You Can Be Happy As You Want To Be "သင်ဆန္ဒရှိသလောက် ပျော်ရွှင်နိုင်ပါတယ်"

in #myanmarm7 years ago (edited)

FB_IMG_1513526393077.jpg

You Can Be Happy As You Want To Be
"သင်ဆန္ဒရှိသလောက် ပျော်ရွှင်နိုင်ပါတယ်"

Almost everyone have heard the hit single 'Don't Worry, Be Happy' by Bobby McFerrin. The song has a very catchy way of conveying its message of being happy to everyone. Bobby Mcferiin's simple message surely made a lot of people by telling them not to worry.

"စိတ်မပူပါနဲ့- ပျော်ပျော်နေပါ" ဆိုတဲ့ ရော့ဘီ မက်ဖာရင်ရဲ့ အရောင်းသွက်သော သီချင်းတစ်ပုဒ်ကို လူတိုင်းလိုလို ကြားဘူးပါလိမ့်မယ် ထိုသီချင်းတွင် လူတိုင်းကို ပျော်ရွှင်မှုပေးမယ့် သတင်းစကားကို အလွန်နားဝင်ချိုပြီး မှတ်မိလွယ်အောင် နားထဲအရောက်ပို့ပေးတဲ့ နည်းစနစ်ပါရှိပါတယ်
မက်ခ်ဖာရင်ရဲ့ ရိုးရှင်းတဲ့ သတင်းစကားက လူပေါင်းများစွာကို စိတ်မပူပန်အောင် သေခြာပေါက် လှုံ့ဆော်နိုင်ခဲ့ပါတယ်

Living a happy, resilient and optimistic life is wonderful, and is also very good for your health. Being happy actually protects you from the stresses of life. Stress is linked to top causes of death such as heart disease, cancer and stroke.

ပျော်ပျော်ရွှင်ရွှင်နေခြင်းဖြင့် ပူပင်သောကကို အလိုက်သင့်ကျော်လွှားပြီး အကောင်းမြင်ဝါဒကို လက်ကိုင်ထားတဲ့ ဘဝဟာ အလွန်အံ့သြဖွယ်ရာဖြစ်ပါတယ် သင့် ကျန်းမာရေးအတွက်လည်း အလွန်ကောင်းမွန်ပါတယ် ပျော်ရွှင်ခြင်းဟာ ဘဝရဲ့ ဖိစီးမှုဒဏ်တွေကနေ သင့်ကို အမှန်တကယ် အကာကွယ်ပေးပါတယ် စိတ်ဖိစီးမှုသည် နှလုံးရောဂါ ကင်ဆာရောဂါနဲ့ လေသင်တုန်းရောဂါရပြီး သေဆုံးခြင်း၏ အမြင့်ဆုံးအကြောင်းများနှင့်ဆက်စပ်နေပါတယ်

One of the better things ever said is - 'The only thing in life that will always remain the same is change', and in our life we have the power to make the necessary changes if we want to. Even if we find ourselves in an unbearable situation we can always find solace in the knowledge that it too would change.

ပိုကောင်းတဲ့အရာလို့ အမြဲတမ်းပြောလေ့ရှိတာက "ဘဝမှာ အမြဲတန်း မပြောင်းလဲပဲ တည်နေမယ့်အရာတစ်ခုဟာ ပြောင်းလဲခြင်း" ဆိုတာပဲဖြစ်ပါတယ်။ ကျွန်တော်တို့ဘဝမှာ ဆန္ဒရှိလျှင် လိုအပ်တဲ့ အပြောင်းအလဲကို လုပ်နိုင်တဲ့စွမ်းအား ကျွန်တော်တို့မှာရှိပါတယ်။ မခံမရပ်နိုင်အောင်ဖြစ်တဲ့ အခြေနေကို ရင်ဆိုင်ကြုံတွေ့နေရင်တောင် ကျွန်တော်တို့အသိဉာဏ်မှာ ၎င်းကို ပြောင်းလဲသွားစေမယ့် ဖြေသိမ့်စရာအမြဲတန်း ရှာတွေ့နိုင်ပါတယ်။

Social networks or relationships are essential to happiness. People are different, accept people for who or what they are, avoid clashes, constant arguments, and let go of all kinds of resentments.

လူမှုကွန်ယက်တွေ ပေါင်းသင်းဆက်ဆံရေးတွေဟာ ပျော်ရွှင်မှုအတွက် အဓိကကျတဲ့အရာတွေဖြစ်ပါတယ်။လူတွေဟာ တစ်ယောက်နှင့်တစ်ယောက် မတူပါဘူး။ ဘယ်လိုလူပဲဖြစ်နေဖြစ်နေ ဘာပဲဖြစ်နေဖြစ်နေ လက်ခံပေးလိုက်ပါ။ ထိပ်တိုက်ဆန့်ကျင်တာ မကြာခဏ ငြင်းခုံတာကို ရှောင်ရှားပါ။ မကျေမချမ်းဖြစ်တာမှန်သမျှကို ရှင်းထုတ်ပစ်ပါ။

If arguments seem unavoidable still try and make an effort to understand the situation and you might just get along with Happiness is actually found in everyone, increasing it is a way to make a life more wonderful and also more healthy.

