စိတ်ဒဏ်ရာများရဲ့ နောက်ကွယ်၌
Credit:Photo
👉 ကျွန်မ
လူအများနဲ့  ပျော်ပျော်နေတတ်တဲ့မိန်းကလေးပါ …
ဖြူစင်နေတဲ့စိတ်ကို အညှီအဟောက်တွေ လာပေးကြတဲ့
လူတချို့ ကြောင့် လူတိုင်းကိုဆက်ဆံဖို့  တွန့် ဆုတ်သွား
ခဲ့တာ ။
👉 ကျွန်မ
လူတိုင်းကို ကူညီတတ်တဲ့ မိန်းကလေးပါ …
ရိုးသားမှုကို အသုံးချတတ်တဲ့ လူတချို့ ကြောင့်
လူတိုင်းအပေါ် မယုံကြည်ရဲတော့တာပါ ။
👉 ကျွန်မ
လူကြီးသူမတွေနဲ့  လူတိုင်းအပေါ် ရိုရိုသေသေ စာနာစိတ်ကို
ရှေ့ ထားပြီး ဆက်ဆံရမယ်ဆိုတာ သိပါတယ် …
လူကြီးလူငယ်မရွေး မလေးမစားလာလုပ် တတ်တဲ့
လူတချို့ ကြောင့် တူညီတဲ့ တုန့် ပြန်မှုကိုပြန်ပေး
တတ်တယ်ဆိုရုံလေး ရိုင်းတတ်ခဲ့ပါတယ် ။
👉ကျွန်မ
လူတိုင်းအပေါ် အောက်ကျို့ ပြီးဆက်ဆံဖို့  ဝန်မလေးတဲ့
မိန်းကလေးတစ်ယောက်ပါ …
လူတဖက်သားကို နင်းချပြီးမှ စိတ်ချမ်းသာချင်တဲ့ လူတချို့ 
အပေါ်ကိုတော့ ပြိုလဲကျသွားအောင် ရိုက်ချပစ်ဖို့ 
ဝန်မလေး တတ်ပါဘူး ။
👉 ကျွန်မ
လူလူချင်းဆက်ဆံရေးမှာ ပွင့်လင်းစွာ ဆက်ဆံတတ်ပေမဲ့
မြုံစိစိ စကားချိုချို ပြုံးပြုံးလေးနဲ့  ကောက်ကျစ်တတ်သူ
လူတချို့ ကိုတော့ ခက်ထန်မာကြောစွာ ဆက်ဆံ တတ်ခဲ့ပါတယ်။
👉 ကျွန်မ
ကိုယ်ချစ်တဲ့ သူအပေါ် သစ္စာရှိရှိနဲ့  တစ်ယောက်ကို တစ်ယောက်
ဖေးမမဲ့ ချစ်သူမျိုးပဲ ရွေးချယ်ချင်တဲ့သူပါ အဆင့်အတန်းမလိုအပ်ပါဘူး …
ဒါပေမဲ့ ကိုယ့်မေတ္တာစေတနာကို စော်ကားလာရင်
တူညီစွာ ရက်ရက်စက်စက် တုန့် ပြန်ပြီးမှ ကြေကွဲတတ်ရုံလေး
အငြိုးကြီးတတ်ခဲ့တာပါ ။
👉 ကျွန်မ
လူတစ်ဦးနဲ့  တစ်ဦး ချစ်နေတာမြင်ရင် ဘေးကကြည့်ပြီး
ပီတိဖြစ်တတ်တဲ့ ကြင်နာစိတ်ရှိသူပါ …
ဒါပေမဲ့ ကျွန်မတန်ဖိုးထား မြတ်နိုးတဲ့လူတွေကို
လုယူတဲ့သူတွေ ကိုတော့ ကမ္ဘာကြီးပျက်သုန်းသွားရင်တောင်
ရင်ထဲမှာ အပြေနိုင်တဲ့ အမုန်းနဲ့  တမြေ့မြေ့ နာကျင်နေအောင်
အငြိုးတကြီးနဲ့  လက်စားချေ တတ်တဲ့ မိန်းကလေးတစ်ယောက်ပါ ။
👉👉 ဝဋ်ကြွေးဆိုတာ
သံသရာ အဆက်ဆက် ပြန်ပေးဆပ်ရ မယ်ဆိုတာ
သိပါတယ် …
တခါတရံ ပြန်တုန့် ပြန်လိုက်ခြင်းဟာ
ကိုယ့်စိတ်ဒဏ်ရာကို သက်သာစေတာမို့ 
ဝဋ်ကြွေးတင်လည်း သံသရာ
အဆက်ဆက် ပေးဆပ်လိုက်မယ် …
ကိုယ့်စေတနာ မေတ္တာကို ဥပက္ခာပြုတာ ခံနိုင်ပေမဲ့
အတိုင်းတာကျော်ပြီး စော်ကားတဲ့သူတွေကိုတော့
ဒီဘဝမှာတင် အနိုင်ယူပါရစေ ။
Credit_MayNoe
#မိုးသက်ဝေ
်