နောင်တ
ကျွန်မ သူ့ကို မြတ်နိုးပါတယ် တန်ဖိုးလည်းထားတယ် ကျွန်မအတွက် သူကတော့မရှိမဖြစ် သူကျွန်မဘဝ ထဲကိုဝင်လာဖို့ ကျွန်မကိုယ်တိုင် ရွေးချယ်ခဲ့တဲ့ တာ ဆုံးဖြတ်ခဲ့တာ ကျွန်မရဲ့တနေ့တာ မှာ သူမပါတဲ့နေ့ဆိုတာ မရှိခဲ့ဘူး မနက်မိုးလင်းတာနဲ့ သူ့ကို ကြည့်ဖြစ်တယ် တနေ့လုံးလည်းကျွန်မအနားမှာ သူရှိတယ် သူဆိုတာက ကျွန်မရဲ့ phoneလေးပေါ့ ကျွန်မသူ့ကို ဧပြီလက ဝယ်ခဲ့တယ်
ကျွန်မတို့ကို ဝန်ထမ်းတွေအတွက်ကတော့ phoneတလုံးဝယ်ပြီးရင် ၂နှစ်လောက်ကတော့ အသာလေးကိုင်ဖြစ်ပါတယ် ခုလည်းကျွန်မဒီphoneလေးကို ၂နှစ် ၃နှစ်လောက်ကိုင်မယ်ပေါ့ သူ့ကို မှန်မကွဲလေးကပ်ပေးထားတယ် coverလေးလည်းကောင်းကောင်းလေး တပ်ပေးထားတယ် ရေရှည် အတွက်ဆိုတော့ ကိုယ့်လက်ထဲမှာ သူမပျက်စီးအောင် သူ လှပအောင် ကျွန်မပြင်ဆင်ပေးခဲ့တယ် တနေ့မှာတော့ ကျွန်မ မြို့ထဲကိုသွားဂန်အကြောင်းပေါ်လာတယ် မနက် မိုးလင်းတော့ ရေချိုး မနက်စာစားပြီး သူငယ်ချင်းရဲ့ phoneအလာကို မျှော်နေမိတယ် မကြာပါဘူး
သူမက phoneဆက်တယ် ထွက်ခဲ့တော့တဲ့ ကျွန်မလည်းအိမ်ကနေစပြီးထွက်ခဲ့တယ် အဲအချိန်ကစပြီး ကျွန်မသူ့ကို မေ့ပျောက်ထားခဲ့တယ် ကားမှတ်တိုင်ရောက်တော့ ကားစီးတယ် ကားကမကြပ်ပါဘူး ကျွန်မတို့သူငယ်ချင်းနှစ်ယောက်လည်းစကားတပြောပြောနဲ့ ကားစီးလာတာ မှတ်တိုင်ရောက်တော့ ဆင်းတယ် ကားလမ်းကူးတယ် ကျွန်မတို့သွားမဲ့နေရာကို ရောက်မဲ့ကားကို စောင့်နေမိတယ် အဲအချိန်ထိ သူ့ကို ကျွန်မ အိတ်ထဲကနေ တချက်ထုတ်မကြညိ့မိခဲ့ဘူး အဲလိုနဲ့ ကားကရောက်လာတော့ ကားပေါ်ကို တတ်ခဲ့တာ အဝမှာတင်လူကြပ် ပြီး ရပ်နေရတယ် နောက်ကနေ လူနှစ်ယောက်လောက်တိုးပြီး ကျွန်မရဲ့ပိုက်ဆံအိတ်လည်း အနောက်ရောက်သွားတယ် အိတ်ကဘေးလွယ်အိတ်ဆိုတော့ လူတိုးတာနဲ့ လည်သွားတယ်ပေါ့ အဲလိုပဲထင်ခဲ့မိတယ် ကျွန်မတို့တတ်ပြီး ရှေ့မှတ်တိုင်မှာ လည်း ယောက်ျားလေးနှစ်ယောက်လား သုံးယောက်လား သေချာတော့မသိတော့ဘူး သူတို့ဆင်းသွားကြတယ် အမှန်တော့ အဲလူတစုက ကျွန်မတန်ဖိုးထားရတဲ့ phoneလေးကို ခါးပိုက်နှိုက်သွားတဲ့သူတွေ လို့ထင်မိတယ် ဘာလို့လဲဆိုတော့ သူတို့လည်းဆင်းအပြီး ကျွန်မလည်းရှေ့မှာနေရာရသွားတယ်
