွှနဲ့စိတ်ရှည်လက်ရှည် လိုက်လှီးရပါ အဲလိုလှီးပီး တိုင်မှာ ကပ်လိုက်ရင် လုံးဝ စေ့သွားမှာပါ အဖုံးကတော့ ဘာမှ လုပ်စရာ မလိုပါဘူးဗျ
အောင်မြင်ကြပါစေ
Electrician win ko ko (genious group electrician geade 1 )
electrical wiring & control service

Sort:  

ဘာမှမလုပ်တတ်သောဘာမှနားမလည်

Coin Marketplace

STEEM 0.16
TRX 0.15
JST 0.028
BTC 54523.93
ETH 2291.82
USDT 1.00
SBD 2.35