ပုံဆွဲ တဲ့ application ​​ကောင်း​လေး ညွှန်​ပြပါရ​စေ

ဒီ application ​က ​လူသိများပြီး ထွက်​တာကြာပါပြီ။ ဒါ​ပေမယ့်​ ကျွန်​​တော့်​လို မသိ​သေးတဲ့ လူနည်းစုအတွက်​ မိတ်​ဆက်​​ပေးပါရ​စေ။ ပုံဆွဲ ဝါသနာ ပါတဲ့ သူ​တွေက​တော့ အကြိုက်​​တွေ့​စေရမယ်​လို့ အာမခံ ပါတယ်​။ကွန်​ပြူတာ နဲ့မဟုတ်​ပဲ ဖုန်းနဲ့ပဲ ဆွဲချင်​တဲ့ သူငယ်​ချင်​​တွေ ၊ ပုံအခုမှ စ ဆွဲကြည့်​မယ့်​ beginner ​သမား​တွေအတွက်​ အ​ကောင်းဆုံး application ပါပဲ။ Play Store က​နေ ဖြစ်​ဖြစ်​ apk pure က​နေုဖြစ်​ဖြစ်​ Adobe Draw လို့ ရိုက်​ရှာပြီး download လုပ်​ကြည့်​ပါ ။ application ပုံ​လေးက ဒီလို​လေးပါ image

        Application သုံးရင်​ အရင်​ဆုံး အင်​တာနက်​ ဖွင့်​ အ​ကောင့်​​ဖောက်​ပြီး log in ဝင်​ရပါတယ်​။ ဒါ​ပေမယ့်​ acc ရ လို့ log in ဝင်​ပြီးရင်​ အင်​တာနက်​ မလို​တော့ပါဘူး ။ offline သုံးလို့ရပါပြီ။ phone နဲ့ ဆို​ပေမယ့်​ ကိုယ်​ကျွမ်းကျင်​မှု့​ပေါ် မူတည်​ပြီး ပုံ​ကောင်း​လေး​တွေ ထွက်​ပါတယ်​။ ကျွန်​​တော်​ လည်း မ​နေ့ညက​​မှ ​download လုပ်​ထားတာပါ။ မထင်​ရ​လောက်​​အောင်​​ကောင်းလွန်းလို သူငယ်​ချင်း မိတ်ေ​​ဆွ ​များကို သုံးကြည့်​​စေချင်​ လို့ ပါ ။ ဒီ​အောက်​က ပုံက​တော့ ကျွန်​​တော့့် ရဲ့ ပထမဆုံး ဆွဲထားတဲ့ ပုံ​လေးပါ။ မဆွဲတတ်​ပဲ ဆွဲကြည့်​ထားတာဆို​တော့ မ​သေ မသပ်​ ဖြစ်​​နေတာ​လေးကို နားလည်း​ပေးကြပါ ခင်​ဗျာ။ 

image

Coin Marketplace

STEEM 0.16
TRX 0.25
JST 0.034
BTC 95670.34
ETH 2679.38
SBD 0.69