ပုရွက်ဆိပ်နှင့်နှံကောင် (အပိုင်း၂)
ပုရွက်ဆိပ်နှင့်နှံကောင်(အပိုင်း၁)
https://steemit.com/myanmar/@yuzana/pu-yk-saip-nwng-nwan-ekang-apong-1
ပုရွက်ဆိပ်နှင့်နှံကောင် (အပိုင်း၂)
ဒီလိုနဲ့ တရက်မှာမခင်စပယ်ကြည်ထင်ထားတဲ့အတိုင်းဖြစ်လာခဲ့ပါတယ်၊အညာဒေသသည်မိုးခေါင်ဒေသဖြစ်သဖြင့် မိုးတပြိုက်နှစ်ပြိုက်ရွာလိုက်သည်နှင့် နှမ်း မြေပဲစသည့်သီးနှံများကို အပြေးအလွှားအလုအယက်စိုက်ပျိုးရသောဒေသဖြစ်ပါသည်၊ ညဦးပိုင်းမိုးရွာသဖြင့်မနက်မိုးလင်းသည်နှင့်စိုက်ဖို့ပျိုးဖို့စာရင်းငှားအပြေးအလွှာလူရှာပြီးစိုက်ဖို့ပြင်ဆင်ကြရပါသည်၊တရွာလုံးတပြိုင်တည့်းဖြစ်နေသောကြောင့်စာရင်းငှားလူရှာမရသဖြင့် သူ့ယောက္ဖမောင်ငရှိုင်းကိုတောထဲလိုက်ဖို့ခေါ်လေ၏။မောင်ငရှိုင်းမှာ ဒီနေ့ဘုန်းကြီးကျောင်းမှာဝေယာဝစ္စလုပ်ဖို့ရှိကြောင်းတောကိုမလိုက်နိုင်ကြောင်းပြောပြီး ဘုန်းကြီးကျောင်းဖက်ထွက်သွားပါတော့သည်
https://goo.gl/images/716poh
၊ဒီကိစ္စအတွက်နဲ့ အိမ်တွင်မခင်စယ်ကြည်တို့လင်မယားမှာခွန်းကြီးခွန်ငယ်စကားမျာကြလေတော့၏၊ မခင်စပယ်ကြည်သည်စဉ်းစားရတော့၏။သူ့မောင်ပြန်လာတဲ့အခါသူ့မောင်ကိုအနားခေါ်ပြီ "ငါ့မောင် တချိန်ချိန်မှာမင်းလဲအိမ်ထောင်ပြုမှာ မင့်စီးပွားရေးမင်းလုပ်ရတော့မှာအဲ့တာကြောင့်အမကမိဘတွေချန်ထာခဲ့တဲ့ ပစ္စည်းဥစ္စာအထဲက မောင်လေးရသင့်ရထိုက်တာပေးလိုက်မယ်၊မောင်လေးဝါသနာပါရာကိုဒီငွေအရင်းအနှီးနဲ့အလုပ်လုပ်ပါ၊မောင်လေးဘဝရေရှည်မှာမလွယ်ဘူး
မောင်လေးကအေးအေးနဲ့မောင်လေးအကိုကလက်ရဲဇက်ရဲနဲ့ရှေရှည့်မှာမလွယ်ဘူးနောက်ဆုံးအမဘဲစိတ်ဆင်းရဲရမှာ"ဟု မျက်ရည်စမ်းစမ်းနဲ့ပြောပြီး ပုရွက်ဆိပ်နှင့်နှံကောင်ပုံပြင်တခါ ပြန်ပြောလေ၏။အမငိုနေတော့ မောင်ငရှိုင်းလဲစိတ်မကောင်းကြီးစွာနဲ့"မငိုပါနဲ့တော့အမရယ်ဒီနေကစအမစိတ်မဆင်းရဲရပါဘူးအမပေးတဲ့ငွေနဲ့တနယ်တကျေးမှာအလုပ်သွားလုပ်ပါတောမယ"်ဟုပြောကာ၊အမပေးတဲ့ငွေကိုလွယ်အိပ်ထဲထည့်ပြီး ရွာကလှည်းကြုံနဲ့လှည်းနောက်မီးမှာငုပ်တုပ်ကလေးထိုင်ပြီးရွာမှထွက်သွားလေတော့၏။
ဒီလိုနဲ့နှစ်လရာသီတွေအကြိမ်ကြိမ်ပြောင်းသော်လည်းမောင်ငရှိုင်းရဲသီတင်းမကြားရတော့ချေ၊မခင်စပယ်ကြည်လည်းသူ့လုပ်ရပ်ကိုသူစိတ်မကောင်းဖြစ်ပြီးသူ့မောင်လေးကိုနေစဉ်သတိယနေမိ၏၊ဒါပေမဲ့သီတင်းအစအနမကြားရဘယ်မှာနေလို့နေမှန်မသိတော့ဆက်သွယ်ဘို့အခက်တွေ့နေ၏။
