ဝိနည်းလွတ်
အားလုံးမင်္ဂလာပါ ခင်ဗျာ့
ကျွန်တော်ဒီနေ့အညာပြန်ဘို့ ကားလက်မှတ်အဝေးပြေးကွင်းမှာသွားဖြတ်ပါတယ်၊ အရင်တော့ သွားခြင်တဲ့အချိန်သွားဟိုရောက်မှဖြတ်တာပါ၊ အခုတော့သင်္ကြန်ရက်နီးတော့လက်မှတ်ရတဲ့အချိန်လိုက်မယ်ဆိုပြီး လက်မှတ်ကိုသီးသန့်သွားဖြတ်လိုက်တာပါ၊
https://images.app.goo.gl/DacTDJkv7qSdHWYf6
နှစ်တိုင်းကသင်္ကြန်ရက်ဆိုကားခတွေကဈေးအင်မတန်ကြီးတာ ဒီနှစ်တော့အစိုးရကလည်းဈေးတင်မရောင်းဖို့အမိန့်ကြော်ညာစာထုပ်ထားတော့ဈေးမတင်လောက်ပါဘူးလေလို့တွေးထင်ထားပါတယ်၊ အဲ့ဒါနဲ့ဂိတ်ရောက်တော့ မနက်ဖြန်လက်မှတ်ရအုန်းမလားမေးတော့ ခုံကတော့မရတော့ဘူးတဲ့ ကြားခုံ ပလပ်စတစ်ခုံဘဲရတော့မယ်တဲ့ ကိုယ်ကလည်းသင်္ကြန်မကျခင်ဟိုရောက်ခြင်တာဆိုတော့ ညသွားမနက်ရောက်မှာဘဲလေ ဒီအချိန်လေးတော့ ဒုက္ခခံလိုက်ရမှာပေါ့ ခုံမရှိလဲဘယ်တပ်နိုင်မလဲ ကြားခုံသာပေးတော့ ဘယ်လောက်လဲလိုမေးတော့ သောင်းနှစ်ထောင်တဲ့ ၊အရင်သောင်းတထောင်ပါ အခုဈေးတက်သွားတာလားလို့မေးတော့ ဟုပ်တယ် ခုံကသောင်းရှစ်ထောင်တဲ့ ကျွန်တော်လဲ ဟိုက် နင်တို့ကားလက်မှတ်တွေ သင်္ကြန်ရက်ဈေးတင်မရောင်းရဘူးဆို..လို့မေးလိုက်တော့ ဟုပ်တယ်လေ သင်္ကြန်ရက်ဈေးတင်မရောင်းပါဘူး အခုက အကြိုနေအထိဘဲရောင်းတာ အကြိုနေကစလို့သင်္ကြန်ရက်အတွင်း ပုံမှန်ဈေးရောင်းမှာ ကြိုမရောင်ဘူး ဂိတ်လာဖြတ်သူ ဦးတဲ့သူရမှာ ကုန်ရင်ရပ်ထားလိုက်မှာတဲ့ အမ် ဟုပ်သား အမိန့်ကြော်ညာက သင်္ကြန်ရက်လို့ပြောထားတာကိုး အင်း အဲ့တာလဲ ဝိနည်းလွတ် လုပ်စားတာဘဲလေ ဆိုပြီး ပြုံးလိုက်မိပါတယ်၊
https://images.app.goo.gl/uo1oYiW1wFVZ24JD9
ဘာတပ်နိုင်မလဲ ကိုယ်ကလဲသွားခြင်တာကိုး အော်လောကကြီးကလည်း ဘယ်လောက်ပင်ဘယ်လို ခရီးသွားပြည်သူတွေအခက်အခဲ မတွေ့အောင်လုပ်လဲ ဝိနည်းလွတ်လုပ်စားလို့ရတာတွေအများကြီးပါလားလို့တွေးထင်မိလိုက်ပါတော့တယ်။စာလာဖတ်သူအားလုံးကျေးဇူးအထူးတင်ပတယ်ဗျာ ။
Post writer=@yuzana(shineshine)
MSC=146
ဒီလိုပါဘဲ လည်တဲ့သူလုပ်စား အတဲ့သူခံပေါ့☺ ☺ ☺
Posted using Partiko Android
ကား ရထား အကုန်ကြပ်တယ် ပိတ်ရက်လေးကိုယ့်ဇာတိပြန်ကြတာလေ
လောဘသားတွေက ဂွင်းပ
စည်းကမ်းဘယ်လိုထုပ်ထုပ် ဝိနည်းလွတ်ကတော့လုပ်ကြတာဘဲဗျာ
မူပြောင်းပြီး လူ မပြောင်းတော့ အခက်တွေ့တာပေါ့ဗျာ
Posted using Partiko Android
ဟုပ်ပါ့ဗျာ
ကားသမားတွေက အချိန်အခါလိုက် ဝိနည်းလွတ် ပိုက်ဆံရှာနေတော့တာပဲ။
Posted using Partiko Android
ပိုစ့်ရွေးချယ်ပေးသူများ၏ Curation Collective Discord community ရှိ မြန်မာ ရွေးချယ်ပေးသူ ချန်နယ်တွင့် မျှဝေထားသော အထက်ပါပိုစ့်ကို @C-Squared အဖွဲ့အစည်းအကောင့်မှ ကိုယ်တိုင်စိစစ်ရွေးချယ်ပြီးနောက် မဲပေးခြင်းနှင့် မျှဝေပေးခြင်းများ ပြုလုပ်ခဲ့ပြီးဖြစ်ပါသည်။
This post was shared in the #burmese-curation channel in the Curation Collective Discord community for curators, and upvoted and resteemed by the @c-squared community account after manual review.
@c-squared runs a community witness. Please consider using one of your witness votes on us here