Radio

in #myanmar6 years ago

အားလုံးမင်္ဂလာပါ ခင်​ဗျာ့
ဒီ​နေ​တော့ဗျာ ကလူးကလဲပါ့ စာ​ရေးတာလဲ​နောက်​ကျသွားပြီ မတပ်​နိုင်​ဘူး မှီချင်​သ​လောက်​မှီ တင်​မိ​အောင်​​တော့တင်​လိုက်​အုံးမယ်​ ၊ အလုပ်​ကမအားတဲ့အကြားထဲက​ရေးရတာ စာလုံး​ပေါင်း​လေး​တွေလည်း မှားချင်​မှားလိမ့်​မ​ပေါ့ ၊ မ​နေကစက်​ပြင်​သမားအ​တွေအကြုံ​လေးဆက်​​ရေးပါအုံးမယ်​၊ တခါလာအပ်​​သေးတယ်​ဗျာ့ ၊လူငယ်​အညာသား​လေးထင်​တယ်​ ​ရေဒီယို​လေးတလုံး ကျွန်​​တော့​ရေဒီယိုကအ​ကောင်းဗျာ့ နား​ထောင်​လို့ရတယ်​ တခါတခါတိုးသွားတယ်​၊တခါတခါကျယ်​လာတယ်​၊ ဒီ​ဘောလွန်းကွန်​ထိုး​လေးကလည်းအတင်​အချလုပ်​ရင်​ ဂျိဂျိမြည်​တယ်​တဲ့၊ ကျွန်​​တော်​လည်းပြစမ်းပါရဲ့ဆိုပြီး​ဘောလုံး​လေးအတင်​အချလုပ်​ကြည့်​ပါတယ်​ ၊

item_XL_7769489_6708046.jpg

https://images.app.goo.gl/9Bse7hwN2CxJJ2V7A

သူ​ပြောတဲ့အတိုင်းပါဘဲ၊​ဘောလွန်းကွန်​ထိုးက
ကာဗွန်​​တွေစားပြီး ကာဗွန်​ကု​န်​​နေတာ၊ ​ဘောလွန်းကွန်​ထိုးလဲလိုက်​ရင်​​ကောင်းပြီ​ပေါ့ ကိုယ့်​စိတ်​ကူးက အဲ့ဒါနဲ့ ပစ္စည်းဖိုး​ရော လက်​ခ​ရော အဲ့ဒီ​ခေတ်​က ငါးရာကျမယ်​လို့​ပြောလိုက်​ပါတယ်​၊ သူကပြင်​မယ်​တဲ့ အဲ​ဒါနဲ့ကျွန်​​တော်​လဲ့ နတ်​ကသုံးလုံးဘဲပါတာ အပြုံး​တွေ စပါယ်​ဖူး​ကျောက်​လှည့်​​တောင်​ဘဲ​ချော်​​နေလိုအ​လောဖြုပ်​ရတာ၊ နတ်​ဖြုပ်​ပြီး​ရေဒီယို​လေးကို အဖုံးဖွင့်​လိုက်​​တော့ အလားလား အထဲမှာကြွက်​သိုက်​လိုဘဲဗျာ ဖ​ရောင်းစက်​​တွေ​ရော၊ ပီနံကြိုး​သေး​သေး​လေးနဲ့ချည်​ထားတာ​တွေ​ရော၊ ​နောက်​ဖျာစ​တွေ​ရော၊ကြက်​​ပေါင်​ကွင်း​တွေ​ရောခြည်​ထားတယ်​၊ ကျွန်​​တော်​ဖြုပ်​လိုက်​​တော့ ဖ​ရောင်းစက်​နဲ့ကပ်​ထားတဲ့၊ ကြိုးအဆက်​​တွေကပြုတ်​ကုန်​ပါ​လေ​ရော၊ ခြည်​ထားတဲ့ကြက်​​ပေါင်းကွင်း​တွေ​ရော၊ဖျာစတုတ်​တိုတုတ်​စ​တွေ​ရော ပြုပ်​ထွက်​လာတယ်​၊