တကယ်လို့ ငြင်းခုံခြင်းတွေကနေ ရှောင်းရှားလို့မရဘူးထင်းရင်တောင် ဆက်ကြိုးစားပြီး အခြေနေကို နားလည်နိုင်အောင် အားထုတ်မှုလုပ်ဆောင်ပါ။ သင့်အနေနဲ့ လူတိုင်းထံမှာရှိတဲ့ စိတ်ချမ်းသာမှုနှင့် ပေါင်းစပ်သွားနိုင်ပါတယ်။ ဒါသည် ဘဝကို ပိုပြီး နှစ်သက်ပျော်ရွှင်အောင် ပိုပြီး ကျန်းမာအောင်လုပ်ဆောင်မယ့် နည်းလမ်းတစ်ရပ်တိုးလာစေပါတယ်။

To be happy is relatively easy, just decide to be a happy person.
Abraham Lincoln observed that most people for most of the time can choose how happy or stressed, how relaxed or troubled, how bright or dull their outlook to be. The choice is simple really, choose to be happy. There are several ways by which you can do this.

ပျော်ရွှင်ဖို့ဆိုတာဟာ အတော် လွယ်ကူပါတယ် ပျော်ရွှင်နေတဲ့လူတစ်ယောက်ဖြစ်ရမယ်လို့သာ ဆုံးဖြတ်ချက်ချပါ။ အေဘရာဟမ် လင်ကွန်းက လူပေါင်းများစွာဟာ အချိန်အတော်များများမှာ ဘယ်လိုပျော်ရွှင်မယ် ဘယ်လို စိတ်ဖိစီးခံမယ် ဘယ်လို အပမ်းဖြေမယ် ဘယ်လို ဒုက္ခခံမယ် ဘယ်လို ရွှင်ရွှင်ပျပျနေမယ် ဘယ်လို ထိုင်းမှိုင်းနေမယ်ဆိုတဲ့ ဖြစ်နိုင်တဲ့အလားအလာတွေကို ရွေးချယ်နိုင်ကြကြောင်း လေ့လာအကဲခတ်ခဲ့ပါတယ်။
ရွေးချယ်စရာက တကယ့်ကို ရိုးရိုးရှင်းရှင်းလေးပါ ပျော်ရွှင်မှုရအောင် ရွေးချယ်လိုက်ပါ သင် ဒီလို လုပ်ဆောင်နိုင်တဲ့ နည်းလမ်းတွေ များစွာရှိပါတယ်။

Being grateful is a great attitude. We have so much to be thankful for. Thank the taxi driver for bringing you home safely, thank the cook for a wonderful dinner and thank the guy who cleans your windows. Also thank the mailman for bringing you your mails, thank the policeman for making your place safe and thank Kamma for being alive.

ကျေးဇူးတင်တတ်ခြင်းသည် အလွန်မြင့်မြတ်တဲ့ သဘောထားဖြစ်ပါတယ်။ ကျွန်တော်တို့မှာ ကျေးဇူးတင်စရာတွေ များစွာရှိပါတယ်။ အိမ်ကို အန္တရာယ်ကင်းကင်းရောက်အောင် မောင်းပို့ပေတဲ့အတွက် တက္ကဆီဆရာကို ကျေးဇူးတင်ပါ။ ကောင်းမွန်တဲ့ ညစာအတွက် ထမင်းဟင်းချက်သူကို ကျေးဇူးတင်ပါ။ သင့်တံခါးပေါက်တွေကို သန့်ရှင်းရေးလုပ်ပေးသူကို ကျေးဇူးတင်ပါ။ သင့်ထံလာတဲ့စာကို ယူဆောင်ပေးမှုအတွက် စာပို့လုလင်ကိုလည်း ကျေးဇူးတင်ပါ။ သင့်နေရာကို လုံခြုံအောင် ဆောင်ရွက်ပေးတဲ့အတွက် ရဲသားကိုလည်း ကျေးဇူးတင်ပါ။ အသက်ရှင်သန်ခွင့်ရတဲ့အတွက် ကံကြမ္မာကိုလည်း ကျေးဇူးတင်ပါ။

News is stressful. Get less of it. Some people just can't start their day without their daily dose of news. Try and think about it, 99% of the news we hear or read is bad news. Starting the day with bad news does not seem to be a sensible thing to do.

