အ​ကောင်းမြင်​စိတ်​(Zin Lay)

in #myanmar7 years ago (edited)

သူငယ်​ချင်းတစ်​​ယောက်​နဲ့ လဖက်​ရည်​​သောက်​​နေရင်း
ပလူေ​ကာင်ေ​တွ ပျံလာတာကို ​ငေး​မော​ကြည့်​​နေမိတယ်​..
သူတို့​​တွေ​ မြေကြီးထဲက​နေထွက်​လာပြီး
မီး​ရောင်​ကို တိုးကြတယ်​..အလုအယက်​​ပေါ့..
မနက်​ခင်း​ရောက်​​တော့ အ​တောင်​​တွေကျွတ်​ပြီး
အိမ်​​မြှောင်​​တွေက စား လူ​တွေကနင်းနဲ့ အကုန်​​သေကုန်​​ရော..

ဒါကိုကြည့်​ပြီး ကျွန်​​တော်​က

"ကိုယ့်​ဟာကိုယ်​ ​မြေကြီးထဲ​နေတာ အ​ကောင်းပါ..
အ​တောင်​​လေး​ပေါက်​လာပြီး ​မိုး​ပေါ်ထပျံ​တော့
အကုန်​​သေကုန်​​ရော.." လို့ ဆရာကြီးစတိုင်​လ်​နဲ့ ​ဝေဖန်​လိုက်​တယ်​.

လဖက်​ရည်​ကို ​အေး​အေး​ဆေး​ဆေး​သောက်​​နေတဲ့ သူငယ်​ချင်းက
"ငါက​တော့ ပလူ​တွေကို သ​ဘောကျတယ်​..
ဘ၀တစ်​​လျောက်​လုံးတွင်း​အောင်း​နေရတာ ပျင်းစရာကြီး..
မိုး​ပေါ်ပျံတယ်​ဆိုတဲ့ စိန်​​ခေါ်မှုကို အသက်​နဲ့ရင်းပြီး ကစားသွားတာ.
သတ္တ၀ါမှန်​သမျှ​သေမျိုးချည်းပဲ..
ပလူ​​တွေ​ သေရတာ တန်​ပါတယ်​ကွာ..မိုး​ပေါ်ပျံဖူးသွားတာ​ပေါ့.."

အိုး...သိပ်​​ကောင်းတဲ့အ​တွေးတစ်​ခုပဲ..
Positive Thinking တစ်​ခု..ငါဘာလို့ အဲ့လိုမ​တွေးမိပါလိမ့်​..

ကျွန်​​တော့်​အိမ်​က အနည်းငယ်​ပိုက်​ဆံရှိ​တော့
၁၉၉၈ ၀န်းကျင်​က 4wheel Drive ကားတစ်​စီးဝယ်​စီးတယ်​..
အဲ့ဒီ​ခေတ်​က 4Wheel Drive ကားတို့ Pajero ကားတို့ဆိုတာ
ဗိုလ်​မှူး ဗိုလ်​ချုပ်​​တွေစီးတာ..
သ​ဘောက​တော့ အဲ့ဒီကား​တွေစီးရင်​ ဆရာကြီး​ပေါ့​လေ..

ကျွန်​​တော့်​ဦး​လေး ဦးဆန်းဝင်းက အဲ့ဒီကားကိုယူ​မောင်းရင်
ကျွန်​​တော်​လိုက်​မစီးချင်​ဘူး..သူက လမ်းတစ်​​လျောက်
ဇီးပင်​တို့ မကျည်းရွက်​နုနု​လေးတို့ ခံတတ်​ရွက်​တို့
ဟိုအပင်​ ဒီအပင်​ စားစရာ​တွေ့ရင်
လမ်း​ဘေးကားရပ်​ပြီး ဆင်းဆင်းခူးတယ်​..
ကိုယ်​က လူပျို​ပေါက်​ဆို​တော့ရှက်​တယ်​..
ကားအ​ကောင်းစားကြီးရပ်​ပြီး လမ်း​ဘေးက
အသီးအရွက်​​တွေခူးတယ်​ဆို​တော့ Feel ကျဲတာ​ပေါ့..

