ကိုယ်တိုင်လုပ်ငန်းရှင်တစ်ဦးဖြစ်လာနိုင်စေဖို့သိထားသင့်တဲ့ အချက်(၅)ချက်

in #steemit7 years ago

၁။ စွန့်ဦးတီထွင်လိုစိတ်ရှိခြင်း
စီးပွားရေးလုပ်ငန်းတစ်ခုကိုစတင်တည်ထောင်ဖို့ ပထမဆုံးခြေလှမ်းက အလွန်အရေးကြီးပါတယ်။ စွန့်ဦးတီထွင်လိုစိတ်ရှိသူဟာ ပထမဆုံးခြေလှမ်းကို အကောင်းဆုံးဖြစ်စေဖို့ ပြင်ဆင်မှုများစွာပြုလုပ်ကြပါတယ်။ သူတစ်ပါးအကူအညီထက် ကိုယ်ပိုင်အစွမ်းအစကို ပိုမိုတန်ဖိုးထားတတ်ကြပါတယ်။ ငွေကိုဘယ်လိုနေရာမှာ ရင်းနှီးမြှုပ်နှံသင်သလဲ၊ ဘယ်နေရာမှာ ဘယ်လိုစီမံခန့်ခွဲသင့်သလဲ၊ ဈေးကွက်ကို ဘယ်လိုရောင်းဝယ်ဖောက်ကားသင့်သလဲ၊ အမြတ်ဘယ်လောက်ရအောင်လုပ်မလဲ စတဲ့ စွန့်ဦးတီထွင်စိတ်ကို အကောင်အထည်ဖော်ဖို့ ပြုလုပ်ကြပါတယ်။ မိမိကိုယ်ကိုယုံကြည်ချက်အပြည့်ရှိသူအဖြစ် စတင်ဆောင်ရွက်ကြပါတယ်။

၂။ စိတ်အားထက်သန်မှုရှိခြင်း
စွန့်ဦးတီထွင်သူများဟာ မိမိစတင်လိုက်သော လုပ်ငန်းတစ်ခုကို အဆုံးမရှိအောင်မြင်ကျော်ကြားအောင် လုပ်နိုင်ဖို့ရည်မှန်းထား ကြသူများဖြစ်ပါတယ်။ လုပ်ငန်းရှင်တစ်ယောက်ဟာ စိတ်အားထက်သန်မှုတစ်စွန်း တစ်စမရှိဘဲ အောင်မြင်မှုကို ဘယ်တော့မှရရှိမှာမဟုတ်ပါဘူး။ ကိုယ်ပိုင်လုပ်ငန်းတစ်ခုကို စတင်လိုက်ပြီး အဆုံးမရှိအောင်မြင်ဖို့ဆိုတာ မိမိစိတ်အားထက်သန်မှုပေါ်များစွာမူတည်ပါတယ်။ ခြေလှမ်းသုညကနေ ခြေလှမ်းတစ်ရာအထိ အရောက်လှမ်းနိုင်ဖို့ အချိန်ကာလတစ်ခုလိုအပ်သလို မိမိရဲ့မလျှော့သောဇွဲ့လုံ့လနှင့် အရှုံမပေးလိုသောစိတ်အားထက်သန်မှုပေါ်တွင်များစွာမူတည်ပါတယ်။

၃။ လူမှုဆက်ဆံရေးကောင်းမွန်သူဖြစ်ခြင်း
စွန့်ဦးတီထွင်ချင်သူတစ်ယောက်အနေနဲ့ အဖော်မဲ့တဲ့ တစ်ကိုယ်ရေသမားတစ်ယောက်တော့ မဖြစ်သင့်ပါဘူး။ မိတ်ဆွေသင်္ဂဟ အပေါင်းအဖော်များအောင် စွမ်းဆောင်နိုင်သောအရည်အသွေး၊ လှုမှုဆက်ဆံရေးပိုင်းတွင် လျင်မြန်ပါးနပ်မှုရှိသောအရည်အသွေးတို့ ကင်းမဲ့နေခြင်းဟာ အောင်မြင်မှုရရှိဖို့ နှောင့်နှေးမှုတစ်ခုကိုဖြစ်ပါတယ်။ လှုမှုပေါင်းသင်းဆက်ဆံရေးပိုင်းမှာ ကောင်းမွန်ပြည့်စုံတဲ့အရည်အသွေးတွေကို ပိုင်ဆိုင်ထားသူတစ်ယောက်အနေနဲ့ ဘယ်လိုစီးပွားရေးလုပ်ငန်းမဆို ကြိုးပမ်းအားထုတ်မှုများအပေါ်တွင် လူမှုဆက်ဆံရေး communication ကိုအဓိကလိုအပ်ချက်တစ်ခုဖြစ်စေသောကြောင့် ပိုမိုလက်တွေ့ကျစေတဲ့စွန့်ဦးတီထွင်သူ တစ်ယောက်ဖြစ်စေပါတယ်။ ဒါ့ကြောင့် မိမိစီးပွားဖက် partnership များနှင့် ရေရှည်လက်တွဲဖို့၊ customer များကို အမြဲတမ်းဖောက်သည်အဖြစ်ဆွဲဆောင်နိုင်ဖို့နှင့် လုပ်ငန်းအတွင်းရှိ ၀န်ထမ်းများရေရှည်တည်မြဲမှုများတွင် လူမှုဆက်ဆံရေးကောင်းမွန်မှုရှိခြင်းပေါ်တွင် များစွာမူတည်ပါတယ်။