သတင်းတွေဟာ ဗျာများရပါတယ်။ လျှော့ချပစ်လိုက်ပါ။ လူအချို့ဟာ သူတို့ရဲ့တစ်နေ့တာကို နေ့စဉ်သတင်းအတွက် အချိန်မပေးဘဲ မစတင်နိုင်ကြပါဘူး။ ကြိုးစားပီး စဉ်းစားကြည့်ပါ။ ကျွန်တော်တို့ ကြားရ ဖတ်ရတဲ့ ၉၉ ရာခိုင်နှုန်းသော သတင်းတွေဟာ မကောင်းတဲ့ သတင်းတွေဖြစ်ပါတယ်။ တစ်နေ့တာကာလကို မကောင်းတဲ့သတင်းနဲ့ အစပြုခြင်းဟာ လုပ်ဆောင်ရန် လျော်ကန်သင့်မြတ်တဲ့အရာ ဖြစ်မယ်မထင်ပါဘူး။

A religious connection is also recommended. Being part of a religious group with its singing, sacraments, chanting, prayers and meditations foster inner peace.

ဘာသာရေးနှင့်ဆက်စပ်တာကိုလည်း အကြံပြုပါတယ်။ ဘာသာရေးအဖွဲ့တစ်ခုတွင် အဖွဲ့ဝင်အဖြစ်ပါဝင်၍ ဓမ္မတေးဆိုခြင်း၊ ဓမ္မမင်္ဂလာအမှုပြုခြင်း၊ ရွတ်ဖတ်သရဇ္ဈာယ်ခြင်း၊ ဝတ်ပြုဆုတောင်းခြင်း၊ တရားထိုင်ခြင်းဖြင့် အတွင်းစိတ်နှလုံးကို မြှင့်တင်ပေးပါ။

Manage your time. Time is invaluable and too important to waste. Time management can be viewed as a list of rules that involves scheduling, setting goals, planning, creating lists of things to do and prioritizing. These are the core basics of time management that should be understood to develop an efficient personal time management skill.

အချိန်ကို စီမံခန့်ခွဲပါ။ အချိန်ဟာ တန်ဖိုးဖြတ်လို့မရပါဘူး အဟဿအဖြစ်မခံဖို့ အလွန်အရေးကြီးပါတယ်။ အချိန်စီမံခန့်ခွဲမှုကို အစီစဉ်ရေးခြင်း၊ ပန်းတိုင်ချမှတ်ခြင်း စီမံကိန်းရေးဆွဲခြင်းများပါဝင်သော စည်းကမ်းချက်စာရင်းအဖြစ်၎င်း၊ လုပ်ဆောင်ရမည့်အရာနှင့် ဦးစားပေးအရာအတွက် စာရင်းဖန်တီးခြင်းအဖြစ်၎င်း မြင်နိုင်ပါတယ်။ ဒါတွေဟာ အကျိုးများတဲ့ ကိုယ်ပိုင်အချိန်ကို စီမံခန့်ခွဲမှု ကျွမ်းကျင်ခြင်းနဲ့ပတ်သက်ပြီး ဖွံ့ဖြိုးတိုးတက်စေရန် နားလည်ထားသင့်သော အချိန်စီမံခန့်ခွဲမှုဆိုင်ရာ အဓိက အခြေခံအချက်တွေဖြစ်ပါတယ်။

Laugh and laugh heartily everyday. Heard a good joke? Tell your friends or family about it. As they also say -'Laughter is the best medicine'.
Express your feelings, affections, friendship and passion to people around you. They will likely reciprocate your actions.
Try not to keep pent up anger of frustrations, this is bad for your health. Instead find ways of expressing them in a way that will not cause more injury or hurt to anyone.

ရယ်မောပါ။ နေ့စဉ် အားရပါးရ ရယ်မောပါ။ ဟာသကောင်းတစ်ခုခုကို ကြားဘူးပါသလား။ ထိုအကြောင်းကို အပေါင်းအသင်းတွေ မိသားစုတွေပြောပြပါ။ သူတို့လည်း "ရယ်မောခြင်းက အကောင်းဆုံးဆေးဝါး" လို့ ပြောကြပါတယ်။ သင့်ရဲ့ခံစားချက်တွေ ချစ်ခင်မှုတွေနဲ့ ခင်မင်ရင်းနှီးမှု စိတ်အားထက်သန်မှုကို ပတ်ဝန်းကျင်ကလူများ သိပါစေ။ သူတို့ကလည်း သင့်ရဲ့လှုပ်ရှားမှုကို အလားတူ တုန့်ပြန်လာနိုင်ခြေရှိပါတယ်။
စိတ်ပျက်စရာကောင်းတဲ့ ဒေါသကို ဆက်လက်မျိုးသိပ်ထားဖို့ မကြိုးစားပါနဲ့။ ဒါဟာ သင့် ကျန်းမာရေးအတွက် မကောင်းပါဘူး။ အဲဒီဒေါသအစား ထပ်ပီးစိတ်နာကြည်းမသွားစေနိုင်တဲ့ ဒါမှမဟုတ် ဘယ်သူ့ကိုမှ မထိခိုက်နိုင်တဲ့နည်းဖြင့် သင်ဒေါသထွက်ရသူများသိသွားစေမယ့် နည်းလမ်းများကိုရှာပါ။