ရှေ့ဆုံးမှာနေရာ ရတာဆိုတော့ အေးဆေးပဲ phoneပျောက်ဖို့လည်းမရှိဘူး ကားပေါ့အတတ်လေးမှာ ကျွန်မကိုတိုးပြီး အိတ်ကို နှိုက်သွားတာလို့ထင်မိတယ် နေရာရတဲ့အထိ ကျွန်မမသိသေးဘူး phoneလေးပျောက်သွားတာကို လှည်းတန်းရောက်ခါနီးကျမှ သူငယ်ချင်းက ငါ့ကို phoneတစ် callပေးဆက်ဆိုမှ ကျွန်မ အိတ်ထဲကိုနှိုပ်မိတော့သူမရှိတော့ဘူး ကျွန်မလည်း လန့်ဖျန့်ပြီး သေချာအိတ်ဖွင့်ရှာမိတယ် လုံးဝကိုမရှိတော့တာ သွားပါပြီ
စိတ်ကလုံးဝကိုကျသွားတာ ငါ့phoneလေး ဆိုပြီး
သူငယ်ချင်းကို phoneတွေခေါ်ခိုင်း ကားပေါ်မှာများပြုတ်ကျသလားပေါ့ ဘေးကလူတွေကလည်း
ကူရှာပေး ချက်ချင်းဆိုသလို phoneက ခေါ်လို့မရတော့ဘူး အိမ်ကိုphoneဆက်ပြီး အိမ်မှာများကျန်ခဲ့မလားလို့ ရှာခိုင်း အိမ်မှာလည်းရှိမနေပါဘူး စိတ်ထဲမှာတနုတ်နုတ်နဲ့ ကိုယ်သွားမဲ့နေရာတောင် မရောက်တော့ပဲ အိမ်ပြန်ဖြစ်ခဲ့တယ် မယုံကြည်နိုင်ဘူးလေ ခုလိုခနလေးအတွင်းမှာ ပျောက်သွားမယ်လေ အိမ်ရောက်တော့ တအိမ်လုံး မွှေနှောက်ရှာ phoneတွေခေါ်ကြည့် မရတော့ဘူး
အဲဒီနေ့က တစ်မနက်လေးပဲသူ့ကို အရေးမစိုက်ခဲ့တာပါ ခုတော့ လုံးဝပျောက်ကွယ်သွားခဲ့ပြီ ကျွန်မသာ အဲနေ့မနက်က သူ့ကို ကိုင်ထားခဲ့လျှင် ဒါမှမဟုတ် ကိုယ်ရှေ့မှာပဲ သေချာထားခဲ့လျှင် ဒီလို ဖြစ်မယ်မထင်ဘူး ခုတော့ နောင်တတွေရလို့
အဲဒါမို့လို့ ကိုယ်တန်ဖိုးထား ကိုယ်မြတ်နိုးတဲ့အရာတွေကို အမြဲတမ်း ဂရုစိုက် အလေးထားသင့်ပါတယ် မရှိတော့တဲ့အခါမှ နောင်တရမဲ့အတူတူ ရှိတုန်းလေးမှာ တန်ဖိုးထား သင့်ပါတယ်
MSC-232
@yway
V %=100% $0.123 V n C done. @thiha/poe
Good post
Thanks
အရမ်းကောင်းတယ်
Good post
Thanks
အားပေး နေပါတယ်
ကျေးဇူးပါ
ညီမလေး ရေးထားတာ ကောင်းလိုက်တာကွယ်😁😁သဘောကျမိ
Thanks sis
Nice post
ဆက်ရေး ညီမရေ
ဟုတိအကို
အားပေးနေတယ်ညီမ
ဟုတ်ကျေးဇူးပါ
မဖြစ်ခင်ကလိုက်နာနိုင်ရင် နောင်တဆိုတာ ဘယ်တော့မှ ပေါ်မလာတော့ဘူးလေ
ဟုတ်တယ် 😢😢😢