သံတမန်များအား နိုင်ငံအတွင်းမှ နှင်ထုတ်ခြင်းအား တုံ့ပြန်မည်ဟု ရုရှားပြော

in #myanmarnews2 years ago (edited)

164956018064221.jpg

အနောက်နိုင်ငံအချို့က ရုရှားသံတမန်များအား နိုင်ငံအတွင်းမှ နှင်ထုတ်ခြင်းကို အချိုးကျကျပြန်လည် တုံ့ပြန်သွားမည်ဖြစ်ကြောင်း သမ္မတဟောင်းနှင့် ရုရှားလုံခြုံရေးကောင်စီဒုတိယ အကြီးအကဲ ဒီမီထရီမက်ဗီဒက်က ပြောသည်။

ရုရှားသံတမန်များအား နိုင်ငံအတွင်းမှ နှင်ထုတ်ခြင်းသည် နှစ်နိုင်ငံ ဆက်ဆံရေးအတွက် အဟန့်အတားဖြစ်ကြောင်း မက်ဗီဒက်က ၎င်း၏ တယ်လီဂရမ် စာမျက်နှာတွင် ဧပြီ ၄ ရက်နှောင်းပိုင်း၌ ရေးသားဖော်ပြသည်။

ပြင်သစ်နိုင်ငံသည် ယူကရိန်းအရေးနှင့် စပ်လျဉ်း၍ နိုင်ငံအတွင်းရှိ ရုရှားသံအမှုထမ်း ၃၅ ဦးကို နှင်ထုတ်မည်ဟု ဧပြီ ၄ ရက်တွင် ကြေညာခဲ့ပြီး ဂျာမနီနိုင်ငံကလည်း ရုရှားသံအမှုထမ်း အများအပြားအား နိုင်ငံက လိုလားခြင်း မရှိသူများအဖြစ် ထုတ်ပြန်ကြေညာခဲ့ကြောင်း သိရသည်။

အနောက်နိုင်ငံများအတွင်းရှိ ရုရှားသံတမန်များ သို့မဟုတ် သံအမှုထမ်းများအား ဆက်လက်နှင်ထုတ်နေမည် ဆိုပါက ရုရှားနိုင်ငံက ပြန်လည် တုံ့ပြန်သွားမည် ဖြစ်ကြောင်း မက်ဗီဒက်ကပြောသည်။

နိုင်ငံအတွင်းရှိ ရုရှားသံအမှုထမ်းများ၏ လုပ်ဆောင်ချက်များသည် နိုင်ငံ၏ လုံခြုံရေး အကျိုးစီးပွားကို လျော့ပါးစေသောကြောင့် ၎င်းတို့အား နိုင်ငံအတွင်း နှင်ထုတ်ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း ပြင်သစ်နိုင်ငံခြားရေး ဝန်ကြီးဌာနက ထုတ်ပြန်သည့် ကြေညာချက်တွင် ဖော်ပြထားသည်။

ပြင်သစ်နိုင်ငံအတွင်းရှိ သံအမှုထမ်း ၃၅ ဦးကို နိုင်ငံအတွင်းမှ နှင်ထုတ်မည်ဖြစ်ပြီး ယင်းသို့လုပ်ဆောင်ခြင်းသည် ဥရောပသမဂ္ဂ၏ ချဉ်းကပ်လုပ်ဆောင်မှု၏ တစ်စိတ်တစ်ဒေသဖြစ်ကြောင်း အမည်မဖော်လိုသူ တစ်ဦးက ပြောသည်။

အလားတူဂျာမနီ အစိုးရသည် ရုရှားသံအမှုထမ်း ၄၀ ဦးခန့်ကို ဧပြီ ၄ ရက်တွင်နိုင်ငံအတွင်းမှ နှင်ထုတ်ခဲ့သည်။

ထို့ပြင် ယူကရိန်းအရေးနှင့်စပ်လျဉ်း၍ လစ်သူယေးနီးယား နိုင်ငံကလည်း ၎င်းတို့နိုင်ငံအတွင်းရှိ ရုရှားသံအမတ်အား ပြည်နှင်ဒဏ်ပေးရန် ဆုံးဖြတ်ထားကြောင်း သိရသည်။

Coin Marketplace

STEEM 0.16
TRX 0.15
JST 0.028
BTC 54339.14
ETH 2284.19
USDT 1.00
SBD 2.33