Working hard brings tremendous personal satisfaction. It gives a feeling of being competent in finishing our tasks. Accomplishments are necessary for all of us, they give us a sense of value. Work on things that you feel worthy of your time.

ကြိုးစားပမ်းစားလုပ်ဆောင်ခြင်းဟာ အလွန်ကောင်းသော ကိုယ့်ကိုယ်ကို ကျေနပ်နှစ်သက်မှုကို ဆောင်ကျဉ်းပေးပါတယ်။ ၎င်းသည် ကျွန်တော်တို့လုပ်ငန်းဆောင်တာများကို ပြီးမြောက်အောင်ဆောင်ရွက်ရန် အရည်အချင်းဖြစ်တဲ့ ခံစားချက်ကို ဖြစ်ပေါ်စေပါတယ်။
ပြီးမြောက်အောင်မြင်မှုတွေဆိုတာ ကျွန်တော်အားလုံးအတွက် လိုအပ်ပါတယ်။ ၎င်းတို့ကနေ ကျွန်တော်တို့ကို တန်ဖိုးဆိုတဲ့ အသိပေးအပ်တာဖြစ်ပါတယ်။ သင်ပေးရတဲ့ အချိန်နဲ့ ထိုက်တန်တယ်လို့ ခံစားမိတဲ့ အရာတွေကို ဆက်လုပ်ပါ။

Learning is a joyful exercise. Try and learn something new everyday. Learning also makes us expand and broaden our horizons. And could also give us more opportunities in the future.

သင်ယူလေ့လာခြင်းဟာ ပျော်စရာကောင်းတဲ့ လေ့ကျင်ခန်းဖြစ်ပါတယ်။ နေ့စဉ်နေ့စဉ် အသစ်အဆန်းတစ်ခုကို ကြိုးစားလေ့လာပါ။ သင်ယူလေ့လာခြင်းက ကျွန်တော်တို့ရဲ့ အသိကို ကျယ်ပြန့်အောင် အမြင်မကျဉ်းအောင် လုပ်ဆောင်ပေးပါတယ်။ ပြီးတော့ ကျွန်တော်တို့အနာဂတ်အတွက် အခွင့်အလမ်းတွေလည်း ပိုမိုရရှိစေပါတယ်။

Run, jog, walk and do other things that your body was made for. Feel alive.
Avoid exposure to negative elements like loud noises, toxins and hazardous places.
These are the few simple things you can do everyday to be happy.

ပြေးပါ ဖြေးဖြေးမှန်မှန်ပြေးပါ။ လမ်းလျောက်ပါ။ သင့်ကိုယ်ခန္ဓာကို ကျန်းမာစေမယ့် လေ့ကျင်ခန်းများကို လုပ်ဆောင်ပါ။ တက်ကြွရွှင်လန်းနေတယ်လို့ ခံစားပါ။ အပျက်သဘောဖြစ်တဲ့ အသံကျယ်လောင်သော လူစုလူဝေများ အဆိပ်အတောက်များ အန္တရာယ်ရှိတဲ့ နေရာများကို ထိတွေ့ခြင်းမှ ရှောင်ရှားပါ။
ဒါတွေဟာ ပျော်ရွှင်မှုရရန် သင် နေ့စဉ်လုပ်ဆောင်နိုင်သော ရိုးရှင်းတဲ့အရာအချို့ဖြစ်ပါတယ်။

And always remember the quote from Abraham Lincoln, he said that, "Most people are about as happy as they make up their minds to be."

အေဘရာဟမ် လင်ကင်းဆီက အကိုးအကား စကားရပ်လေးကိုလည်း အမြဲသတိရပါ သူက "လူအများစုသည် သူတို့စိတ်ထဲမှာ ဖြစ်ပေါ်ရန် ပုံဖော်သည့်အတိုင်း ပျော်ရွှင်မှုရကြသည်" လို့ ပြောဆိုခဲ့ပါတယ်။
Credit;
ဒေါက်တာအရှင်ကုမုဒ (ဗောဓိတထောင်)

Coin Marketplace

STEEM 0.17
TRX 0.16
JST 0.029
BTC 62067.61
ETH 2414.80
USDT 1.00
SBD 2.57