လွမ်းဆွတ်မိသော သာမညမြေ
ကျွန်မတို့ငယ်ငယ်က ၅တန်းပေါ့ နော် အဲအရွယ်လောက် က သွားဖြစ်ခဲ့တဲ့ သာမညဆရာတော် ဘုရားကြီး ရှိတာ သာမညတောင် သို့ ခရီးသွားခဲ့တာလေး ကို ပြန်လည်လွမ်းဆွတ်မိပါရဲ့။
ကလေးဘဝဆိုတော့ အကုန်တော့ မမှတ်မိပေမဲ့ အဲဒီခရီးစဉ်လေးကိုတော့ ရင်ထဲမှာ အစဉ်အမြဲ သိမ်းထားမိခဲ့တယ် အမျိုးတွေနဲ့သွားခဲ့ရတဲ့အတွက်လည်း ပျော်စရာကောင်းသော ခရီးစဉ်လေးတစ်ခုဖြစ်ခဲ့တယ်။
ကျွန်မရဲ့အဒေါ်ဖြစ်သူက ဘုရားတရားအလွန်ကိုင်းရှိုင်းသောသူတစ်ယောက်ပါ ။သာမညဆရာတော် ဘုရားကြီးကို လည်းအလွန်ကြည်ညိုသူတယောက်ပါ ဆရာတော်ဘုရားကြီးက သတ်သတ်လွတ်ရာသက်ပန် စားသလို ကျွန်မအဒေါ်ကလည်း ဆရာတော်ကို ယုံကြည်ကိုးကွယ်သည့်အချိန်မှစ၍ ယခု ထက်ထိ သတ်သတ်လွတ် စားသုံးနေသော သူတစ်ဦးဖြစ်ပါတယ် အဒေါ်ကသူ သာမည ဆရာတော်ဘုရားဆီသွားရောက်ဖူးမြော်ရင် ကျွန်မတို့ရဲ့ဘောပင်ခဲတံ စာရေးကိရိယာလေးတွေကို ယူသွားပြီး ဆရာတော်ကို သိဒ္ဓိတင်ခိုင်းပါတယ် ကျွန်မကတော့ အရင် ကနားမလည်ဘူး
အဲလိုတွေလုပ်တဲ့သူရော ရှိပါ့မလားပေါ့ တကယ် သွားရောက်ဖူးမျှော်ခွင့်ရတဲ့အချိန်မှာတော့မျက်မြင်ကိုယ်တွေ့ တင်ခိုင်းတဲ့ပစ္စည်းတွေဆိုတာ မျိုးစုံလို့ သာမညဆရာတော် ကို ဖူးမြော်ရအောင် အနယ်နယ်အရပ်ရပ်မှလာကြသော ဘုရားဖူးဧည့်သည်များ ကလည်းအမြဲ ပြည့်လျံနေပါတယ် မနက်ဆို ဆရာတော်ကိုဖူးမြော်ဖို့ မနက်စောစောထကျ ဘုးရားဝတ်ပြုပြီး ဆရာတော်ရဲ့ တရားတော်ကိုနာကြပါတယ် ပြီးရင်တော့ ဆရာတော်ကိုအနီးကပ် ဖူးမြော်ရအောင် တန်းစီပြီးအလှည့်ကျ ဝင်ရောက်ဖူးမြော်ရပါတယ် ဆရာတော် ဘုရားပြောနေကျ စကားတခွန်းကို ခုထိ ကြားနေမိဆဲပါ ဘုရားဖူး ဧည့်သည့်တွေ တောင်ပေါ်မှာ မြတ်စော ညီနောင် စေတီလေးကိုဖူးပြီး သတ်သတ်လွတ် ထမင်းဟင်း သုံးဆောင်သွားကြနော် သွားစားကြနော် ဆရာတော်ဘုရားကြီး ပြောသော စကားလေးဖြစ်ပါတယ် သာမညတောင်ပေါ်မှာ တော့တောင်ပိုင်အဖွား နန်းကြာဟဲ ရဲ့နတ်နန်းရယ် ဆရာတော်ဘုရား တည်ထားကိုးကွယ်တဲ့ မြတ်စော ညီနောင်စေတီရယ် နတ်နန်းတွေရယ်ရှိပါတယ် ကျွန်မသိသလောက်ကတော့ ဆရာတော်ဘုရားနဲ့အဖွားဘနန်းကြာဟဲကအရင် ဘဝ က သားအမိတော် သတဲ့ ခုဘဝမှာ ဆရာတော်ဘုရားကို အမေတော်စပ်ခဲ့သူက ဒီသာမညတောင်မှာ သာသနာ လာပြုပါလို့ အိမ်မက်ပေးခဲ့တယ် အဲဒါနဲ့ ဆရာတော်ဘုရားလည်း