ဘာလိုလိုနဲ့မခင်စပယ်ကြည်မှာသားလေးဖွားလို့အခါလည်သားအရွယ်တောင်ရောက်နေပေသည်၊ထူးထူးခြားခြားမခင်စပါယ်ကြည်သည်သူ့မောင်လေးကိုတအားသတိယနေမိ၏မောင်နှစ်မနှစ်ယောက်ရှိတာသူ့ရဲ့တူလေးမျက်နှာကိုလဲပြချင်မိ၏၊အရဲစွန့်ပြီး သူ့မောင်လေးကိုရှာချင်ကြောင်းယောင်္ကျားလုပ်သူအားဖွင့်ပြောလေသောအခါယောင်္ကျားလုပ်သူမှာစိတ်မဆိုးဘဲ "ငါလဲတွေ့ချင်ကြောင်း အဲ့နေ့ကစိတ်တအားဆိုးပြီးပြောမိကြောင်း ငါ့ယောက္ဖကသူဟာသူနေပြီးဘယ်သူနဲ့မှပြသ်နာမဖြစ်ဘဲအေးအေးဆေးဆေးနေတဲ့ လူအေးလူကောင်းဖြစ်ကြောင်းပြောပြီး မခင်စပါယ်ကြည့်ကိုမောင်ငရှိုင်းအားရှာပြီးအိမ်ပြန်ခေါ်ဘို့ခွင့်ပြုလေသည်၊မခင်စပယ်ကြည့်မှာအတိုင်းမသိဝမ်းသာသွားပြီး သူမောင်လေးကိုရွာဦးဘုန်းကြီးကျောင်းမှာ ကပ္ပိယသော်၎င်းသင်္ကန်းစီး၍သော်၎င်းထားပြီးကိုယ့်မျက်စိအောက်မှာဘဲထားတော့မည်ဟုဆုံးဖြတ်လေသည်။သို့သော်လဲမောင်ငရှိုင်းမှာဘယ်နေလို့နေမှန်းမသိအဆက်အသွယ်မရတော့အခက်တွေ့နေတော့သည်၊သူတို့လင်မယားကိုစိတ်နာသွားပြီဟုထင်မိနေတော့၏။
ဒီလိုနဲ့တရက်မှာရွာကလူတယောက်မလေးရှားမှပြန်အလာလိုင်းကားစီရင်းမောင်ငရှိုင်းကိုရန်ကုန်မှာတွေ့ခဲ့သည်ဟုပြောလေ၏။ သူလိုင်းကားစီးရင်းသာကေတဖက်ကလိုင်းကားဂိတ်မှာကွမ်းယာဝယ်နေသောမောင်ငရှိုင်းကိုကားပေါ်ကနေ နူတ်ဆက်ရုံနူတ်ဆက်ခဲ့ရကြောင်း "ငရှိုင်းခုမင်းဘယ်မှာနေတာလဲ"မေးတော့ "ဒီလမ်းကြားမှာနေတာ"လို့လက်ညှိုးထိုးပြကြောင်းမခင်စပါယ်ကြည်ကိုပြောလေ၏။မခင်စပယ်ကြည်လဲ အချိန်မဆိုင်းဘဲလိုင်းကားနံပတ်နဲ့လိုင်းကားဂိတ်နေရာကိုအသေခြာမေးလေ၏။နောက်ရက်မနက်ကလေးကိုကြောပိုးပြီးသူမရောက်ဖူးသောရန်ကုန်သို့တက်လာလေတော့သည်၊
ဒီလိုနဲ့သာကေတဖက်သွားသောလိုင်းကာနံပတ်နဲ့ ကွမ်းယာဆိုင်ရှိသောလိုင်းကားဂိတ်ကိုရာက်အောင်သွားပြီးကွမ်းယာဆိုင်မှာဆင်းလိုက်လေ၏။ကွမ်းယာဆိုင်မေးသောအခါသူမသိကြောင်းသူကတခြားရပ်ကွက်မှလာရောက်ဆိုင်ဖွင့်တာဖြစ်ကြောင်းဒီလမ်းကြားကသူဌေးတွေနေတာဆိုတော့တဦးနဲ့တဦးမသိကြေကြောင်း အမဘာသာအမဝင်ရှာကြည့်ဘို့ရာပြောလေ၏၊ဒီလိုနဲ့မခင်စပယ်ကြည်လဲကလေးကြောပိုးနဲ့သူ့မောင်လေးအလုပ်လုပ်မည်ထင်တဲ့တိုက်အိမ်တွေကို ဘေးဝဲယာကြည့်ရင်းလမ်းကြားထဲဝင်ခဲ့လေတော့သည်၊.....
