ကျောင်းသားဘ၀ အတွေးများ
လူတွေမှာရော
ရိုးသားခြင်းတွေ ဖြူစင်ခြင်းတွေ
သနားတတ်တဲ့ စိတ်တွေ
ကူညီတတ်တဲ့ စိတ်တွေ
အမှန်တရားကို မြတ်နိုးတဲ့ စိတ်တွေ
ရှိမှ ရှိသေးရဲ့လား......
ကျွန်တော် ငယ်စဉ်အခါက ကျောင်းမှာ လူငယ်လေးတွေဆိုတော့ ရိုးသားကြတယ် ဖြူစင်ကြတယ်. လိမ်တာညာတာ သိပ်မရှိဘူး. အမှန်တရားကိုပဲ ပြောကြတယ်. အားနည်းတဲ့လူတွေကို ကူညီကြတယ်.
မှတ်မိပါသေးတယ် ကျွန်တော် ကျောင်းကို စရောက်ပြီး တစ်လလောက်နေတော့ ကျောင်းမှာ ရန်ဖြစ်နေတဲ့ကျောင်းသားတွေကို ကျောင်းအုပ်ကြီး ဆုံးမနေတည "တစ်ယောက်နဲ့ တစ်ယောက်ရန်မဖြစ်ရဘူး ငါတို့အားလုံးက ညီအကိုတွေပဲတဲ့ မင်းတို့လဲ အဖြူ်အစိမ်းငါလဲ အဖြူအစိမ်းဝတ်ထားတာပဲတဲ့. ကျောင်းမှာရှိတဲ့ လူတိုင်းသာ အတူတူပဲ. ဘာလို့ ဒီလို ၀တ်ထားတာလဲ သိလားမေးတော့ ကျောင်းသားတွေက မသိဘူးတဲ့. အဲ့ဒါနဲ့ ဆရာကြီးက ပြောတယ် ငါတို့အားလုံးဆင်တူဝတ်ထားတာဟာ ငါတို့အားလုံးဟာ ညီတူညီမျှပဲလို့ သတ်မှတ်ထားတာတဲ့. အဖြူရောင်ဆိုတာ ဖြူစင်ရိုးသားခြင်းကို သက်သေပြုတယ်တဲ့. အစိမ်းကတော့ အေးမြကြည်လင်ခြင်းကို သက်သေပြုထားတဲ့အတွက် မင်းတို့ စိတ်တွေက ရန်ဖြစ်နေရမှာမဟုတ်ဘူး ကျောင်းကိုလာတာ ရန်ဖြစ်ဖို့မှမဟုတ်တာ. မင်းတို့မှတ်ထား ပညာသင်ဖို့ လာတာဖြစ်လို့ ရန်မဖြစ်ရဘူး. ပညာသင်တာရန်ဖြစ်ဖို့ မဟုတ်ဘူးတဲ့ ပညာသင်တာ ကြီးနိုင်ငယ်ညှဉ်းလုပ်ဖို့ မဟုတ်ဘူးလို့ ဆုံးမပြီးဆက်ပြောတယ်. ကျောင်းမှာသင်တာ ပညာတတ်ဖို့တစ်ခုထဲမဟုတ်ဘူးကွ စာနာတတ်ဖို့ ကူညီတတ်ဖို့ နဲ့ ရိုးသားဖို့အတွက်ပါ သင်ပေးတာကွ. ငါ့စကားတွေကို မင်းတို့သေတဲ့အထိမှတ်ထားကြလို့ ဆရာကြိးကပြောပြိး မင်းတို့တွေ အခုတစ်ယောက်ကိုတစ်ယောက် ပြန်တောင်းပန်ဆိုပြီး သူ့ရှေ့မှာတင်တောင်းပန်ခိုင်းပါတယ် "
ဆရာကြီးဆုံးမတာ မှန်ပါတယ်. လူငယ်တွေဆိုတာ အားနည်းတဲ့ဘက်ကပဲကူညီချက်ကြတယ်. အဲ့တော့ ရန်ဖြစ်လွယ်ကြတယ် ဘာအတွက်မှမဟုတ်ပဲနဲ့လဲ အသလွတ်ရန်ဖြစ်ကြတယ်. ရန်ဖြစ်တာ ဘာကောင်းကြိုးမှမရှိဘူး စကားများတာ မကောင်းဘူး အကျိုးမဲ့တယ်. အချေအတင်စကားနိုင်လုတော့လဲ တစ်ယောက်နဲ့တစ်ယောက် ချစ်ခြင်းမေတ္တာတွေ ဆုံးရှုံးရတာပဲ အဖတ်တင်တာပေါ့. မင်းအပြစ် ငါ့အပြစ်ပြောနေလို့ရော ဘာထူးမှာလဲ. အဲ့လိုတွေ ပြောမယ့် လုပ်မယ့်အစား တစ်ယောက်နဲ့တစ်ယောက် ချစ်ခင်တာကပိုမကောင်းဘူးလား. တစ်ယောက်လိုအပ်နေတာ တစ်ယောက်ကူညီရင် ပိုပျော်ဖို့မကောင်းဘူးလား. တစ်ယောက်ကို တစ်ယောက် စာနာပေးရင် လူတွေပို ချစ်ခင်လာမှာပေါ့. ကျောင်းမှာပဲ အဲ့လို စိတ်တွေ လေ့ကျင့်ပေးလိုက်ပါတယ်.