၎။ "မဖြစ်နိုင်ဘူး" ဆိုတာမရှိဟုသတ်မှတ်ထားခြင်း
စီးပွားရေးလုပ်ငန်းရှင်တစ်ယောက်ဟာ ပုံမှန်အားဖြင့်
အလွယ်တကူနဲ့အရှုံးမပေးတတ်ကြသလိုပဲ အများတကာလက်ခံနိုင်တဲ့အနေအထားတစ်ခုအပေါ် မဖြစ်နိုင်ဘူး။ မဖြစ်ဘူး။ မလုပ်နိုင်ဘူး။ မလုပ်ဘူး ဆိုတဲ့ စိတ်ဓာတ်မျိုးလုံးဝမထားရှိကြပါဘူး။ မဖြစ်နိုင်တာမရှိ မဖြစ်သေးတာပဲရှိမယ်၊ မဖြစ်သေးတာ မလုပ်သေးလို့၊ လုပ်ရင်ဖြစ်ကိုဖြစ်နိုင်ရမယ် လို့ခံယူချက်ထားသူများဖြစ်ကြပါတယ်။ အကောင်းမြင်တဲ့စိတ်တစ်ခုကို ပိုင်ဆိုင်ထားကာ မိမိလုပ်သမျှ ဆောင်ရွက်သမျှအားလုံးကို ပေါင်းလက္ခဏာအတွက်ပဲဖြစ်စေဖို့ သတ်မှတ်ထားကြပါတယ်။ မဖြစ်နိုင်တဲ့ အတားအဆီးမှန်သမျှကို ကျော်လွှားရင်ဆိုင်ဖို့ နည်းလမ်းများစွာကိုရှာဖွေနေပြီး၊ အခက်အခဲများကို ကြံ့ကြံ့ခံရင်ဆိုင်ကာ အောင်မြင်မှုကိုရယူဖို့ ကြိုးစားနေသူများဖြစ်ကြပါတယ်။

၅။ ရိုးသားစွာယှဉ်ပြိုင်လိုစိတ်ရှိခြင်း
ယှဉ်ပြိုင်လိုစိတ်မရှိခြင်းဟာ အောင်မြင်တိုးတက်မှုလမ်းကြောင်းကို နှောင့်နှေးစေပါတယ်။ ဒါ့ကြောင့် ယှဉ်ပြိုင်ခြင်းဟာ ပိုမိုအောင်မြင်တိုးတက်ဖို့ တွန်းအားပေးနေတဲ့အရာတစ်ခုဖြစ်ပါတယ်။ ဒါ့အပြင် ပြိုင်ဘက်အပေါ် ယှဉ်ပြိုင်ရာမှာ အသာရလိုစိတ်တစ်ခုတည်းနဲ့ မသမာတဲ့နည်းလမ်းနဲ့ မယှဉ်ပြိုင်သင့်ပါဘူး။ ရိုးသားတဲ့နည်းလမ်းကိုအသုံးပြုပြီးသာ ယှဉ်ပြိုင်ဖို့လိုအပ်ပါတယ်။ စွန့်ဦးတီထွင်သူများဟာ အောင်မြင်သည် ကျရှုံးသည်ထက် ယှဉ်ပြိုင်ခြင်းကိုသာ ပဓာနကထားကြသူများဖြစ်ပါတယ်။အောင်မြင်မှုရရှိလျှင်လည်း ရဲရဲဝံ့ဝံ့ဂုဏ်ယူကာ အောင်မြင်မှုကိုဆက်လက်ထိန်းသိမ်းနိုင်ဖို့ကြိုးစားကြသလို ကျရှုံးခဲ့လျှင်လည်း ဆုံးရှုံးမှုအပေါ် မိမိလိုအပ်ချက်များကိုသိရှိသွားပြီး နောက်တစ်ကြိမ်ထိုသို့အမှားမျိုး မဖြစ်အောင်သင်ခန်းစာယူကြပါတယ်။

အထက်ပါဖော်ပြခဲ့တာတွေကတော့ စွန့်ဦးတီထွင်လိုသူတစ်ဦးတွင် မရှိမဖြစ်လိုအပ်တဲ့ အရည်အသွေးများဖြစ်ပြီး JOB seekers တို့နေနဲ့လည်း ထိုအရည်အသွေးများအားလုံးနှင့် ပြည့်စုံသွားပြီဆိုရင် အောင်မြင်သော စွန့်ဦးတီထွင်သူတစ်ယောက်အဖြစ် စီးပွားရေးနယ်ပယ်မှာ မားမားမတ်မတ်ရပ်တည် နိုင်မှာဖြစ်တာအတွက် အကြံပြုရေးသားလိုက်ပါတယ်။

Sort:  

I began to fear that Mos Def was being treated as a product, not a person, so I've been going by Yasiin since '99. At first it was just for friends and family, but now I'm declaring it openly.

Coin Marketplace

STEEM 0.17
TRX 0.15
JST 0.028
BTC 56677.48
ETH 2329.02
USDT 1.00
SBD 2.36