တစ်​ရက်​​တော့ ကျွန်​​တော်​က ဆူ​​ဆောင့်​​ပြီး ​ပြောတယ်​..
"ဦး​လေး အဲ့လို​တွေမလုပ်​ပါနဲ့ဗျာ ကားအ​ကောင်းစားကြီးစီးပြီး
လမ်း​ဘေးက အသီးအရွက်​​တွေခူးစားတယ်​ဆို​တော့
သူများ ကဲ့ရဲ့လိမ့်​မယ်​​"...ဆို​တော့

သူကပြန်​​ပြောတယ်​..

"ဒါ​တွေက တို့မခူးလည်း ဘယ်​သူမှမခူးဘူး..
ရင့်​ပြီး အလကားဖြစ်​ကုန်​မယ့်​ဟာ​တွေကွ..
ဒီ​တော့ လူတစ်​​ယောက်​​ယောက်​က​တော့ တို့ကို
ကဲ့ရဲ့ချင်​ ကဲ့ရဲ့မှာ​ပေါ့ကွာ..
နောက်​ထပ်​လူတစ်​​ယောက်​က​တော့ ဒီလူ​တွေ ဒီလိုမျိုး
အလကားဖြစ်​ကုန်​မယ့်​ အရာ​တွေကို ​အသုံးချတတ်​လို့
ဒီလိုကားအ​ကောင်းစားမျိုးစီးနိုင်​တာလို့ ချီးကျူးလိမ့်​မယ်​.."

" ဒုတိယလူက တစ်​​နေ့မှာဒီလိုကားမျိုး ၀ယ်​စီးနိုင်​လိမ့်​မယ်​ " လို့
ကျွန်​​တော့်​ကိုပြန်​​ပြောတယ်​..

ဒီစကားကို ကျွန်​​တော်​ ကြားခဲ့ရတာ အနှစ်​ ၂၀ ​ကျော်​ပါပြီ..
ခုထိမ​မေ့ဘူး..Positive Thinking သ​ဘောတရားကို
အဲ့ဒီတုန်းက နားမလည်​​ပေမဲ့ ရင်​ထဲမှာ စတင်​ထိ​တွေ့ခဲ့တယ်​..

ဟိုးတစ်​​လောက အင်္ဂလိပ်​စာ ဆရာကြီးတစ်​​ယောက်​ကို
မြို့ထဲက သူ့သူငယ်​ချင်းအိမ်​ကို လိုက်​ပို့​ပေးခဲ့တယ်​..
သူက​လေဖြတ်​ထား​တော့ လမ်း​ကောင်း​ကောင်းမ​လျောက်​နိုင်​ဘူး..
မြို့ထဲမှာ သူ့ကိုတွဲရင်း လမ်း​လျောက်​လာတဲ့အခါ
လမ်း​ပေါ် စည်းကမ်းမဲ့ ကွမ်း​တံ​တွေး ထွေးသူ​တွေ ၊
စည်းကမ်းမဲ့ အမှိုက်​ပစ်​သူ​တွေ
လူကူးတံတား​ပေါ်က မကူးသူ​တွေ..
မျဉ်းကျားက မကူးသူ​တွေ..
မျဉ်းကျားမှာ ကားအရှိန်​မ​လျော့သူ​တွေ..
တွေ့လာ​တော့ ကျွန်​​တော်​က

"ဒီလိုလူ​မျိုးတွေ များနေလို့ တို့နိုင်​ငံ မတိုးတတ်​တာ.."
လို့ ​ဝေဖန်​လိုက်​တယ်​...

ကျွန်​​တော့်​စကားကို ကြား​တော့ ဆရာကြီးက ပြုံးတယ်​..

