ချမ်းသားကြွယ်ဝနေတဲ့သူဌေးတွေ ငွေကိုဘယ်လိုသုံးသလဲ?
in #steem6 years ago (edited)
Zawgyi Version
ပါတယ်။
တွေကို မဝယ်ကြခြင်း
☆ငွေစုကြခြင်း
☆ဈေးဆစ်ကြခြင်း
Unicode Version
မင်္ဂလာပါ ကျွန်တော်အခုပြောချင်တဲ့ အကြောင်းကတော့ ကြွယ်ဝချမ်းသာနေတဲ့ လူချမ်းသာ သူဌေးတွေ ငွေကို ဘယ်လိုသုံးသလဲ ဆိုတာကို ပြောပြကြည့်ပါမယ်။ တစ်ချို့ကတော့ ထင်ကြလိမ့်မယ်။သူဌေး ဆိုမှတော့ ငွေကို ပရမ်းပတာ ထင်သလို သုံး ကြမှာပဲလို့ ထင်ကြမှာပါ။ တကယ်တော့ မ ဟုတ်ပါဘူး။ အဲ့လိုသဌေးလည်း ရှိမယ်မထင် မိဘူးဗျာ။ ရှိလည်း ၁၀၀မှာ တစ်ယောက်ပေါ့ ဗျာ။ ချမ်းသာကြွယ်ဝနေတဲ့ သူဌေးတွေဟာ ငွေရှာတဲ့နေရာမှာ ကျွမ်းကျင်ကြသလိုပဲ ငွေ ကို သုံးစွဲတဲ့နေရာမှာလည်း စည်းစနစ်တကျ ကျွမ်းကျင်စွာ သုံးတက်ကြတယ်။ ဒါကြောင့် လည်း သူတို့တွေမှာ စည်းစိမ်ကြွယ်ဝမှုတွေ တိုးသည်ထက်တိုးနေတာပေါ့။ အခု ကျွန်တော်ပြောမဲ့ အရာလေးတွေက တော့ သူဌေး(လူချမ်းသာ)တွေ ငွေကို ဘယ် လိုသုံးကြလဲဆိုတာ ပဲ ဖြစ်တယ်။ မိတ်ဆွေတို့ အတွက် အသုံးဝင်စေမယ်လို့လည်းမျှော်လင့် ပါတယ်။ ☆မိမိတို့အတွက် တကယ်မလိုအပ်တဲ့ အရာ တွေကို မဝယ်ကြခြင်း လူအထင်ကြီး လေးစားလာအောင် မိမိအတွက် တကယ် အသုံးမဝင်တဲ့ ပစ္စည်း အဝတ်အစားတွေအတွက် ငွေကို အပိုအကုန်မခံကြဘူး။ ☆ငွေစုကြခြင်း လူဆိုတာ အသက်ငယ်နေတုန်းသာ ဒေါင် ကျကျ ပြားကျကျ ငွေမရှိလည်း နေနိုင်ချင် နေနိုင်ပေမဲ့ အသက်ကြီးရင့်လာတဲ့ အခါမှာ တော့ ငွေက သူ့အလိုလို လိုအပ်လာတယ်။ ဒါတွေကို ချမ်းသာသူတွေ ကောင်းကောင်းသိ မြင်တဲ့ပြီး အနာဂတ်အတွက် ငွေစုကြတယ်။ ☆ဝင်ငွေနဲ့ထွက်ငွေကို စာရင်း ပြုစုတက်ခြင်း ချမ်းသာသူတွေဟာ ဝင်ငွေနဲ့ ထွက်ငွေကို စာရင်းပြုစုပြီး ထားတက်ကြတယ်။ ဒါမှသာ သူတို့ရဲ့ ဝင်ငွေနဲ့ သုံးငွေကို ချင့်ချိန်ပြီး မကုန် သင့်တာ မကုန်အောင် ထိန်းညှိနိုင်မှာလည်း ဖြစ်တယ်။ ☆အလုပ်ပိုကြိုးစားကြခြင်း ချမ်းသာသူတွေဟာ သာမှန်သူတွေထက် အလုပ်ပိုကြိုးစားကြတယ်။ တစ်ချို့ကတော့ ထင်ကြလိမ့်မယ် သူဌေးတွေ အလုပ်မလုပ် ဘူးလို့ ထင်ကြလိမ့်မယ်။ လုံးဝမဟုတ်ပါဘူး သူတို့တွေဟာ သာမှန်သူတွေထက် အလုပ်ကို ၂ဆပိုလုပ်ကြပါတယ်။ ☆ဈေးဆစ်ကြခြင်း ဈေးဆစ်တယ်လို့ပြောလိုက်ရင် အများစုက ရှက်ကြတယ်။ မိန်းမတွေနဲ့သူဆင်းရဲတွေရဲ့ အလုပ်လို့ သက်မှတ်ကြတယ်။တကယ်တော့ ချမ်းသာကြွယ်ဝတဲ့ သူဌေးတွေဟာလည်းပဲ ဈေးဆစ်တက်ကြပါတယ်။ ပစ္စည်းတစ်ခုကို ငွေလျှော့သုံးရရင် တစ်ခြားလိုအပ်တဲ့ပစ္စည်း ဝယ်ယူတဲ့နေရာမှာ ငွေပိုကွေလျှံရနေမှာပါ။ လူချမ်းသာတွေက ဒီလိုအတွေးမျိုးတွေကို တွေးတက်ကြပါတယ်။ ☆ခွဲဝေသုံးစွဲတက်ခြင်း မိမိလုပ်ငန်းမှ ရရှိတဲ့ အကျိုးအမြတ်ကို အားလုံး သုံးစွဲဖို့ မလုပ်ကြဘူး။ နောက်ထပ် လုပ်ငန်းသစ်တွေ ဖန်တီးဖို့ ဖယ်ထားတက် ကြတယ်။ နောက်ပြီး အနာဂတ်အတွက် ငွေစု ဖို့လည်း ချန်ထားတက်ကြတယ်။ အားလုံး ဖယ်ပြီးမှ ကျန်တဲ့ ဝင်ငွေကို စည်းစနစ်ကျစွာ သုံးစွဲကြတယ်။ ☆အပိုသက်သက် အကုန်မခံကြခြင်း သေးငယ်တဲ့ ရေယိုပေါက်ကလေးကနေ သဘောၤကြီး တစ်စီးလုံးကို ရေးထဲနစ်မြှပ်ပစ် နိုင်တဲ့ သာဓကတွေကို အားလုံး သိကြမှာပါ။ ဒါကြောင့် သေးငယ်တဲ့ အပိုကုန်ကျမှုတွေကို အကုန်ကျမခံကြပါဘူး။ ကျွန်တော်ပြောခဲ့တဲ့ အချက်ကလေးတွေနဲ့ တက်နိုင်သလောက်လေး ဆင်ခြင်တွေးတော လိုက်လုပ်ကြည့်ရင် မိတ်ဆွေတို့အတွက် အကျိုးရှိလာကြမှာပါ။ မိတ်ဆွေတို့အတွက် အကျိုးရှိရင် ကျွန်တော် ဒီစာရေးရတာ ရေးရကျိုးနပ်ပါပြီ။ ။
Sort:  
bro ရေးထားတာ အလွန်ကောင်းတဲ့ အချက်တွေပါဗျ
msu no. လေး တပ်ပေးဖို့တော့ သတိထားစေချင်ပါတယ်
cheetah ကို ကျနော် flag ပေးခဲ့လိုက်တယ် ဒီကောင် အီယောင်ဝါးဗျ သူ နေ့တိုင်း report post ရေးတင်ချင်တာနဲ့ သူများတွေကို သောက လိုက်ပေးနေတာ 😊👍
ဗဟုသုတရပါတယ်ဘရို။ ကြိုးစားပြီးဆက်ရေးပေးပါနော်
Coin Marketplace
STEEM 0.17
TRX 0.15
JST 0.029
BTC 62094.48
ETH 2416.53
USDT 1.00
SBD 2.56