ဒဏ်ရာကြောင့် ကမ္ဘာ့ဖလားနဲ့ ကွန်ပနီလွဲချော်ဖွယ်

in #steemit6 years ago

image

ဒဏ်ရာကြောင့် ကမ္ဘာ့ဖလားနဲ့ ကွန်ပနီလွဲချော်ဖွယ်ရှိ

ဘယ်လ်ဂျီယံနောက်ခံလူ ကွန်ပနီဟာ ပေါ်တူဂီကို ၀-၀ သရေကျခဲ့တဲ့ပွဲမှာ ပေါင်ခြံဒဏ်ရာရရှိသွားခဲ့တာကြောင့် ကမ္ဘာ့ဖလားနဲ့လွဲချော်မယ့်အခြေအနေနဲ့ရင်ဆိုင်နေရပါတယ်။ ကွန်ပနီဟာ ဒုတိယပိုင်း ၁၀ မိနစ်လောက်မှာ ပေါင်ခြံဒဏ်ရာကြောင့်လူစားခံခဲ့ရပြီး ကွင်းထဲကနေမသက်မသာပုံစံနဲ့ထွက်ခွာသွားခဲ့ရပါတယ်။ ကွန်ပနီအခုလိုဒဏ်ရာရသွားခဲ့တာကြောင့်နည်းပြမာတီနက်ဇ်အနေနဲ့လည်းစိတ်အရှောက်အယှက်ဖြစ်သွားခဲ့ပါတယ်။ မာတီနက်ဇ်ဟာ ဘယ်လ်ဂျီယံအသင်းအတွက် ကမ္ဘာ့ဖလား အပြီးသတ် ၂၃ ဦးကစားသမားစာရင်းကို လာမယ့်အင်္ဂါနေ့မှာ ထုတ်ပြန်ကြေညာဖို့စီစဉ်ထားပါတယ်။ ဒီအခြေအနေကြောင့် မာတီနက်ဇ်ဟာ ကွန်ပနီကို တနင်္လာနေ့အထိစောင့်ကြည့်သွားမယ်လို့သိရပါတယ်။ ကွန်ပနီကလည်း နောက်ပိုင်းနှစ်တွေမှာ ဒဏ်ရာမကြာခဏရနေပြီး အနားယူခဲ့ရတာတွေကြောင့် သူ့အနေနဲ့ လည်းကမ္ဘာ့ဖလားနဲ့လွဲချော်သွားမှာကိုစိုးရိမ်နေခဲ့ပါတယ်။

Coin Marketplace

STEEM 0.19
TRX 0.16
JST 0.030
BTC 66804.20
ETH 2581.61
USDT 1.00
SBD 2.66