နယုန်လနဲ့ နဂါးခေါင်းအလှည့်
နယုန်လနဲ့ နဂါးခေါင်းအလှည့်
နယုန်လသည် မြန်မာ့လရာသီ၁၂လထဲတွင်တတိယမြောက်လဖြစ်လေသည်၊နွေရာသီကုန်ဆုံးရန်၁၅ရက်သာလိုတော့သည်၊ထိုကြောင့်နွေနှောင်းလ မိုးဦးလဖြစ်လေသည် ၊ နယုန်လမှာတော့ နဂါးရဲ့ဦးခေါင်းမြောက်သို့လှည့်လေ၏ ၊ ထိုကြောင့်ခရီးဝေးတောင်အရပ်သို့သွားလျှင်ဆင်ခြင်ပြီးသွားရလေသည်၊
ဒီနဂါးလှည့်တဲ့အရပ်တို့ ပြဿ်ဒါးတို့ ရက်ရာဇာတို့ဆိုသည်မှာလည်း အဓိပ္ပါယ်မရှိသလိုလိုနှင့် ယနေအထိအဲ့ဒီအယူအဆကိုအများအားဖြင့်လက်ခံပြီးလိုက်နာနေကြရပါသည် ၊ထိုကြောင့်မြန်မာ့၁၂လရာသီမှာ နဂါးခေါင်းဘယ်အရပ်လှည့်သည်ဆိုတာတွက်ပြပါမည် ၊
ပေါင်း ကူး ဆုန် နောက်
ယုန် ဝါ ဝါ မြောက်
တော် ကျွတ် မုန်း ရှေ့
နတ် ပြာ တွဲ တောင်
ဟု ငယ်စဉ်အခါဘုန်းကြီးကျောင်းမှာသင်ခဲ့ရပါသည် ၊ ဆိုလိုတာကတော့ တပေါင်းလ တန်ကူးလ ကဆုန်လတွေမှာ နဂါးဦးခေါင်းအနောက်သို့လှည့်ပြီ နယုန်လ ဝါဆိုလ ဝါခေါင်လတွေမှာ နဂါးဦးခေါင်း မြောက်သို့လှည့်သည်လို့ ဆိုလိုတာဖြစ်ပါသည် ၊တဖန် တော်သလင်းလ သီတင်းကျွတ်လ တန်ဆောင်မုန်းလတွေမှာ နဂါးဦးခေါင်း အရှေ့အရပ်သို့လှည့်ပြီး နတ်တော်လ ပြာသိုလ တပို့တွဲလတွေမှာ နဂါး၏ဦးခေါင်း တောင်ဖက်အရပ်သို့လှည့်၏ဟုဆိုလိုတာဖြစ်ပါသည် ၊ ထို့ကြောင့်နဂါး၏ ခံတွင်းထဲမဝင်ကောင်းဘူးဟုရှေးလူကြီးတွေကယူဆကြပါသည် ၊ခါးဖြတ်တာတို့ အမြီးဘက်ကသွားရတာတို့ပြုလုပ်ရသည်ဟု ဆိုပါသည် ၊ သို့သော်မဖြစ်မနေသွားရမည့်ကိစ္စဆိုလျှင် အိမ်ပေါက်ဝအထွက်ကတည်းက နဂါးခံတွင်းနှင့်လွတ်ရန် ကွင်းပြီးတော့ သွားကြရပါသည်
၊ ဘယ်လိုဘဲဖြစ်နေဖြစ်နေ ကျွန်တော်တို့မှာရှေး လူကြီးတွေကစလုပ်ခဲ့တာကြောင့် မယုံကြည်သော်လည်း တခါတရံသတိယတဲ့အခါလိုက်နာမိပါသည် သတိမယတဲ့အခါတော့ကြုံသလိုသွားလိုက်ပါသည် ၊ သိလည်းသိနေ သတိလည်းယရဲ့သားနဲ့ အ၍မလိုက်နာလျှင် မိမိစိတ်နဲ့မိမိ ဇဝေဇဝါဖြစ်ပြီး နှစ်ခါပြန်ရသည်ဟု လူကြီးသူမတွေကပြောပါသည်၊ အပန်းလည်းမကြီး ပိုက်ဆံလဲမကုန် ဒုက္ခလည်းမများ တဲ့ ရှေးလူကြီးတွေရဲ့အယူအဆကို မယုံကြည်သော်လည်း မိမိရဲ့စိတ် မိမိသန့်ရှင်းစေရန်အတွက် လိုက်နာထိမ်းသိမ်းသင့်ပါကြောင်းတင်ပြလိုက်ရပါသည်၊
Post writer=@yuzana(shineshine)
MSC=146
Good
Posted using Partiko Android
ရှေးထုံးလည်း ပယ်မရဆိုသလိုပေါ့ ဦးယုရေ
Posted using Partiko Android
တော်ကျွတ်မုန်း ရှေ့
နတ်ပြာတွဲ တောင်
ပေါင်းခူးဆုံ နောက်
လဝါဝါ မြောက်
Posted using Partiko Android
Congratulations! This post has been upvoted from the communal account, @minnowsupport, by gmyanmar from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.
If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.
ပညာရပ်တွေက မသိတော့ နားလည်ဘို့ ခက်တယ်။
You got a 25.00% upvote from @sleeplesswhale courtesy of @yuzana!
ရွက်ဆုတ်ပြက္ခဒိန်ဝယ်ရင် ပါလာပေမယ့် မကြည့်တတ်ပါဘူးဗျာ
Posted using Partiko Android
This post has received a 14.29% upvote from
thanks to: @yuzana.
For more information, click here!!!!
Send minimum 0.010 SBD|STEEM to bid for votes.
Do you know, you can also earn daily passive income simply by delegating your Steem Power to @minnowhelper by clicking following links: 10SP, 100SP, 500SP, 1000SP or Another amount