မနက်​ဖြန်​တိုင်းရဲ့..... 💜💜

in #myannar7 years ago

imageချစ်​သွားခဲ့တယ်​..
မောင့်​ရဲ့ အပြုံး​လေး​တွေ
မောင်​နမ်းဖူးတဲ့ အနမ်း​တွေ
အမှတ်​ရ​နေရင်း
သစ္စာရှိရှိ ချစ်​​နေမယ်​..။
မောင်​လည်း ကိုယ့်​ကိုချစ်​မယ်​လို့
ယုံကြည်​ထားတယ်
တစ်​​ယောက်​ကိုတစ်​​ယောက်​ ယုံကြည်​စွာနဲ့
ရှေ့ဆက်​ချစ်​မယ်​..။
ယုံကြည်​ပါတယ်​ ​မောင်
တို့နှစ်​​ယောက်​အဖြစ်​က ချစ်​ရတစ်​ရက်
လွမ်းရက်​တစ်​ရာ အဖြစ်​မျိုးမလို့
ကိုယ်​လွမ်းလို့ ငိုမိတဲ့အခါ
မောင်​ ​ဖြေသိမ့်​​ပေးပါကွယ်​..။
ဆောင်းအမီ ​တွေ
ရာသီ​ပြောင်းချိန်​​တွေ မ​ပြောပါနဲ့ကွယ်
ကိုယ်​က အချိန်​တိုင်း သတိရ​နေသူမလို့
ကိုယ့်​ကို သတိရရင်
မောင့်​ ကိုယ့်​ကိုကိုယ်​ဂရုစိုက်​ပါ​နော်​..။
တွေ့ခွင့်​ရမဲ့ ​နေ့ရက်​ကို
လက်​ချိုး​ရေတွက်​ရင်းက
ကိုယ့်ရဲ့ပန်းတိုင်က ​မောင်​ဖြစ်​မှန်းမသိ
ဖြစ်​​နေခဲ့ရပီ..။
မနက်​ဖြန်​တိုင်းမာလဲ
လွမ်း​နေရအုံးမယ်
အလွမ်း​တွေက ​နေ့စဉ်​ရက်​ဆက်
အလွမ်း​တေ ငြိမ်းသက်​ဖို့
အနမ်းတွေ လိုအပ်​တယ်​ ​မောင်​..။
မနက်​ဖြန်တွေတိုင်း..
မောင့်​အချစ်​​တွေ အုပ်​မိုးထားသ​ရွေ့
ကိုယ်​အားမငယ်​ပါဘူး..။
ယုံပါကွယ်​...
အလျားအနံတွေ အသွားအပြန်​​တွေ
ကိုယ်​မသိပါဘူး ​မောင်​​ရေ...
ကိုယ်​သိတာက
မောင့်​ကို ချစ်​တယ်
လွမ်း​နေတယ်
တွေ့ခွင့်မဲ့ရက်တွေ လက်​ချိုး​ရေတွက်နေတယ်.....ဆိုတာ...။
image
Author :@kyi
Photo :goggle image
MSC No:050

Sort:  

Congratulations @kyi! You have completed some achievement on Steemit and have been rewarded with new badge(s) :

Award for the number of posts published
Award for the number of comments
Award for the number of comments received
Award for the number of upvotes received

Click on any badge to view your own Board of Honor on SteemitBoard.
For more information about SteemitBoard, click here

If you no longer want to receive notifications, reply to this comment with the word STOP

By upvoting this notification, you can help all Steemit users. Learn how here!

သနားထာဟယ်​ လက်​​တွေချိုးရလို့ တအားနာ​နေမှာ​နော်

😃😃ဟုရယ် အတော်လေး နာရယ်😃😃

ချစ်​​သောသူခြင်းသာ ​ပေါင်းဖက်​ရ​သောကမ္ဘာ၌သာ လူဖြစ်​ရပါလို၏

ဟုတ်တယ်😃😃အာ့လိုသာဆိုရင် အလွမ်းဆိုတာ ဘယ်ရှိတော့မလဲလေ ဟုပုလား အာ့ဆို ခုလို အဖီးပို့တေလဲ မဖြစ်လာတော့ပု😃😃

လက်တွေ သိပ်မချိုးပါနဲ့ဗျာ......
ချစ်တဲ့သူနဲ့ အမြန်ဆုံးဆုံဆည်းနိုင်ပါစေလို့ဆုတောင်းပေးမယ်လေဗျာ နော့

အဟိ😃😃အရာအားလုံးတွက်ကျေးဇူးပါမြန်မာစာ မှန်အောင်လုပ်ပေးလို့

This post has received a 0.49 % upvote from @buildawhale thanks to: @kyi. Send at least 1 SBD to @buildawhale with a post link in the memo field for a portion of the next vote.

To support our daily curation initiative, please vote on my owner, @themarkymark, as a Steem Witness

Coin Marketplace

STEEM 0.17
TRX 0.24
JST 0.034
BTC 96239.49
ETH 2782.12
SBD 0.67