ချစ်စရာရှုခင်းလေးများ

in #pyinoolwin7 years ago

image

ကျမတို့ ပတ်ဝန်းကျင်မှာ လှပတဲ့ရှုခင်းလေးတွေအများ
အပြားပဲရှိကြပါတယ် အရမ်းလှလို့မသွားရပဲမနေနိုင်တဲ့
အထိဖြစ်မိမယ်ဆိုရင်တော့ ယုံမှားသံသယရှိမယ်မထင်
ဘူးပေါ့ တကယ်လှတဲ့အလှပများကိုခံစားရင်း ပျော်ပွဲ
စားခရီးထွက်သည်ဖြစ်စေ သူငယ်ချင်းအပေါင်းသင်း
များဆုံတုန်းကြုံကြိုက်လို့သွားရင်းပဲဖြစ်စေအလွန်ပျော်
ရွှင်ဖွယ်ကောင်းတဲ့နေရာကတော့ ပြင်ဦးလွင်အမျိုးသာ
ကန်တော်ကြီးဥယျဉ်နဲ့ ပြည်ချစ်ဘုရားလို့အမည်တွင်တဲ့
မဟာအံ့ထူးကံသာမြတ်စွာဘုရားကြီးပဲ ဖြစ်ပါတယ်

image

ပြည်ချစ်ဘုရားကြီးအပေါ်ကနေလှမ်းကြည့်လိုက်ရင်
ရှုခင်းစိမ်းစိမ်းတောင်တန်းတွေက ဝန်းရံထားတာတွေရ
ပါလိမ့်မယ် တိုက်အိမ်လေးများဟာလည်း တောင်နံရံ
ပေါ်များမှာအံတုလို့ ထီးထီးမားမားရပ်တည်နေကြပါ
တယ်နောက်တစ်ခုကတော့ ပိတ်ချင်းမြောင်လှိုင်ဂူနဲ့
သုံးထပ်ရေတံခွန်ပါပဲ အလွန်သွားဖွယ်ရာကောင်းလို့
အသိပေးလိုက်ရပါတယ်ရှင်.....။

image

image

Writer Nge Nge ( Photo Google)

Coin Marketplace

STEEM 0.18
TRX 0.16
JST 0.030
BTC 66445.86
ETH 2588.21
USDT 1.00
SBD 2.68