တတိယပိုင်းဇာတ်သိမ်းဆက်ရန်.....
စာဖတ်သူအားလုံးကိုကျေးဇူးအထူးတင်ပါတယ်ခင်ဗျာ။
Post writer=@yuzana(shineshine)
MSC=146
ဖြစ်ဘူးဗျ မနက်ဖြန်စောင့်ဖတ်မှရတော့မယ်
မောင်ငရှိုင်းရဲ့ဘဝကဘယ်လိုတွေဖြစ်နေလဲ စိတ်ထဲသိချင်ဇောများနေပီ အဟိ
မနက်ဖြန် ဆက်ပေးအူးနော်
အရမ်းကို စိတ်တေဝင်စားနေပါဘီနော်။
နောက်အပိုင်းကြအဖြေသိရမှာပါ ကျေးဇူးပါ
ငရှိုင်းမခံချင်စိတ်နဲ့ကြိုးစားလို့သူဋ္ဌေးဖြစ်နေပြီထင်တယ်....ဇာတ်သိမ်းစိတ်ဝင်စားနေပြီ.....
လူ့ဘဝဆိုတာဝထ္ထု တွေတောင်လိုက်မမှီအောင်ဆန်ကြယ်ပါတယ်
ငရှိုင်း သူဋ္ဌေး ဖြစ်နေရောလား 😁
သူ့ဘဝရဲ့ အကြောင်း မနက်ဖြန်မှာသိရမှာပါ
စိတ်ဝင်စားဖို့ကောင်းတယ် ဇာတ်သိမ်းမျှော်နေပါပြီ
မကြာမှီလာမည် ...မျှော်
ရန်ကုန်လာရတာ မရောက်ဖူးသူတွေအတွက် အရမ်းခက်ခဲမှာဘဲ ဘာတွေဆက်ဖြစ်လာအုံးမလဲဆိုတာ စောင့်မျှော်လျှက်ပါ
အင်း....အခုကတော့ ခရီးထွက်ဖူးတဲ့သူတိုင်းက လိပ်စာအတိအကြသိရင်လွယ်နေပါဘီ နောက်ပြီးဖုန်းတိုင်းမှာလဲgps ပါနေတာဆိုတော့ နဲနဲလွယ်သွားတာပေါ့အားပေးမူကို ကျေးဇူးကမ္ဘာ၊ပါ
Upvoted.
DISCLAIMER: Your post is upvoted based on curation algorithm configured to find good articles e.g. stories, arts, photography, health, community, etc. This is to reward you (authors) for sharing good content using the Steem platform especially newbies.
If you're a dolphin or whales, and wish not to be included in future selection, please let me know so I can exclude your account. And if you find the upvoted post is inappropriate, FLAG if you must. This will help a better selection of post.
Keep steeming good content.
@Shares - Curation Service
Posted using https://Steeming.com condenser site.
Thanks
မောင်နှမတွေဆိုတော့ ပြောပြီးပြီးကြတာ
သံယောဇဉ်ဆိုတာရှိတယ်လေ
မှန်တာပေါ့ဗျာ အမကြီးအမိအရာ ပြုစုလာခဲ့တော့ဘယ်စိတ်ကောင်းပါ့မလဲ
ဖတ်လို့ကောင်းနေပြီဦးယုရေ။စေင့်နေမယ်နော်။
ကျေးဇူးပါဦးမဟော်ရေ့ 
အေးပါဟာကြည်သံကြားရင် အသဲယားတေ😁😁ဟီး
အခင်ဆုံးသူငယ်ချင်းဆိုတော့
ထုထုထောင်းထောင်း အဟီးးးးး
နာ့လဲ ပြန်ထု