"သားရဲ့စကားက မှန်​သင့်​သ​လောက်​မှန်​ပါတယ်​..
ဒါ​ပေမဲ့ အဲ့ဒီစကားကို အန်​ကယ်​လ်​ တစ်​မျိုး​လေးပြန်ပြင် ပြောကြည့်မယ်​..
ဒီလိုလူ​မျိုးတွေရှိ​နေလို့ တို့နိုင်​ငံ မတိုးတတ်​တာ ဆိုတဲ့အစား
တို့နိုင်​ငံ မတိုးတတ်​ခဲ့လို့ ဒီလိုလူမျိုး​တွေ များ​နေတာ ဆိုရင်
ပိုပြီး အပြုသ​ဘော​ဆောင်​လို့ ပိုမ​ကောင်း​ပေဘူးလား သား​ရေ..
အဲ့ဒီလို​ပြောတဲ့အဓိပ္ပါယ်​ရဲ့​နောက်​မှာ တို့နိုင်​ငံတိုးတတ်​​အောင်
ဘယ်​လိုကြိုးစားကြမလဲ ​ဆိုတာပါ ​​ဆက်​​တွေးလာကြလိမ့်​မယ်​.."

ဆရာကြီးက ဆက်​​ပြောတယ်​..

"ဒီလိုလူမျိုး​တွေ​ကြောင့်​ တို့နိုင်​ငံမတိုးတတ်​တာဆိုတဲ့စကားဟာ
ဒီလူ​တွေအ​ပေါ် ​ဒေါသထွက်​မိ​စေပြီး အကုသိုလ်​ပွား​စေတယ်​..
တို့နိုင်​ငံမတိုးတတ်​ခဲ့လို ဒီလိုလူမျိုး​တွေများလာရတာဆိုတဲ့
စကားက တို့နိုင်​ငံတိုးတတ်​​အောင်​ ကြိုးစားရမယ်​..
ဒါမှ ဒီလိုလူမျိုး​တွေ နည်းသွားမှာ ..ဆိုတဲ့ ကုသိုလ်​တရား
စာနာစိတ်​ကို ပွား​စေတယ်​..ဒါကို Positive Thinking
အ​ကောင်းမြင်​စိတ်​လို့​ခေါ်တယ်​..
ဒီစိတ်​​လေးကို​မွေးမြူထားရင်​ သားကိုယ်​တိုင်​​ရော သားမိသားစုအပြင်
သားနဲ့ထိစပ်​သူပတ်​၀န်းကျင်​ပါ နှလုံးစိတ်​၀မ်း ​အေးချမ်းလိမ့်​မယ်​ "

ကျွန်​​တော့်​ နှလုံးသားတစ်​ခုလုံး လင်းသွားသလိုခံစားမိတယ်​..
ကျွန်​​တော်​ အဲ့ဒီ​နေ့ကစပြီး အ​ကောင်းမြင်​စိတ်​ကို 
လေ့ကျင့်​တယ်​..​မွေးမြူတယ်​..
အ​ကောင်းမြင်​စိတ်​ဟာ ကိုယ်​နဲ့ ကိုယ့်​ပတ်​၀န်းကျင်
နောက်​ဆုံးကြီးကြီးကျယ်​ကျယ်​​ပြောရရင်​ ကိုယ့်​နိုင်​ငံအတွက်​ပါ
အများကြီးလိုအပ်​​ကြောင်း နားလည်​လာခဲ့တယ်​..

ကျွန်​​တော်​တို့​တွေ အိပ်​ယာနိုးနိုးခြင်း ဖုန်းဖွင့်​ပြီး
Facebook ဖွင့်​ကြည့်​တာများတယ်​..
နိုင်​ငံ​ရေး ပိုစ့်​​တွေ..
Myanmar Idol ပို့စ်​​တွေ..
ရာဇ၀တ်​မှု ပိုစ့်​​တွေ..
ရန်​ဖြစ်​​နေကြတဲ့ ပိုစ့်​​တွေ..
ငါနဲ့မတူ ငါ့ရန်​သူ ပိုစ့်​​တွေ..

နံနက်​ခင်းတိုင်း Facebook ကြည့်​ပြီး ကျွန်​​တော်​တို့ စိတ်​နှလုံး​တွေ 
တစ်​​နေကုန်​ ညစ်​ညမ်း​ နောက်​ကျိသွားလိုက်​ကြတာ..
ဒီလို စိတ်​​နောက်​​​နောက်ြကီးနဲ့ မိသားစုကို ဆက်​ဆံမိ ၊
အလုပ်​ထဲမှာ လုပ်​​ဖော်​ကို​င်​ဖက်​​တွေကိုဆက်​ဆံမိ ၊
သူငယ်​ချင်း​တွေကို ဆက်​ဆံမိ တဲ့အခါ
ကိုယ်​နဲ့နီးစပ်​သူ​တွေပါ စိတ်​နှလုံး ထိုင်းမှိုင်းကုန်​ကြ​ရော..

