Poem(သတိရတယ်ဆောင်း)
သတိရတယ်ဆောင်း
= = =
မိုးပြာပြာ
လဝါဝါအောက်
ဂစ်တာတလက်
ခေါင်ရေတခွက်နဲ့
အလွမ်းတွေကိုဖြေသိမ့်နေချိန်
တောင်တန်းကြီးတွေကလဲ
တုံးလုံးပက်လက်
အိပ်မောကျလျှက်
နှင်းမှုံတွေကြားထဲ
မသဲမကွဲနဲ့
တောင်ဇလပ်ပန်းရနံ့
သင်းပျံ့ပျံ့က
မြောက်ပြန် လေနဲ့အတူ
ဖေးမကူလို့
ကျွန်တော့ဆီသို့
သူ ယူဆောင်လာခဲ့
ကျေးဇူးကမ္ဘာ ပါတောင်ဇလပ်ပန်း
ကျွန်တော့ဘဝ တသက်တာ
ဆောင်းနှင်းလေးတွေမြင်တိုင်း
ချင်းတောင်းတန်းကြီးကိုတော့
သတိယနေမှာပါ့ 
@yuzana( shine shine )
msc-146
( ချင်းတောင်တန်းအလွမ်းပြေ )
ရိုးတောင်ပေါ်ကို သွားချင်တယ်ဗျာ
ချင်းတောင်က သဘာဝရူ့ခင်းပေါတယ်
ကာရန်ညီညီနဲ့အဖွဲ့အနွဲ့ကောင်းတယ်အကို
Thank you ပါ
Up
Up
Good poem
သာယာပါတယ်
စာသားလေးတွေကစွဲးဆောင်မူသိပ့်ကောင်းပါတယ်ဗျာ
ဖတ်ခွင့်ကြုံလို့စိတ်ပြေလန်းဆန်းခဲ့ရပါတယ်ဗျာ
ဓါတ်ပုံလေးကကိုယ်တိုင်ရိုက်ထားတာလာဗျ
တောတောင်တွေနဲ့တိမ်တိုက်လေးတွေကို ကျွန်နော်ချစ်တယ်………(သူရ)
photoဘယ်ကယူသလဲဆိုတာလေး ပြန်ထည့်ပေးရင်ပိုပြည့်စုံနိုင်တယ်
အကြံပေးတာပါဗျာ
အကြံပြုချက်ကို လေးစားပါတယ်ခင်ဗျာ
ဟားခါးသွားတုန်းကသူငယ်ချင်းဖုန်းထဲကရခဲ့တာပါ
Fb ပေါ်လဲတင်ထားတာဆိုတော့ ပြန်ူယူတင်လိုက်တာပေါ့ဗျာ