51GVRDKNYDL._SX425_.jpg

https://images.app.goo.gl/b2XRq3HUGTJsqZkdA

ဟာ့ ​ဟေ့​ကောင်​ မင့်​​ရေဒီယိုကဘာ​တွေတုန်းပြုတ်​ထွက်​ကုန်​ပြီ​နော့လို့​ပြော​တော့ ဟုပ်​တယ်​ဗျာ့ ကြိုး​ဆက်​​တွေပြတ်​လို့ဖ​ရောင်းစက်​နဲ့အားလုံးကပ်​ထားတာတဲ့ ၊အင်​​သေ​ရော့ တုပ်​စ​လေး​တွေက ဒီ​နေရာခုထားလိုက်​ရင်​အသံကြယ်​လို့ခုထားတား ဟို​နေရာခုရင်​အသံကြယ်​လာသလားလို့ ဟို​နေရာခုလိုက်​လုပ်​ထားတာ၊ ကြက်​​ပေါင်​ကွင်းက ဒီ​ဘောလုံးကခဲပြုတ်​ပြီးကွာ​နေလို့ ကြက်​​ပေါင်​ကွင်းနဲ့တုပ်​ခြည်​ထားတာတဲ့၊ ကဲဗျာ့အဲတာမှ​သေ​ရော၊ မင့်​ကြိုးဆက်​​တွေက သူ့​နေရာသူမှတ်​မိသလားလို့​မေ​တော့ မမှတ်​မိဘူးတဲ့၊ ကဲ့ဗျာငါလဲ ချက်​ချင်းအလွတ်​က​တော့မရဘူး ပြန်​ပြီးပတ်​လမ်းလိုက်​ရမှာ မင့်​ဒီ​ဈေးနဲ့လဲမရဘူး ငါက ​ဘောလွန်းကွန်​ထိုးလဲပြီးရပြီမှတ်​တာ အထဲမှာကမင်းကတအားကလိထားတာ ရရင်​​နောက်​ရက်​မှရမှာလို့​ပြော​တော့ မဖြစ်​ဖူးဗျာ့ ပြန်​ရမှာ​ဝေးတယ်​တဲ့ အဲ့တာဆိုငါလဲမတပ်​နိုင်​ဘူး မင့်​ကြိုး​တွေကဖ​ရောက်​စက်​​တွေနဲ့ကတ်​ထား​တော့ ငါလဲဘာမလုပ်​ရဘူး သူဟာသူပြုတ်​ကုန်​တာ မင်​အသိဘဲ ငါ​တော့ဒီအတိုင်းဘဲပြန်​လုံး​ပေး​လိုက်​​တော့မှာလို​ပြော​တော့၊ ဟင်​ဒါဖြင့်​အရင်​လိုအသံမမြည်​​တော့ဘူး​ပေါ့တဲ့ ဘယ်​မြည်​​တော့မလဲ မင့်​ကြိုး​တွေကပြုပ်​ကုန်​တာကို ​နောက်​ရက်​လဲ မင်းကမထားနိုင်​ ငါလဲ အဲ့​လောက်​မကြွမ်းဘူး မင့်​အ​နေနဲ့ကြွမ်းကျင်​တဲ့ ​ဆရာကြီး​တွေဆိုင်​တာသွားလိုက်​​တော့ ချက်​ချင်းရမှာပါ ဟု​ဖြေသိမ့်​လိုက်​ရပါတယ်​၊ မတပ်​နိုင်​ဘူး​လေ စက်​ကိုမဖွင့်​ခင်​က အဲ့​လောက်​ကြီးသူကလိထားမယ်​မှန်း၊ သူလဲ​အောင့်​သက်​သက်​နဲ့ သူ​ရေဒီယို​လေး သူပြန်​ယူသွား​ပါလေ​တော့တယ်​၊ ကျွန်​​တော်​တို့စက်​ပြင်​သမား​တွေ အဲ့လို​လေး​တွေလဲကြုံရပါတယ်ဗျာ။ စာလာဖတ်​သူအားလုံးကို​ကျေးဇူးအထူးတင်​ပါတယ်​ခင်​ဗျာ။

Post writer=@yuzana(shineshine)
MSC=146

Sort:  

ဒီလို ပညာရှင်တွေနဲ့ တွေ့တော့ မလွယ်ဘူးနော့

တော်သေးတာပေါ့ သူရှေ့မှာတင် ဖွင့်မိလို့။ နောက်မှသာ အေးဆေးဖွင့်မိရင် အလျော်အစားပဲ။

Posted using Partiko Android


ပိုစ့်ရွေးချယ်ပေးသူများ၏ Curation Collective Discord community ရှိ မြန်မာ ရွေးချယ်ပေးသူ ချန်နယ်တွင့် မျှဝေထားသော အထက်ပါပိုစ့်ကို @C-Squared အဖွဲ့အစည်းအကောင့်မှ ကိုယ်တိုင်စိစစ်ရွေးချယ်ပြီးနောက် မဲပေးခြင်းနှင့် မျှဝေပေးခြင်းများ ပြုလုပ်ခဲ့ပြီးဖြစ်ပါသည်။
This post was shared in the #burmese-curation channel in the Curation Collective Discord community for curators, and upvoted and resteemed by the @c-squared community account after manual review.
@c-squared runs a community witness. Please consider using one of your witness votes on us here

Coin Marketplace

STEEM 0.17
TRX 0.16
JST 0.029
BTC 62134.47
ETH 2417.18
USDT 1.00
SBD 2.54