တို့ရွာ ဆွမ်းလောင်းပွဲ 💝💝💝💝💝💝💝 (ကျေးလက် ကဗျာ )
တို့ရွာ ဆွမ်းလောင်းပွဲ
💝💝💝💝💝💝💝 (ကျေးလက် ကဗျာ )
ဟိုရှေးက ဆူဆူညံ
ဘာသံလို့မေး ။
ဗျို့.ရှာကူ စုကာဆောင်းလို့
တို့ရွာသူ ပြုသဒ္ဓါပေါင်း တဲ့
ဆွမ်းလောင်းဖို့လေး ။
စိုင်းနေဝန်း ဆောင့်ကြောင့်ထိုင်
ဘာကိုင် သလဲမေး ။
ကြက်အူရယ် အမြစ်ချက် ဖို့
လက်ကူကွယ် အနှစ်ထွက် အောင်
လှန်လျက်ပေါ့လေး ။
ရွာထိပ်က သန်းထွဋ်ဇော်
ဘာကြော်သလဲ မေး ။
မက်ချင်စုံ ကောင်အချို့ က
ကြက်ရင်ပုံ ပေါင်တစို့ ကို
ကြော်လို့ကွဲ့လေး ။
လှပျိုများ ဝိုင်းဖွဲ့ကာ
ဘာရှာသလဲ မေး ။
ဆွမ်းလောင်းဆန် အကြားပုန်း တဲ့
ယွန်းနှောင်းကျန် စပါးလုံး ကို
ရွေးအုံးကွဲ့လေး ။
ရွာလယ်က နှင်းစက်ကြွေ
ဘာမွှေသလဲမေး ။
သီးရွက်ဖြာ စဉ်းခြွေလှစ်လို့
မီးခက်မှာ ဟင်းတွေပြစ် အောင်
မွှေခြစ်ကွဲ့လေး ။
ရွာဖျားက အေးလှရီ
ဘာစီသလဲမေး ။
ရှင်းသန့်စေ ညီညီမျှ လို့
ဟင်းချိုင့်တွေ စီရီကြ အောင်
သီ.လှ.ကွဲ့လေး ။
နှလုးံဘဝင် ကြည်ရွှင်ကဲ
ပြုံးပျော်ရွှင် ခင်မင်ပွဲ
ဆင်ယင်နွှဲ ပေါင်းစုရှာ
ကပ်ပြုကာ ကုသိုလ်ရေး ။
ဝေအရုဏ် လင်းအခိုက် မှာ
ဆွေအစုံ သင်းတသိုက် တို့
( သူငယ်ချင်းတို့ရေ )
လောင်းလိုက်စို့လေး ။ ။
Congratulations @babylay! You have completed the following achievement on Steemit and have been rewarded with new badge(s) :
Click on the badge to view your Board of Honor.
If you no longer want to receive notifications, reply to this comment with the word
STOP
To support your work, I also upvoted your post!
Do not miss the last post from @steemitboard:
SteemitBoard and the Veterans on Steemit - The First Community Badge.
Congratulations @babylay! You received a personal award!
You can view your badges on your Steem Board and compare to others on the Steem Ranking
Do not miss the last post from @steemitboard:
Vote for @Steemitboard as a witness to get one more award and increased upvotes!