Facebook ​ပေါ်မှာ အတိုင်းအတာတစ်​ခုအထိ
ကျွန်​​တော်​​ရေးသမျှကို ဂရုတစိုက်​ဖတ်​သူများလာတဲ့အခါ
ကိုယ်​​ရေးသမျှ အကုသိုလ်​မဖြစ်​​အောင်​ အတတ်​နိုင်​ဆုံး​ရှောင်​မိတယ်​.
ကျွန်​​တော့်​စာကို NLD ကြံ့ခိုင်​​ရေး ဗုဒ္ဓဘာသာ အစ္စလာမ်
ခရစ်​ယာန်​ ဟိန္ဒူ ဘာသာမဲ့ ဆင်းရဲ ချမ်းသာ လူကြီး လူငယ်
ကျားမ မ​ရွေး ဖတ်​လို့ရ​အောင်​ ​ရေးခဲ့တယ်​..

တတ်​နိုင်​သ​လောက်​​လေး ကြယ်​ငါး​ကောက်​သူလို
ကိုယ့်​စာဖတ်​မိတဲ့သူတိုင်း အနည်းဆုံး​တော့
အကုသိုလ်​စိတ်​ဖြစ်​​မသွားအောင်​ ​ကြိုးစားတယ်​..

ကိုယ်​တိုင်​က အ​ကောင်းမြင်​စိတ်​​လေး​မွေးပြီး ​လောကကြီးကို ကြည့်​တဲ့အခါ
အမှန်​တရားကို နီးနီးကပ်​ကပ်​မြင်​ရတယ်​..
ဘ၀မှာ ​နေ​ပျော်​လာတယ်​..
ကုသိုလ်​ အကုသိုလ်​ကို ရှင်းရှင်းလင်းလင်း ခွဲခြားတတ်​လာတယ်​..
လူတိုင်းကို (သတ္တ၀ါတိုင်းကို) ​မေတ္တာထားနိုင်​လာတယ်​..
ကြည်​လင်​ချမ်း​မြေ့တဲ့ စိတ်​ဓာတ်​​ကောင်း​တွေ ရလာတယ်​..

အစား​ကောင်း အ​သောက်​​ကောင်းစားရတဲ့အခါ
ခင်​မင်​သူ​တွေကို သတိရသွားသလိုပါပဲ..
"အ​ကောင်းမြင်​စိတ်​" ​​လေးကို ကိုယ်​တို​င်​ကျင့်​သုံးပြီး
ဘ၀မှာ ကြည်​လင်​ ငြိမ်းချမ်းမှုရမိ​လေ​တော့ ဒီအရသာကို
ကျွန်​​တော့်​ မိတ်​​ဆွေ​တွေပါ ကျင့်​သုံးခံစားစေချင်​လို့
ဒီ​ဆောင်းပါး​လေးကို ​ရေးသားမျှ​ဝေလိုက်​ပါတယ်​..

မိတ်​​ဆွေများအားလုံး နှလုံးစိတ်​၀မ်း ​​အေးချမ်းကြပါ​စေ..

................................................
@zinlay

Sort:  

promotion ဖို့ စည်းကမ်းကို သဘောတူသူသာလျှင်တင်ခွင့်ပြုထားတဲ့ promotion အတွက် ပါဝင်ထားပြီး copy ဖြစ်နေခြင်းဟာ စည်းကမ်းကို သက်သက်မဲ့ချိုးဖောက်ရာကျပါတယ်
ဗျာ ယခုကဲ့သို့နောက်တစ်ကြိမ်ဖြစ်ပါက ကျွှန်တော်တို့အား အပြစ်မမြင်စေလိုပါ ။ copy တွေဆက်တင်ချင်တယ်ဆိုရင် ကျေးဇူးပြုပြီး myanmar tag ဖြုတ်ပေးပါ

Coin Marketplace

STEEM 0.16
TRX 0.15
JST 0.028
BTC 58949.08
ETH 2306.78
USDT 1.00
SBD 2.47