မနက်တိုင်း နိုင်ငံတော်သီချင်းဆိုရတယ် သီချင်းဆိုပြီးရင် ဆရာကြီးက မိန့်ခွန်းပြောတာ မှတ်မိနေပါသေးတယ် "သားတို့ သမီးတို့ရေတဲ့ လူဆိုတာ လူ့ဘ၀မှာ တစ်ခဏတာနေခွင့်ရကြတာ. အဲိ့လုခဏလေးအတွက်းမှည အဲ့လူရှင်သန်နေတဲ့ ပတ်ဝန်းကျင်မှာရှိတဲ့ အများနဲ့ သက်ဆိုင်တဲ့ ပြဿနာတွေ ဒုက္ခတွေ စိတ်ဆင်းရဲမှုတွေ မျှော်လင့်ချကိတွေကို အဲ့လူတစ်ယောက် ဘယ်လောက်အထိ တာဝန်ယူဖြေရှင်းသွားနိုင်သလဲဆိုတာနဲ့ အဲ့ဒီလူတစ်ယောက်ရဲ့ တန်ဖိုးကို တွက်ချက်ပါတယ်တဲ့. လူဖြစ်ပြီး အများအကျိုး လူအများတဲ့ လိုအင်တောင့်တမှုတွေ မျှော်လင့်ချက်တွေကို ကူညီဆောင်ရွက်ပေးတဲ့လူဟာ တန်ဖိုးရှိတဲ့လူဖြစ်ပြီး အများရဲ့ မျှော်လင့်ချက်တွေကို ဖျက်စီးတဲ့လူ အများကို စိတ်ဆင်းရဲအောင် လုပ်တဲ့လူကတော့ တန်ဖိုးမရှိတဲ့လူပဲတဲ့"
ဘ၀ဆိုတာ စက်ဝိုင်းတစ်ခုလိုပါပဲ. အခုဆိုရင် ဒီကျောင်းတွေမှာ နေခဲ့တဲ့ကျောင်းသားတွေတော်တော်များများဟာ ဒီကျောင်းတွေမှာပဲ ကျောင်းဆရာတွေ ကျောင်းဆရာမတွေ ပြန်ဖြစ်ကုန်ကြပါပြီ. တစ်ချို့ဆိုရင် စီးပွားရေးသမားတွေ ပညာရှင်တွေ နာမည်ကျော်တွေ ဆရာဝန်ကြီးတွေ အင်ဂျင်နီယာကြီးတွေ အရာရှိကြီးတွေဖြစ်နေကြပြီ. အဲ့လိုလူတွေကိုပဲ ကျောင်းတော်ကြီးက လူသားဆန်တဲ့လူတွေဖြစ်အောင် သင်ပေးလိုက်ကြပြီး အဲ့လူတွေရဲ့ သားသမီးတွေကလဲ တစ်ခါပြန် ဒီကျောင်းတွေမှာပဲ ပြန်လည်ရောက်ရှိလာပါပြီ အဲ့လိုပဲဒီကျောင်းတွေကလဲ အသစ်ရောက်လာတဲ့ကျောင်းသားတိုင်းကို ထပ်မံသင်ကြားပေးလိုက်ရင်းနဲ့ပဲ သံသရာ လည်နေပါတော့တယ်.
ဒါပေမယ့်ဗျာ လူတွေဟာ ငယ်စဉ်အခါတုန်းကသာ ဖြူစင်ခြက်းတွေ ရိုးသားခြင်းတွေ သနားတတ်တဲ့စိတ်တွေ အမှန်တရားမြတ်နိုးတဲ့စိတ်တွေ ကူညီတတ်တဲ့စိတ်တွေရှိကြတာ အခုလိုချိန်မှာ မေးလိုက်ချင်သေးတယ် အဲ့လူတွေကို ခင်ဗျားတို့မှာရော ငယ်ငယ်တုန်းကလို ခင်ဗျားတို့မှာရှိခဲ့တဲ့ စိတ်တွေ ရှိမှရှိသေးရဲ့လားလို့ ဒါ့ကြောင့် ငယ်ဘ၀ကို မမေ့စေချင်ဘူး
Good writing skill.Fighting is not good.
thank you brother
Good pot bro
ကျေးဇူးပါအကို