ရင်ထဲက လာသော ချီးမွမ်းစကား ဖြစ်ပါစေsteemCreated with Sketch.

in #praises8 years ago

P70609-180056.jpgမြှောက်ပင့်ခြင်းသည် နှုတ်ဖျားမှ လာ၍ချီးမွမ်းခြင်းကား နှလုံးသားထဲမှ လာ၏ဟူသော စကားတစ်ခွန်းရှိသည်။
ချီးမွမ်းသည်ဆိုသော သဘောမျိုးဖြင့် ပြောလိုက်သော စကားတစ်ခွန်းသည် ရင်ထဲမှ အလိုအလျောက်ပေါ်ထွက်လာခြင်းမဟုတ်ဘဲ ချီးမွမ်းစကားတော့ ပြောဦးမှပဲဟူ၍ ကြံဖန်စဉ်းစား ပြောဆိုခြင်းမျိုးဖြစ်ပါက အပြောခံရသူအနေဖြင့် သဘာဝမကျသော လေသံဟန်ပန်ကို သတိပြုမိကာ ငါ့အား တမင်မြှောက်ပြောနေတာလားဟု ထင်မှတ်မိတတ်သည်။
သဘာဝကျသော ချီးမွမ်းစကား( သို့ )ရင်ထဲကလာသော ချီးမွမ်းစကားမျိုးပြောထွက်ရန်အတွက် လူတစ်ဖက်သားထံ၌ ချီးမွမ်းစရာကို တွေ့တတ်မြင်တတ် ရှာဖွေကြည့်ရှုတတ်သော အလေ့အကျင့် လိုပေသည်။သင့်စိတ်တွင် ချီးမွမ်းစရာကို အမှန်တကယ် မြင်သည်ဆိုက သင့်နှုတ်မှ ထွက်လာသည့် ချီးမွမ်းစကားသည်လည်း စစ်စစ်မှန်မှန် ထွက်ပေါ်လာမည် ဖြစ်သည်။
တစ်ဖန် သူတစ်ပါးတို့ထံ၌ ချီးမွမ်းစရာကို တွေ့တတ် မြင်တတ်ရန် သူတစ်ပါးတို့အပေါ် ယုံကြည်စိတ်၊အကောင်းမြင်စိတ်၊ရင်းနှီးခင်မင်စိတ်များ ရှိရန် လိုပေသည်။သင်သည် သင်၏ လုပ်ဖော်ကိုင်ဖက်များ၊လက်အောက်လူများအပေါ်တွင် စိတ်ကောင်းစေတနာကောင်းထားရှိသည်နှင့်အမျှ သူတို့အပေါ် ချီးမွမ်းစကားများ မကြာခဏပြောမိဆိုမိလာမည် ဖြစ်သည်။
ချီးမွမ်းခြင်းနှင့် ပတ်သက်၍မှတ်သားသင့်သည့် အခြားအချက်တစ်ခုကား ချီးမွမ်း စကားဟူသည် များသည်၊ပိုသည် ဟူ၍မရှိဟူသောအချက် ဖြစ်သည်။
ချီးမွမ်းစကား တွေ များလွန်းသဖြင့် မိမိလူတွေ 'ပျက်စီးသွားလေမလားဟု စိုးရိမ်စရာမလို။ချီးမွမ်းစရာတွေ့တိုင်း ချီးမွမ်းခြင်းသည် သူနှင့် ထိုက်တန်သည်ကို ချီးမြှောက်ခြင်း အသိအမှတ်ပြုခြင်းသာဖြစ်၏။သည်အတွက် တွန့်တိုစရာမလိုပေ။
ခရစ်ဒစ်-ဆရာဖေမြင့်P70617-091459.jpg ပုံလေးပြောင်းထားတယ်..ခ်

Sort:  

aww အဲ့ဒါကြောင့်သူလိုက်ချီးမွမ်နေတာကိုး

Coin Marketplace

STEEM 0.15
TRX 0.25
JST 0.033
BTC 94200.51
ETH 1808.03
USDT 1.00
SBD 0.85