သာသနာပြုခဲ့တယ် သတ်သတ်လွတ်နယ်မြေအဖြစ် သတ်မှတ်ပြီးအနီး ပတ်ဝန်းကျင်က ရွာသူရွာသားအားလုံးကပါ သတ်သတ်လွတ်စားသုံးခဲ့သော နယ်မြေလေးဖြစ်ပါတယ် တောင်ပေါ် ထမင်းစားရုံမှာတော့ တခါမှမမြင်ဖူးခဲ့တဲ့ ဒန်အိုးအကြီးကြီးတွေ မိုးပြဲ ဒယ်အိုးတွေနဲ့ဆရာလေးတွေ က ချက်ပြုတ်နေကြတယ် အများစာ ချက်တာ ဖြစ်ပေမဲ့အရသာကတော့ ကောင်းလွန်းလှပါတယ် သတ်သတ်လွတ် ငပိရည်ဖြစ်တဲ့ ပဲနဲ့လုပ်ထားသော ငပိရည် အတုကလည်းစားကောင်းခှပါတယ် မျှစ်လေးတွေ ဖရုံသီး ခရမိးသီးတွေနဲ့ ချက်ထားတဲ့ သီးစုံဟင်း အရွက်ကြော်တွေ ဝဥသုပ်တို့ သတ်သတ်လွတ်ပေမဲ့စားကောင်းလှပါတယ် ဆရာတော်ဘုရားကြီးရဲ့စေတနာ သဒ္ဓါတရားကလည်းအလွန်ထက်သန်ပါတယ် ထမင်းနဲ့ဟင်းကို ၂၄နာရီမပြတ်ကျွေးနေတာ ဖြစ်ပါတယ် ဘုရားပတ်ဝန်းကျင်မှာလည်း သာမည ဆရာတော် ဆွဲကြိုးလေးတွေ လက်စွပ်လေးတွေ ရောင်းတဲ့ဆိုင်တွေ အမှတ်တရ ပစ္စည်းဆိုင်တွေနဲ့စညိကားလှပါတယ် တောက်အောက် ဈေးထဲမှာလညိး ရိုးရာ အကျီင်္ကရင်အကျီင်္လေးတွေ ယိုးဒယားမုန့်တွေ အိမ်သုံးပစ္စည်းတွေကလည်း ဈေးနှုန်းချိုသာလှပါတယ်။
သာမညကပြန်လျှင် ဘားအံမြို့က အထင်ကရဘုရားတွေဖြစ်တဲ့ ဘုရင့်ညီကူဘုရား ကျောက်ကလပ် စေတီတော် ရွှေရင်မျှော်ဘုရားများကိုဝင်ရောက်ဖူးမြော်ခဲ့ပါတယ်မှတ်မှတ်ရရသာမညသို့ ၂ခေါက် အလည်ရောက်ခဲ့ပါတယ်သွားတဲ့အခေါက်တိုင်း စိတ်ချမိးမြေ့ ကြည်နူးရတယ် ပျော်ရွှင်ရတယ် ဆရာတော်ကြီးပျံလွန်တော် မူပြီးနောက်ပိုင်းမှာတော့ သာမညမြေဟာ အရင်လို မစည်ကားတော့ပါဘူး ဆရာတော်ရှိစဉ်ကတော့ ဘုရားဖူး ဧညိ့တွေ များပြားလှတဲ့ ဒီမြေလေးဟာ ခုတော့ အရင်လို မဟုတ်တော့ဘူး တိတ်ဆိတ် ငြိမ်သက်လျှက် အခါအခွင့်ကြုံရင် နောက်တစ်ခေါက်လောက်တော့ ထပ်ပြီးသွားကြည့်ချင်ပါသေးတယ် (မပြည့်စုံတာ အမှားပါရင် ခွင့်ွှတ်ပါ()MSC-232@yway
အားပေးနေတယ်
ရွေးရေ
ဟုတ်bro
စာပိုဒ်လေးတွေခွဲရေးပါ ။ စာကြောင်း အဆုံးမှာ ပုဒ်မလေးတွေထည့်ပေးပါ အခြားသူများရေးသော post များမှလည်း ကောင်းနိုးရာရာ ပုံစံ ( စာပိုဒ် စာကြောင်း ပုံထည့်ပုံ ) လေးကြည့်ပါ အောင်မှာ ရေးသူအမည် MSC နံပါတ် ထည့်ပေးပါ ။
ဟုတ်ကဲ့
Good
Thank
လည်ချင်စိတ်တောင်ပေါက်သွားဘီနော်
ဟုတ်တယ်ပျော်ဖို့ ကောင်းတယ်
တော်တော် မှတ်မိတယ်နော်
ပျော်စရာ အမှတ်တ ရတွေဆိုတော့ အမှတ်ရနေတာ
Good post